လင်းခေးခရိုင် လင်းခေးမြို့လယ်ခေါင် ပရိယတ္တိစာသင်တိုက်ကြီးမီးလောင်
သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် လင်းခေးမြို့နယ် မြို့လယ်ခေါင်ရှိ ပရိယတ္တိစာသင်တိုက်ကြီါးယာရှော့ခ်ဖြစ်ပြီး မီးလောင်မှုကြောင့် ကျောင်းဆောင်တခုလုံးပြာကျဆုံးရှုံးခဲ့ရသည် ။
![]() |
လင်းခေးမြို့ ပရိယ္တတိစာသင်တိုက်ကြီးမီးလောင်နေစဉ် |
“ ည ၉ နာရီ မိနစ် ၅၀ ကမီးစလောင်တယ် ။ ည ၁၁ ခွဲလောက်မှမီးညွန့်ကျိုးတယ် ။ မီးသတ်ကား ၃ စီးလည်း မနိုင်ဘူး ။
ကျနော်တို့မြို့ခံလူငယ်တွေလည်းသွားဝိုင်းသတ်တယ် ။ မီးကူးတာတအားမြန်တယ်။ ကျွန်းသစ်ကျောင်းဆောင်ကြီးလေ ။ ခုတော့ ပြာကျကုန်ပြီ ။” - ဟု မီးငြိမ်းသတ်ရာမှ ပြန်လာသူ စိုင်းသီဟ ကပြောသည် ။
အဆိုပါကျောင်းဆောင်ကြီး မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးကျပ်သိန်းပေါင်း ၂၀၀၀ ၀န်းကျင်ခန့်ရှိမည်ဟု ခန့်မှန်းရကြောင်း ၊ လူသူထိခိုက်ဒဏ်ရာရခြင်း အိုးအိမ်များသို့မီးကူးစက်ခြင်းတော့မရှိကြောင်း မြို့ခံ ဦးစိုင်းကလည်းပြောဆိုသည် ။
အဆိုပါကျောင်းဆောင်ကြီးသက်တမ်းမှာ နှစ် ၅၀ ၀န်းကျင်ခန့်ရှိပြီး ကျောင်းဆောင်အတွင်း ရှေးဟောင်းဘုရားဆင်းထုတော်များ အများအပြားရှိကြောင်း ၊ ထို့အပြင် ကျောင်းရိက္ခာဖြစ်သော ဆွမ်းဆန်စိမ်းများ ဆီဆားများလည်းအဆိုပါကျောင်းဆောင်တွင်သိုလှောင်သိမ်းဆည်းကြောင်း ၊ အဆိုပါကျောင်းဆောင်တွင် လပြည့်လကွယ်ဥပုတ်နေ့တိုင်း ရွာသူရွာသားများ တရားနာ ဥပုတ်စောင့်မှုများပြုကြကြောင်း မြို့ခံ စိုင်းနီ ကလည်းပြောပါသည် ။
“ လင်းခေးမြို့က ပူပြင်းခြောက်သွေ့တဲ့ရာသီဥတုရှိတာကြောင့် မီးလောင်လွယ်တယ်။ ၁၉၉၅ ခုနှစ်လောက်တုန်းက မီးအကြီးအကျယ်လောင်ခဲ့ဖူးတယ် ။ ဒေသခံတွေကအဲတာကိုသင်ခန်းစာရထားတော့ မီးဟေ့ ဆိုရင်လန့်ကြတယ် ။” - ဟုပြောဆိုသည် ။
အဆိုပါ မီးဒဏ်သင့် မဟာဝိဟာရကျောင်းကြီးကျောင်းတွင် လက်ရှိ ဆရာတော်သံဃာတော်နှင့် စာသင်ကိုယ်ရင်ငယ်စုစုပေါင်းအပါး ၆၀ ၀န်းကျင်ရှိကြောင်း ၊ လင်းခေးမြို့တွင်းရှိ မြို့ဦး ရပ်ကွက် (၀မ့်လွယ်) ၊ ကွက်သစ်ရပ်ကွက်၊ ဈေးတန်းရပ်ကွက် ၊ မြို့မ (၀မ့်လုံ) အရှေ့ရပ် ၊ အနောက်ရပ် မှဒေသခံများ ကျောင်းတက်အလှူပြုသည့် ကျောင်းဖြစ်ကြောင်း ၊ လင်းခေးမြို့မဈေးကြီးနှင့်မျက်နာချင်းဆိုင်ရှိ မြို့လယ်ခေါင်ကျသည့် ကျောင်းတကျောင်းဖြစ်ကြောင်းသိရပါသည် ။
Tags: General, News