စက်တင်ဘာလ ၁၅ ရက် ၂၀၁၆ သျှမ်းသံတော်ဆင့်သတင်းဌာန လက်ထောက်အယ်ဒီတာ ၊ အမျိုးသားလွတ်မြောက်ရေး တေးသီချင်းများပိုင်ရှင် ဦးစိန်ကြည် (ခ) ဆခဟ ကွယ်လွန်ခြင်း ၅ နှစ်ပြည့်
စက်တင်ဘာလ ၁၅ ရက် ၂၀၁၆ သျှမ်းသံတော်ဆင့်သတင်းဌာန လက်ထောက်အယ်ဒီတာ ၊ အမျိုးသားလွတ်မြောက်ရေး တေးသီချင်းများပိုင်ရှင် ဦးစိန်ကြည် (ခ) ဆခဟ ကွယ်လွန်ခြင်း ၅ နှစ်ပြည့် အောင့်မေ့ဖွယ်အဖြစ် ကျန်ရစ်သူ တပည့်တပန်းများနဲ့ ကျန်ရစ်သူမိသားစုများက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အသီးသီး ဆွမ်းကပ်အလှူဒါန ပြုပေးခဲ့ကြပါတယ် ။
သျှမ်းသံတော်ဆင့်သတင်းဌာန လက်ထောက်အယ်ဒီတာ ၊ အမျိုးသားလွတ်မြောက်ရေး တေးသီချင်းများပိုင်ရှင် ဦးစိန်ကြည် (ခ) ဆခဟ ဟာ စက်တင်ဘာလ ၁၅ ရက် ၂၀၁၁ ခုနှစ်မှာ အဆုတ်ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ် ။
သံလွင်အရှေ့ခြမ်း ၀ နယ် မိုင်းလိန်းမြို့မှာ မွေးဖွားခဲ့တဲ့ ဆခဟ ဟာ သျှမ်း ဗမာ အင်္ဂလိပ် တေးသီချင်း ပေါင်း ၃၀၀ ကျော်ရေးသားပြီး ကိုယ်တိုင်သီဆိုထားတာ ကတော့ အပုဒ်ရေ ၁၂၀ ကျော်ပါတယ် ။
ဦးစိန်ကြည် မန္တလေး မြို့မှာ ကျောင်းတက်စဉ် နာမည်ကျော်တေးရေးဆရာ ဒေါက်တာ စိုင်းခမ်းလိတ်နဲ့ ခင်မင် ရင်းနှီးခဲ့တာပါ။ အထက်တန်းကျောင်းအောင်မြင်ပြီး ၁၉၇၄ ခုမှာ တောခိုခဲ့ပါတယ်။ တော်လှန်ရေးဘဝမှာ စစ်ရေးအပြင် မိမိတတ်ကျွမ်းတဲ့ အနုပညာတွေနဲ့လည်း မြန်မာစစ်အစိုးရကို ဆန့်ကျင်ခဲ့ပါတယ် ။
ဦးစိန်ကြည်ဟာ သျှမ်းသံတော်ဆင့်သတင်းဌာနကို ၁၉၉၁ ခုနှစ်မှာ သျှမ်းပြည်တပ်မတော်MTA ရဲ့ချုပ်ကိုင်မှုကနေ ခွဲထွက်ပြီး လက်ရှိ သျှမ်းအယ်ဒီတာချုပ် ဦးခွန်စိုင်းနဲ့တူ ကွယ်လွန်ချိန်အထိ သျှမ်း၊ ဗမာ၊ အင်္ဂလိပ်၊ ထိုင်း ဘာသာနဲ့ နေ့စဉ် သတင်းတွေ ထုတ်ပြန်ခဲ့ပါတယ် ။
Tags: General, News

