မူစယ်မှာ ပေါက်ကွဲအားပြင်းတဲ့ယမ်းများ ဖမ်းဆီးရမိ
စက်တင်ဘာလ ၁၃ ရက် ညနေပိုင်းက သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် မော်တောင်း အုပ်စုမှာ ပြင်းအားကောင်းတဲ့ယမ်းတွေကို စစ်တပ်နဲ့ရဲအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ် ။
![]() |
မော်တောင်းရွာမှ ဖမ်းမိ ပစ်စည်းများ (ဓါတ်ပုံ- လားရှိုးမီဒီယာမှ ကူးယူဖော်ပြသည်)
|
ယမ်းတွေဟာ TNT အမျိုးအစား ပေါက်ကွဲအားပြင်းတဲ့ယမ်းတွေဖြစ်ကြောင်း၊ ယမ်း တတောင့် ၂၀၀ ဂရမ် လေးတဲ့ ယမ်းတောင့် ၂၂ တောင့်နဲ့အတူ TNLA တံဆိပ်ပါတဲ့ အစိမ်းရောင် ပျောက်ကျား စစ်ဝတ်စုံတွေကို လည်း ဖမ်းဆီးမိတာဖြစ်ကြောင်း မူစယ်က ရဲအရာရှိတဦးက ပြောပါတယ် ။
လက်ရှိမှာတော့ အိမ်ရှင် ဒေါ်အမ်ဆာကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး ဦးခင်မောင်ဦး ကတော့ ထွက်ပြေး လွှတ်မြောက်နေတယ်လို့လည်း သိရပါတယ် ။
ဂျွန်လဆန်းပိုင်းတုန်းကလည်း မော်တောင်းရွာဘက်ကနေ မူစယ်ဘက်မောင်းနှင်းလာ တဲ့ ကားတစီး ပေါ်မှာ ယမ်းပုံး(သံပုံး) ၅၀ ပုံးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါသေးတယ် ။
သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့မှာ အစိုးရတပ်ဖွဲ့အပြင် တအာင်း၊ ကချင်၊ သျှမ်းလက်နက်ကိုင် တပ်ဖွဲ့တွေ လှုပ်ရှားနေတာ ရှိပါတယ် ။
Tags: Crime, News


