နောင်ဖာရေကာတာစီမံကိန်းအား ဒေသခံလူထု ဆန့်ကျင်
သျှမ်းပြည်မြောက်ပိုင်းတန့်ယန်းမြို့နယ်တွင် နောင်ဖာ ရေကာတာစီမံကိန်းဆောက်လုပ်ရေးအား စီမံကိန်းအနီး တဝိုက်နေထိုင်သူလူထုက ဆန့်ကျင်ကန့်ကွက် ခဲ့ကြသည် ။
![]() |
နောင်ဖာရေကာတာစီမံကိန်းဆန့်ကျင်ကန့်ကွက်ကြောင်း နောင်ဖာဒေသခံများဆန္ဒထုတ် ဖော် (Photo: Shan Farmers)
|
တန့်ယန်းမြို့နယ် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုေ ဆာင် စိုင်းအောင်လျန်းဝင်းက - “ကျနော်တို့တန့်ယန်းလူငယ်နဲ့ သျှမ်းပြည်ေ တာင် သူလယ်သမားများကွန်ယက်တို့ပူးပေါင်းပြီး စီမံကိန်းတဝိုက် မှာနေထိုင် တဲ့ လူထုနဲ့ တွေ့ဆုံတယ်။ ပြီးတော့ ဆောက်လုပ်မယ့် ရေကာတာနဲ့ ပတ် သက်ပြီး ပြောပြတယ်။ ရေကာတာ ဆောက်လုပ်ပြီးရင် ရရှိမယ့် ကောင်းကျိုး ဆိုးကျိုးကို ရှင်းပြတယ်။ နောက်ပြီးတော့ လက်ရှိနိုင်ငံရေးအခြေအနေကို ရှင်းပြတယ်။တောင်သူလယ်သမားများကွန်ယက်ကလည်း အနယ်နယ် အရပ်ရပ်မှ တောင်သူလယ်သမား များနှင့်လက်တွဲကူညီဆောင်ရွက်နေမှု ကိုရှင်းလင်းတယ်။ လူထုအင်အား ၂၀၀ ကျော်လာရောက်နားထောင်ပါ တယ်။” - ဟု ပြန်လည်ပြောပြသည် ။
အဆိုပါတွေ့ဆုံမှုအပြီး ဒေသခံလူထု ကျေးရွာအုပ်စု ၉ ခုတို့က - နောင်ဖာရေ ကာတာ အလိုမရှိ၊ ရပ်!!!! နောင်ဖာ ရေအားလျှပ်စစ်စီမံကိန်း အစရှိ ဆိုင်းဘုတ် များ ဗီနိုင်းများကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်ဟုလည်း ဆိုပါသည် ။
တန့်ယန်းမြို့နယ်အတွင်း သံလွင်မြစ်လက်တက်ပေါ် တွင် တရုတ်ကုမ္မဏီမှ တည်ဆောက်မ ည့် နောင်ဖာရေအား လျှပ်စစ်စီ မံကိန်း မှ ရေအားလျှပ်စစ် ၁၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်အသုံးပြုမ ည်ဖြစ် သည်ဟု သံလွင်ထိန်းသိမ်းကာကွယ်ရေးကွန်ယက်က ပြောပြခဲ့ဖူးသည် ။
အဆိုပါဒေသသည် ကိုးကန့် ၊ သျှမ်းပြည်တိုးတက်ရေးပါတီ SSA/SSPP တို့၏ နယ်မြေ အနီးတွင် တည်ရှိ ပြီး ရေကာ တာများတည်ဆောက်ရေးတွင် ဒေသ တွင်း လုံခြုံရေးအတွက်ဟုဆိုကာ SSA/SSPP တပ်များအား ထိုနေရာမှ ဖယ်ပေး ရန် ၂၀၁၃ ခုနစ်အတွင်းက တပ်မတော်ဘက်မှ တောင်းဆိုကာ တိုက်ပွဲများလည်း ဖြစ်ပွားခဲ့သည့်အတွက် ဒေသခံ ပြည်သူ ၂၀၀၀ ခန့်မှာ ၄င်းတို့၏ နေရပ်မှ တန့်ယန်းမြို့နယ်အတွင်းသို့ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရဖူးသည် ။
သံလွင်မြစ်တွင်တည်ဆောက်မည့် ရေကာတာစီမံကိန်း ၆ ခုရှိရာ သျှမ်းပြည်တွင် ကွန်လုံရေကာတာ ၊ နောင်ဖာ ရေ ကာတာ၊ မန့်တောင်းရေ ကာတာ (သံလွင်မြစ် လက်တက် နမ့်မချောင်းပေါ်)၊ တာ့ဆန်းခေါ် မိုင်းတုံ ရေကာတာ၊ ကရင်နီ ပြည်တွင် ရွာသစ် ရေကာတာနှင့် ကရင်ပြည်နယ်တွင် ဟတ်ကြီးရေ ကာတာတို့ဖြစ်ပါသည် ။
အဆိုပါရေကာတာများအား အကောင် အထည်ဖေါ်ဆောင်ရာတွင် ပါဝင်နေသည့် ပြည်ပကုမ္မဏီများမှာ Thailand’s EGAT International Co.Ltd, China Three Gorges Corporation, Hanergy Holding Company, Hydrochina Corporation, နှင့် China Datang Overseas Investment Co.Ltd များဖြစ်ပြီး ပြည်တွင်း ကုမ္မဏီများအဖြစ် International Group of Entrepreneurs Co. LTD, Shwe Taung, Asia World များ ပါဝင်သည် ။
Tags: Environment, News



