ခလရ ၉ တပ် အနီး ဒေသခံ၂ ဦးသေဆုံးရသည့်အမှုမှန်ဖေါ်ထုတ်ပေးပါရန်



သို့ - သျှမ်းသံတော်ဆင့် အယ်ဒီတာမှတဆင့် ဆိုင်ရာအာဏာပိုင်များသို့

ခလရ ၉ တပ် အနီး ဒေသခံ နှစ် ဦးသေဆုံးရသည့် အမှုမှန်ဖေါ်ထုတ်ပေးပါရန်ကိစ္စ လဲချားမြို့နယ် ၊ စလိုင်းခုမ်အုပ်စု ၊ စလိုင်းလွိုင်ရွာနေ စိုင်းရွှေခမ်း (၄၂) နှစ်နှင့် စိုင်းပညာ (၂၈) နှစ် တို့သည် (၂၄-၁၂-၂၀၁၅) ရက်နေ့ ကျေးသီးမြို့သို့လာလည်ရင်း အပြန်တွင် ဆိုင်ကယ်အသစ် (၁၂၅ အမျိုးအစား) တ ယောက် တစီးဝယ်ကာ ကျေးသီးမြို့မှ ညနေ (၀၄းဝဝ)နာရီခန့်တွင် စလိုင်းခုမ်သို့ပြန်သွားသည်ဟု သိရပါ သည် ။  ၄င်းတို့ နှစ်ယောက်သည် ကျေးသီး - မိုင်းနန်း - မိုင်းနောင် မရောက်ခင် လွိုင်နော်တောလမ်းမှစလိုင်းသို့ သွားသည့်လမ်းမှပြန်ကြောင်း သိရှိရပါသည် ။


သို့သော် ၄င်းတို့နှစ်ဦးသည် နေအိမ်သို့ပြန်မရောက်ပဲ လမ်းတွင်ပျောက်ဆုံးခဲ့သည်ဟု သိရှိရသည် ။ ထို အချိန်တွင် မိုင်းနောင်ဒေသအနီးတဝိုက်တွင် အခြေအနေများ မငြိမ်မသက်ဖြစ်နေသောအချိန်ဖြစ်နေပြီး မြန်မာ့တပ်မတော်နှင့်ရှမ်းပြည်တိုးတက်ရေးပါတီ (၀မ်ဟိုင်းတပ်) နှင့် တိုက်ပွဲဖြစ်ပြီး ငြိမ်သက်ကာစ အချိန်ဖြစ် ပါသည်။ မိုင်းနောင်မြို့တွင် သွားရောက်စုံစမ်းသော်လည်း အဆိုပါနှစ်ဦးကို မတွေ့ကြောင်းသာ သတင်းရရှိခဲ့သည် ။


၎င်းလမ်းတွင်လိုင်းဆွဲနေသော ကားသမားတစ်ဦးမှနေ၍ စလိုင်းခုံကျေးရွာရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ရပ်နားရင်း (မိုင်းနောင်တပ်မှာ စလိုင်းရွာသားနှစ်ဦးရှိတယ် သွားရောက်ခေါ်ယူကြရန် မှာလာကြောင်း) ဆိုတဲ့ သတင်းကြားရသည့်အတွက်ကြောင့် မိုင်းနောင်တပ်စခန်းသို့ သွားရောက်စုံစမ်းခဲ့သော်လည်း ရွာသားများမှာ လည်းကားသမား၏နာမည်နှင့်ကားနံပါတ်များ မှတ်ထားခြင်းမရှိသဖြင့် သက်သေအထောက်ထားပြ စရာမ ရှိဖြစ်ပြီး အဖြေမရရှိခဲ့ပါ။ ဒီလိုနှင့်ဆက်လက်စုံစမ်းခဲ့သော်လည်း သတင်းအစအနများ ပျောက်ဆုံးနေပြီး လွိုင်နော်နားတွင် စစ်ကြောင်းတစ်ကြောင်းနှင့်တွေ့ပြီး ဖမ်းဆီးခေါ်ဆောင်သွားသည်ဟူသည့် ထင်မြင်ချက် သာရရှိခဲ့ပြီး တိကျခိုင်လုံသည့်အဖြေမရဘဲ ပျောက်ဆုံးလျှက်ရှိသည် ။


သို့ရာတွင် ၁၆-၅-၂၀၁၆ ရက်နေ့ခန့် မိုင်းကောင်ရွာ ဘုန်းကြီးကျောင်း အလှူပွဲလာသော စလိုင်းခုမ်ရွာမှ ဒကာ/ဒကာမများ၊ ဘုန်းတော်ကြီးများ၊ ဦးပဉ္စင်းများ အလှူမှအပြန် မိုင်းနောင်လမ်းခွဲမရောက်ခင် ခလရ(၉) တပ်စခန်းနှင့် မနီးမဝေးတွင် အပေါ့သွားရန် ကားရပ်ပြီး တောထဲဝင်သွားရာ လူအရိုးခေါင်း၊ အရိုးစုများ ၊    အကျ င်္ီများ၊ ဖိနပ်များ၊ အပေါ်ထပ်သားရေအကျ င်္ီ၊ မိုးကာအကျ င်္ီများ တွေ့ရှိခဲ့သည် ။


၎င်းတွေ့ရှိချက်အပေါ် လိုက်စုံစမ်းရာ ထိုအင်္ကျီနှစ်ထည်မှာ စိုင်းရွှေခမ်းနှင့်စိုင်းပညာတို့၏အကျ င်္ီများဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။
ဤကဲ့သို့အရပ်သားနှစ်ဦး ပျောက်ဆုံးခြင်း၊ ၄င်းတို့အပေါ်ဝတ်အကျ င်္ီများ၊ အရိုးစုများ တွေ့ရှိခြင်းတို့ကြောင့် သူတို့နှစ်ဦးမှာအမှန်တကယ်သေဆုံးသွားပြီဟု ကောက်ချက် ချကြပါသည်။


 ဥပဒေသည် တိုင်းရင်းသား ဒေသ များတွင် စိုးမိုးမှုမရှိ သက်ရောက်မှုမရှိဆိုသည့်သဘောပေလား၊ လူတစ်ဦးတယောက်၏အသက်သည် ဒီလို နည်းလမ်းဖြင့် အဆုံးသတ်လိုက်သည်မှာ အလွန်တရာကြေကွဲဖွယ် ၊ ၀မ်းနည်းဖွယ် ဖြစ်နေရသည်။ စားဝတ်နေ ရေးအတွက် သွားလာလှုပ်ရှားနေသော ပြည်သူတို့၏ဘဝ လုံခြုံမှု ဘယ်မှာ ရှိမည်နည်း။


ဤကဲ့သို့ အကြောင်းမဲ့၊ အပြစ်မဲ့အရပ်သား ဌာနေတိုင်းရင်းသားများ သေဆုံးရခြင်းမှာ မည်သူ၏ လက်ချက်ဖြစ် မည်နည်း။  အဘယ်ကြောင့် (မိုင်းနောင်-ကျေးသီးလမ်းခွဲမှာရှိတဲ့) ခလရ(၉) မြန်မာ့တပ်မတော်၏တပ်များနှင့် မနီးမဝေး ကိုက် ၁၀၀ လောက်သာဝေး သောတောထဲတွင် အလောင်းများ တွေ့ရှိရပါသလဲ။ အဖြေရှာမရဖြစ်နေပါသည် ။


ကျေးသီးဒေသခံ




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates