ပင်လုံမြို့၌ကျင်းပမည့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များညီလာခံတက်ရောက်ဖို့ သျှမ်းပြည်နယ်ဝန်ကြီးချုပ် အပါအဝင် တိုင်းရင်းသားခေါင်းဆောင်ကြီးများအားဖိတ်ကြားထား
![]() |
ပြည်ထောင်စု တိုင်းရင်းသား လူငယ်ကိုယ်စားလှယ်များ၏ ပထမအကြိမ် ဖက်ဒရယ်အရေး နှင့် ငြိမ်းချမ်းရေး အရေး ဆိုင်ရာညီလာခံဖိတ်ကြားစာ |
အဆိုပါ ညီလာခံကို ဂျူလိုင်၂၇ မှ ၃၁ ရက်နေ့ထိ ၄ ရက်ကြာကျင်းပပြုလုပ်မည်ဖြစ်သည် ။
" သျှမ်းပြည်နယ်အစိုးရကိုဖိတ်တယ် ။ တက်ရောက်မိန့်ခွန်းချွေဖို့ ၀န်ကြီးချုပ်ကို သီးသန့်ဖိတ်တယ် ။ ဒါပေမယ့် တက်မယ်မတက်ဘူးဆိုတာ မသေချာသေးဘူး ။ တက်ဖို့သေချာတာကတော့ သျှမ်းပြည်နယ် အတွင်း တိုင်းရင်းသားရေးရာဝန်ကြီး ၇ ပါးလုံး က တက်ရောက်မယ်လို့ပြောတယ် "- ဟု လူငယ်ညီလာ ခံဖြစ်မြောက်ရေး ကော်မတီဝင် စိုင်းအောင်မြင့်ဦးကပြောသည် ။
အဆိုပါညီလာခံအား မြန်မာနိုင်ငံဒေသ အသီးသီးရှိ တိုင်းရင်းသား လူငယ် အင်အား ၆၀၀ နီးပါးတက် ရောက် မည်ဖြစ်ပြီး ညီလာခံ ဖွင့်ပွဲနေ့ အခမ်း အနားသို့ သျှမ်းပြည်နယ်အစိုးရအပြင် အမျိုးသား လွှတ် တော် ဒုတိယဥက္ကဌ ဦးအေးသာအောင် ၊ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ခွန်ထွန်းဦး နှင့် PNLO ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် နာယက ခွန်ဥက္ကာ တို့ကိုလည်း ဖိတ်ကြားထားကြောင်း သိရသည် ။
![]() |
လူငယ်ညီလာ ခံဖြစ်မြောက်ရေး ကော်မတီဝင် စိုင်းအောင်မြင့်ဦး |
အဆိုပါ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များညီလာခံတွင် ဖက်ဒရယ်အရေး နှင့် ငြိမ်းချမ်းရေး ကို အဓိက ဆွေးနွေးမည်ဖြစ်ပြီး တိုင်းရင်းသားဒေသတွင် ကြုံတွေ့နေရသည့် အခက်အခဲများ ယဉ်ကျေးမှု ဓလေ့ထုံတမ်းများ စသည်တို့ကို ညီလာခံတွင် စာတမ်းပြုစုကာ မှတ်တမ်းတင်သွားမည်ဟု တိုင်းရင်း သား ညီလာခံ ဖြစ်မြောက်ရေး ကော်မတီအဖွဲ့မှ ဘဏ္ဍာရေးနှင့် အထွေထွေတာဝန်ခံ စိုင်းအောင်မြင့်ဦး ကပြောသည် ။
“ လူငယ်တွေ နိုင်ငံရေးမှာ စိတ်ဝင်စားလာပြီး စုပေါင်းလှုပ်ရှားလာတာ ဝမ်းသာပါတယ် ။ ဒါပေမယ့် နားလည်ထား ရမှာက ၂၁ ရာစု ပင်လုံညီလာခံဆိုတာ ၁၉၄၇ ပင်လုံညီလာခံကို လွှမ်းမိုးသွား မယ် ဆိုရင် တော့ အကျိုးရှိမှာ မဟုတ်ဘူး ။ ၁၉၄၇ ပင်လုံကတိကို အကောင်အထည်ဖော်မယ့် ညီလာခံ ဖြစ်လာ ဖို့အတွက် စုပေါင်းကြိုးစား ရမယ် ။ ဒါမှ စစ်မှန်တဲ့ ပြည်ထောင်စုကို ထူထောင်နိုင်မယ်လို့ ပြောချင် ပါတယ် ” ဟု သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ် ကပြောသည် ။
တိုင်းရင်းသား လူငယ်များ စုံညီပြီး စည်းစည်းလုံးလုံး နှင့် မိမိဒေသကို ဖော်ဆောင်ပြီး တက်ရောက်မည့် လူငယ် များအားလုံးသည် နောင်အနာဂတ်တွင် လူကြီးများ၏ ခြေရာဆက်ခံရန်အတွက် ပြည်ထောင်စု ၏ အနှစ်သာရကို ဖော်ဆောင်ရန်အတွက် ရည်ရွယ်ပြီး ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း စိုင်းအောင်မြင့်ဦး ကပြောသည် ။
ပင်လုံမြို့တွင်ကျင်းပမည့် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသား လူငယ် ညီလာခံသည် တိုင်းရင်းသား အခြေပြုပြီး ပြုလုပ်သည့် ပထမဦးဆုံးသော ညီလာခံ ဖြစ်သကဲ့သို့ ပြည်ထောင်စု၏ အဓိကနှင့် အဇစ် အမြစ် ပင်လုံကို အခြေခံသော လူငယ်တိုင်းရင်းသားများ ဦးစီးဦးဆောင် ကျင်းပသော ညီလာခံဖြစ် ကြောင်းသိရပါသည် ။
မြန်မာနိုင်ငံလုံးဆိုင်ရာတိုင်းရင်းသားလူငယ်များအဖွဲ့ကို ၂၀၁၂ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သည် ။ ထိုနောက်ပိုင်း ညီလာခံဖြစ်မြောက်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုများ ၊ နှီးနှေားဖလှယ်ပွဲများ ကို အကြိမ်ကြိမ် ကျင်းပကာ ၂၀၁၄ ခုနှစ်အောက်တိုဘာလတွင် တိုင်းရင်းသားလူငယ်ကိုယ်စားလှယ်အဖွဲ့မှ ၃၈ ဦးပါဝင်သော ညီလာခံကြီးဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းခဲ့ပါသည် ။
Tags: News, politic