အိန္ဒိယနယ်စပ်က သျှမ်းနွယ်ဖွားညီအကိုများ အရှေ့ခြမ်းရှိ သျှမ်းတောင်တန်းေ ဒသသို့ ချစ်ကြည်ရေးခရီးရောက်ရှိ



သျှမ်းပြည်ဖွားညီကိုမောင်နှမများအားလည်ပတ်ရန် တောင်တန်းဒေသအားလေ့လာရန် နှင့် သျှမ်း သမိုင်းလေ့ လာရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်ရှိ သျှမ်းစာပေယဉ်ကျေးမှု အဖွဲ့က သျှမ်းပြည်တောင် ပိုင်း တောင်ကြီးမြို့သို့ ရောက်ရှိပြီး ချစ်ခင်ရင်းနှီးမှုရယူခဲ့သည် ။


ဦးစိုင်းစံမောင် ဦးဆောင်သော စစ်ကိုင်းတိုင်းဒေသကြီးမှ သျှမ်းစာပေ ယဉ်ကျေးမှုအဖွဲ့ အင်အား ၂၀ ကျော် သည် သြဂတ်စ် ၂၀ ရက်နေ့ က တောင်ကြီး ယဉ်ကျေးမှုအဖွဲ့ နှင့် သျှမ်းစာပေယဉ်ကျေးမှု ခန်းမ၌ တွေ့ဆုံ ခဲ့ကြသည် ။


တောင်ကြီးမြို့ သျှမ်းစာပေယဉ်ကျေးမှု ကော်မတီအဖွဲ့ဝင် ဆရာမ နန်းနွန်းမို က " တမူးကလာတဲ့ သျှမ်းညီ အကိုတွေ ကပြောပါတယ်။ တောင်တန်းဒေသ ဘက်မှာရှိတဲ့ သျှမ်းမျိုးနွယ်ကို လာရှာတယ်၊ ဘာဖြစ် လည်းဆို တော့ ဘိုးဘွား စဉ်ဆက်က သျှမ်းစကား ၊ သျှမ်းစာပေတွေ သုံးတယ်၊ ယနေ့ခေတ် လူငယ်တွေ က သျှမ်းစကား ၊သျှမ်းစာပေ သျှမ်းယဉ်ကျေးမှု ဆိုတာ ဘာလဲ မသိကြတော့ ဘူး။ ဒါကြောင့် သျှမ်းမျိုးရိုး၊ မျိုးနွယ်ကို ပြန်လာ ရှာတယ်။ အနေဝေးတော့ မသိကြတော့မှာ စိုးရိမ်ကြတယ် - လို့ပြောပါတယ်" ဟု သျှမ်းသံတော်ဆင့် အား ပြန်လည်ပြောပြသည် ။


စစ်ကိုင်းတိုင်း တမူးမြို့နယ် သျှမ်းစာပေယဉ်ကျေးမှုအဖွဲ့ သည် တောင်ကြီးမြို့ရှိသည့် ယက်ကန်းစင်၊ ပင်းတယဂူ နှင့် အင်းလေးကန် သို့ လေ့လာခဲ့သည် ။


တောင်ကြီး နမ့်ခုံး သျှမ်းများပရဟိတအသင်း၏ဥက္ကဌဦးထွန်းမြ နှင့် တောင်ကြီး သျှမ်းစာပေယဉ် ကျေးမှု အဖွဲ့ တို့ ပူးပေါင်းပြီး တမူးမြို့နယ် သျှမ်းစာပေ ယဉ်ကျေးမှုအဖွဲ့အား အလှူငွေ များပေးအပ်ခဲ့ ကြောင်းသိရသည် ။


တမူးမြို့နယ် သျှမ်းစာပေယဉ်ကျေးမှုအဖွဲ့ သျှမ်းတောင်တန်းသို့လေ့လာရေး ခရီးစဉ်ဖြစ်မြောက် ရေးအတွက် တောင်ကြီး SNLD ကျားခေါင်းပါတီ ရုံးမှ တာဝန်ယူပြီး နမ့်စန်မြို့နယ် ပန်လိုင်းဆိုင် သျှမ်းစာသင်တန်းကျောင်း နှင့် ကာလိမြို့ ကော်တိုင်းကျောင်းသို့ပါလေ့လာနိုင်ရန်အတွက် ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည် ။


စစ်ကိုင်းတိုင်းဒေသကြီးတွင် နေထိုင်သော သျှမ်းတိုင်းရင်းသားများကျေးရွာ ၂၅၀ ကျော်ရှိသည်။ သျှမ်းတောင်တန်းသို့လေ့လာရေးခရီးစဉ်တွင် ၁ ရွာ ၂ ဦးနှုန်းဖြင့် ၁၀ ရွာမှ သျှမ်းလူထုများဖြစ်ကြောင်းလည်း တောင်ကြီး သျှမ်းအသင်းနှင့်တွေ့ဆုံစဉ် ပြောပြသွားခဲ့ကြောင်းသိရပါသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates