သံလွင်မြစ်အား ရောင်းစားခြင်းမပြုဖို့ရန် အစိုးရအား လူမှုအခြေပြုသျှမ်းအဖွဲ့အစည်းများပြော



သံလွင်မြစ်သည် ရောင်းချဖို့မဟုတ် Salween River, Not for sale ဟူ သည့် ကြေငြာ ချက်တစောင် ထုတ်ပြန် ပြီး သတင်းစာရှင်းလင်းပွဲတရပ်ကိုပါ သျှမ်းလူမှုအဖွဲ့အစည်းများက ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်  ပြုလုပ်ခဲ့ သည် ။

ဘန်ကောက်မြို့တွင်ကျင်းပသော လူမှုအခြေပြု သျှမ်းအဖွဲ့အစည်းများ၏ သတင်းစာရှင်းလင်းပွဲ

သတင်းစာရှင်းလင်းပွဲကို သြဂတ်စ်လ ၂၃ ရက်တွင် ပြုလုပ်ရာ - သံလွင်မြစ်ပေါ် တွင် တည်ေ ဆာက် မည့်ဆည် မှာ ဒေသခံလူထုအပေါ်ကောင်းကျိုးမရှိ၊ တည်ဆောက်မှုအားေ ဒသခံလူထုမှဆန့်ကျင်ကန့်ကွက်သည့်ကြား စီမံကိန်းများ ဆက်လက်အကောင် အထည်ဖေါ်ခွင့်ပြုလိုက်သည်မှာ  ဒေါ်အောင် ဆန်း စုကြည် မှဦးဆောင်သော NLD ပါတီအစိုးရသည် လူထုအားလျစ်လျူရှိနေကြာင်း ရှင်းလင်းပြောပြခဲ့သည် ။


သျှမ်းပြည်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ပြောခွင့်ရလည်းဖြစ် သတင်းစာရှင်းလင်းပွဲ မှပြောရေးဆိုခွင့် ရှိသူ လည်းဖြစ်တဲ့စိုင်းခေးဆိုင်က-  လက်ရှိအစိုးရဟာ သံလွင်မြစ်ပေါ်ရေကာတာတည်ဆောက်ရေး စီမံကိန်း ကို ထောက်ခံအားပေးနေသလို ဒေသခံလူထုရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကိုလည်း စိတ်မဝင်စားဘူး - ဟု ထောက်ပြပြောဆိုသည် ။  


ဧရာဝတီ မြစ်ဆုံစီမံကိန်းကို လူထုက အာရုံစိုက်နေချိန်မှာ အစိုးရက သံလွင်မြစ်ေ ပါ် ရေကာ တာတည်ဆောက် ပြီး တရုတ်နိုင်ငံကိုလျှပ်စစ်ဓါတ်အားရောင်း ချဖို့ ခေါင်းလှည့်ပြင်ဆင်တာဟာ လုံးဝ မဖြစ်သင့်တဲ့အရာ ဖြစ်ပါ တယ် - ဟု စိုင်းခေးဆိုင်က ပြောသည် ။


၎င်းတို့၏ ထုတ်ပြန်ကြေငြာချက်တွင်  Australian company တခုဖြစ်သော Snowy Mountains Engineering Corporation-SMEC မှ EIA/SIA များ စစ်တမ်းကောက်ယူရာတွင်လည်း ပွင့်လင်းမြင်သာမှု မရှိကြောင်း၊ ထိုသို့ပြုရခြင်း မှာ ဒေသခံလူထု၏ ဆန့်ကျင်ကန့်ကွက်မှုမှရှောင်ရှား လိုခြင်း ဖြစ်ကြောင်း၊ ဥပမာ ယမန်နှစ်က မိုင်းတုံမြို့နယ်တွင်ပြုလုပ်သကဲ့သို့ကြုံရမည်မလွဲဖြစ်ကြောင်း၊ ယခုလ ၅ ရက်နေ့တုန်းကလည်း တန့်ယန်းမြို့တွင် လူထု ၂၀၀ ခန့် သံလွင်မြစ်ပေါ်ကေ ရကာတာ စီမံကိန်းကြီးကိုဆန့်ကျင်ကန့်ကွက် ဆန္ဒပြ သကဲ့သို့ ၂၁ ရက်နေ့က လည်း  ဟိုပန်၊ကွန်လုံ၊ တန့်ယန်း၊ သိန္နီ နှင့် လားရှိုးမြို့ခံများ၊ သျှမ်းနိုင်ငံရေးပါ တီဝင် များက သံလွင်မြစ်ပေါ်ကရေကာတာတည်ဆောက်ေ ရးစီမံကိန်း ကိုဆန့်ကျင်ကန့်ကွက်ကြောင်း သိန္နီမြို့တွင် ဆန္နပြခဲ့သည်ဟုပါရှိပါသည် ။


သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် အပြည်ပြည်ဆိုင် ရာမြစ်ေ ချာင်းများအဖွဲ့တွင်အလုပ်လုပ် ကိုင်နေသော (ဒေါ်) မစ်ဖိန်းဖောင်း ဒီးထိတ် က - ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက ထိုင်းအစိုးရသည် သံလွင်မြစ်ေ ပ်ါရေကာတာတည်ဆောက်ရေး ရေအားလျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းကြီးများပြုလုပ်ရန် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိ ထိုင်းအစိုးရ သည်လည်း လက်ရှိ မြန်မာအစိုးရနှင့် မိတ်ဖွဲ့ကာ ရေကာတာဆက်လက်တည်ဆောက်သွားရန် စီစဉ်နေကြောင်းပြောဆိုသည် ။


သံလွင်မြစ်ပေါ်မှာ ရေကာတာကြီးတည်ဆောက်ခဲ့မယ်ဆိုရင် သံလွင်မြစ်ဝှမ်းက သျှမ်းပြည် ဒေသခံပြည်သူ လူထု ၁ သန်းဝန်းကျင်ဟာ ထိုင်းနိုင်ငံကိုထွက်ပြေးပြီး ၀မ်းစာအတွက်ရုန်းကန်ရမှာမလွဲဘူး။ သူတို့ကိုရေလွှမ်း မယ်လေ။ သဘာဝပ တ်ဝန်း ကျင်တွေလည်း အများကြီးပျက်စီးဆုံးရှုံးမယ်။ လူ့အခွင့်အရေးချိုးေ ဖာက် မှု တွေရှိ မယ်။ ပြီးခဲ့တဲ့ နှစ် ၂၀ လောက်တုန်းကလည်း စစ်အစိုးရရဲ့ အဓမ္မ နေ ရာပြောင်းရွှေ့ခိုင်းမှုကြောင့် သျှမ်းပြည်သူ လူထု သိန်းနဲ့ချီပြီးထိုင်းနိုင်ငံ ကို ထွက်ပြေးတိမ်းရှောင်ကြရတယ်။ ဒီလူတွေဟာ   ရေကာတာတည်ဆောက်ပြီး ရင်နေရပ်ရင်းကိုပြန်နိုင်ကြတော့မှာမဟုတ်တော့ဘူး။ သူတို့နေရပ် ကို ရေလွှမ်း မယ်လေ။ ဆိုတော့ ထိုင်းနိုင်ငံမှာ ဘဲ တသက်လုံးနေသွားရတော့မယ့်အခြေ အနေပေါ့- ဟု မစ်ဖိန်းဖောင်းပြောသည် ။
 

လက်နက်ကိုင်အဖွဲ့အစည်းအများအပြားရှိသဖြင့် ရေကာတာ စီမံကိန်းတဝိုက် တွင်တိုက်ပွဲများ ဖြစ်ပွါးမည်မှာမလွဲဖြစ်ကြောင်း၊ တဖက်တွင်လည်း သဘာဝဘေး၊ ငလျင်လှုပ်ခတ်သည့်ဘေး မှရရှိမည့်အကျိုးဆက်များအတွက်လည်း စိုးရိမ်ပူပန်ရကြောင်း  သျှမ်းလူမှုအဖွဲ့အစည်းက ထောက်ပြသည် ။


ယခုလ သြဂတ်စ်လ ၁၈ ရက်နေ့ကလည်း လူမှုအခြေပြု သျှမ်းအဖွဲ့အစည်း ၂၆ ဖွဲ့ကစုပေါင်းကာ သံလွင်မြစ်ပေါ်ရေကာတာတည်ဆောက်ရေးစီမံကိန်း များအားပြန်လည်စီစစ်ပေးရန် တရုတ်အစိုးရထံတင်ပြပေးဖို့ ဒေါ်အောင်ဆန်း စုကြည်အားအိတ်ဖွင့်ပေးစာတစောင်ပေးပို့ခဲ့သည် ။


သံလွင်မြစ်ပေါ်ရေကာတာတည်ဆောက်ရေးစီမံကိန်းကြီး ၆ ခုရှိသည် ။


၎င်းတို့မှာ ၁ - မိုင်းတုံမြို့နယ်အတွင်း တာ့ဆန်းရေကာတာခေါ် အထက်မိုင်းတုံရေ အား လျှပ်စစ်စီမံကိန်း ( လျှပ်စစ်ဓါတ်အားထုတ်လုပ်မှု ရ၁၀၀  မီဂါဝပ် )  ၂-  ကွန်လုံမြို့နယ် ကွန်လုံရေတာကာ  (လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှု  ၁၄၀၀ မီဂါဝပ်) ၃- တန့်ယန်းမြို့နယ်  နောင်ဖှ ရေကာတာ (လျှပ်စစ်ဓါတ်အားထုတ်လုပ်မှု ၁၂၀၀ မီဂါဝပ်) ၄- မန်တုံမြို့နယ် မန့်တောင်းရေကာတာ(လျှပ်စစ်ဓါတ်အား ထုတ် လုပ်မှု ၂၀၀ မီဂါဝပ်)  ၅- ကယားပြည်နယ် ရွာသစ်ရေကာတာ (လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှု ၄၀၀၀ မီဂါဝပ်) နှင့် ၆-ကရင်ပြည်နယ် ဟတ်ကြီးရေကာတာ (လျှပ်စစ်ဓါတ်အားထုတ်လုပ်မှု ၁၃၆၀ မီဂါဝပ်) တို့ဖြစ်ပါသည် ။





 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates