၂၁ ရာစုပင်လုံညီလာခံအား ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်စနစ် ရှုဒေါင့်မှသုံးသပ်ခြင်း



မြန်မာတွင် ဆိုရိုးစကား နှစ်ခုရှိသည်။ တခုမှာ "မြှော်လင့်တုံး ကျော့ဆုံးလာချေပြီ ။" ဟူ၍ဖြစ်သည် ။ မိမိမြှော်
လင့်စောင့်စားနေသော ချစ်သူ ရောက်ရှိလာပြီ ဟူ၍လည်းကောင်း ၊ မြှော်လင့်သည့် အတိုင်းဖြစ်လာပြီ ဟူ၍လည်း
ကောင်း ၀မ်းမြောက်စွာရည်ညွှန်းသည့် သဘောကို ဆိုလိုသည် ။ အခြားတခုမှာ " တိမ်ကြားမင်းခေါင် က ငှက်ပျောတော
ထဲက ထွက်လာတယ် ။" ဟူ၍ ဖြစ်သည်။ တိုင်းပြည်ကိုအုပ်စိုးမည့် မင်းလောင်းသည် ကောင်းကင်မှနေ၍ တိမ်ကိုစီးကာ ထွက်ပေါ်လာလိမ့်မည်ဟု ပြည်သူလူထုကမြှော်လင့်စောင့်စားနေခဲ့ကြသည် ။ လက်တွေ့ တွင်မူမင်းလောင်းသည်မြေပြင်
ငှက်ပျောတော ထဲမှနေကာ လေးဘက်ထောက်ပြီး ထွက်လာခဲ့သည် ။ ထိုအခါ ပြည်သူလူထု၏ စိတ်ပျက်မှုကို ဖေါ်ကျူး
သည့် သဘောဆောင်သည် ။


၂၁ ရာစု ပင်လုံညီလာခံသည် "မြှော်လင့်တုံး ကျော့ဆုံးလာခြင်း" ဖြစ်သလား ၊ " တိမ်ကြားမင်းခေါင် " ဇာတ်ခင်း
နေခြင်း ဖြစ်သလားဟူသည်ကို ငြိမ်းချမ်းရေး နှင့် ဖက်ဒရယ်စနစ်ရှုဒေါင့်မှ သုံးသပ်ရပါမည် ။
ပြည်ထောင်စု တည်ဆောက်ရေးအတွက် အဖိုအနဂ္ဃထိုက်တန်သည့် "ပင်လုံ" ဟူသော အမည်ကို အဘယ်
ကြောင့် ဒုတိယအကြိမ်ထပ်သုံးကာ ညီလာခံကျင်းပရပြန်သနည်း။ လူ့ အဖွဲ့ အစည်းကို အုတ်မြစ်ချသည့် စာချုပ်သည် တခုတည်းသာ ရှိရပါမည် ။ သာဓကအားဖြင့် ကမ္ဘာ့ ငြိမ်းချမ်းရေးကို တည်ဆောက်ရန် ဦးတည်ချုပ်ဆိုသော ကုလသမဂ္ဂ ပဋိဉာဉ်စာတမ်း[1] ကိုကြည့်ပါ ။ ယင်း၏ ဝေါဟာရများကို နားမလည်သေး၊ မရှင်းသေးလျှင် အစည်းအဝေး အမြောက်
အများကျင်းပကာ အဓိပ္ပါယ်ဖွင့်ဆိုခြင်း အမျိုးမျိုးပြုနိုင်သည်။ သို့ ရာတွင် ကုလသမဂ္ဂ ပဋိဉာဉ် စာတမ်း ဟူသောအမည်
ဖြင့် ပထမ စာချုပ်ကြီးတည်ရှိနေသမျှ ဒုတိယ စာချုပ်ချုပ်ဆို၍ မရနိုင်ပါ ။


ဆွစ်ဇာလန် အား ပြည်နယ်[2] သုံးခု တို့ စုပေါင်းကာ ပြည်ထောင်စု နိုင်ငံအဖြစ် စတင် တည်ထောင်ခဲ့သည့် ဖက်ဒရယ်စာချုပ် (Federal Charter) ကို ၁၂၉၁ ခုနှစ်တွင် ချုပ်ဆိုခဲ့သည်။ အလားတူ အမည်ဖြင့် ထပ်မံ၍ ညီလာခံ
ခေါ်ယူခြင်း၊ စာချုပ်သစ် ချုပ်ဆိုခြင်းတို့ မပြုသလို၊ မူရင်းစာချုပ်ကို ဖျက်သိမ်းခြင်း၊ ပြင်ဆင်ခြင်းလည်း မပြုခဲ့ပါ။ ဆွစ်ဇာလန်နိုင်ငံတွင် ပြည်ထောင်စုဆိုင်ရာ နောက်ထပ်ချုပ်ဆိုသော စာချုပ်များသည် ဆက်စပ်မှုရှိသော်လည်း အကြောင်းအရာ အသစ်များ၊ ခေါင်းစဉ်အသစ်များ ဖြစ်သည်။ မူရင်းအမည်ကို ထပ်မံသုံးစွဲကာ စာချုပ်ချုပ်ဆိုခြင်းမပြု။ သမိုင်း၏ အမွေအနှစ်ဖြစ်သော ဖက်ဒရယ်စာချုပ် သည် တခုတည်းအနေဖြင့် အမည်ရော အနှစ်သာရပါ မူရင်းအတိုင်း
ပင်ရှိနေဆဲဖြစ်သည် ။


မလေးရှားနိုင်ငံ၏ အတွေ့ အကြုံသည်လည်း အလားတူဖြစ်သည်။ ၁၉၆၃ ခုနှစ်တွင် မလေးယား၊ ဆားဘား၊ ဆားရဝပ် နှင့် စင်္ကာပူ တို့ ပူးပေါင်းပြီး မလေးရှားသဘောတူညီချက်[3] ကို ချုပ်ဆိုကာ မလေးရှားဖက်ဒရယ်နိုင်ငံတည် ဆောက်လာခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် စင်္ကာပူက ခွဲထွက်သွားခဲ့သည်။ သို့ ရာတွင် မလေးရှားသဘောတူညီချက်သည် ထိုအတိုင်းပင် ဆက်ရှိနေသည်။ ကျန်သည့်ပြည်နယ်နှစ်ခုဖြစ်သော ဆားဘား နှင့် ဆားရဝပ် တို့ သည် ၄င်းတို့ အခွင့် အရေး နစ်နာဆုံးရှုံးသည်ဟု ယူဆသည့်အခါအတိုင်း မလေးရှားသဘောတူညီချက် ကို ကိုးကားကာ ဗဟိုအစိုးရကို အရေးဆိုလေ့ရှိသည်။ သို့ ရာတွင် အလားတူ အမည်ဖြင့် ထပ်မံ၍ ညီလာခံခေါ်ယူခြင်း၊ စာချုပ်သစ် ချုပ်ဆိုခြင်းတို့ မပြု
သလို၊ မူရင်းစာချုပ်ကို ဖျက်သိမ်းခြင်း၊ ပြင်ဆင်ခြင်းလည်း မပြုခဲ့ပါ။


"ပင်လုံစာချုပ်" သည် မြန်မာနိုင်ငံ၏ ပြည်ထောင်စုတည်ဆောက်ရေးအတွက် တခုတည်းသော အခိုင်အမာ
စာချုပ်ကြီး ဖြစ်သည်။ ယနေ့ အချိန်အထိ ဥပဒေကြောင်းအရ တရားဝင်အတည်ဖြစ်လျှက်ရှိသည်။ မည်သူမျှ ငြင်း၍မရ။ "ပင်လုံစာချုပ်" တွင် ဖေါ်ပြထားသောဝေါဟာရများအား နားမလည်သေးလျှင်၊ မရှင်းသေးလျှင် အဓိပ္ပါယ်ဖွင့်ဆိုခြင်းများ အမျိုးမျိုးပြုနိုင်သည်။ သို့ ရာတွင် "ပင်လုံစာချုပ်" ဟူသော အမည်ဖြင့် ပထမ စာချုပ်ကြီးတည်ရှိနေသမျှ "ပင်လုံ" ဟူသော အမည်ကို ထပ်မံသုံးစွဲကာ မည်သူဖြစ်စေ၊ မည်သည့်အဖွဲ့ အစည်းဖြစ်စေ၊နောက်ထပ်စာချုပ်တရပ်ချုပ်ဆိုရန်၊ သဘောတူညီချက်များ ပေါ်ထွက်လာရန် ကြိုးပမ်းခွင့်မရှိ။ ပင်လုံအမည်ကိုသုံးကာ ဒုတိယ စာချုပ်ချုပ်ဆိုခြင်းမျိုး မပြုသင့်။
ပင်လုံဟူသောအမည်ဖြင့် နောက်ထပ်ညီလာခံတရပ်ကျင်းပရန်အားထုတ် ခြင်းမှာမြန်မာနိုင်ငံပြည်ထောင်စု
တည်ဆောက်ရေးအတွက်

Download File: Peace Analysis 20




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates