အောင်လအန်ဆိုင်း နှင့် ပိုလန်နိုင်ငံမှ ပတ်စတာညှက် ဗုဒ္ဓဟူးနေ့တွင်ထိုးသတ်မည်
ကိုယ်ခံ ပညာပေါင်းစုံသုံးတိုက်ခိုက်ရေးပြိုင် ပွဲ (MMA) တွင် ၂၀၁၆ ခုနှစ် အတွင်း နှစ်ပွဲယှဉ်ပြိုင်၊ နှစ်ပွဲ စလုံးအနိုင်ရထားသည့်အောင်လ အန်ဆိုင်း အောက်တိုဘာ ရ ရက်တွင် ရန်ကုန်မြို့၌ ပိုလန် နိုင်ငံ သား လက်ဝှေ့သမားနှင့် ထပ် မံထိုးသတ်မည်ဖြစ်ကြောင်းသိရသည် ။
အောင်လအန်ဆိုင်းသည် ၂၀၁၆ မတ်လက အီဂျစ်နိုင်ငံသား မိုဟာမက် အလီနှင့် မြန်မာ နိုင်ငံ၌ပင် စတင်ယှဉ် ပြိုင်ခွင့်ရရှိခဲ့ပြီ ပထမအချီ၌ အနိုင် ယူခဲ့သည်။ ဂျူလိုင်လတွင် တရုတ်နိုင် ငံ၌ ရုရှားနိုင်ငံသားကို ထပ်မံအနိုင် ယူခဲ့သည် ။
အောက်တိုဘာ ရ ရက်တွင် ပိုလန်နိုင်ငံသားနှင့်ထပ်မံယှဉ်ပြိုင်ထိုးသတ် မည်ဖြစ်ပြီး ရန်ကုန်မြို့ တွင် ယနေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲသို့ နှစ်ဦးစလုံးတက်ရောက်ခဲ့သည် ။
အောက်တိုဘာ ရ ရက်တွင် ရန် ကုန်မြို့သုဝဏ္ဏအမျိုးသားအားကစား ရုံ(၁)၌ပြုလုပ်မည့် (MMA) ပြိုင်ပွဲ တွင် နိုင်ငံတကာတွဲဆိုင်းများအပါ အဝင် ပြည်တွင်းအချင်းချင်းထိုးသတ် ရမည့်တွဲဆိုင်းများလည်းပါဝင် မည်ဖြစ်ကာ တွဲဆိုင်းကိုးခုမှ ၁၁ ခုအထိ ကျင်းပရန်စီစဉ်ထားကြောင်း သိရ သည် ။
ကိုယ်ခံပညာပေါင်းစုံသုံးတိုက် ခိုက်ရေးပြိုင်ပွဲဖြစ်သည့် (MMA) ပြိုင်ပွဲကို ၂၀၁၅ ခုနှစ် ဇူလိုင် ၁၈ ရက် တွင်ရန်ကုန်မြို့သုဝဏ္ဏအမျိုးသား အားကစားရုံ(၁)တွင် ပထမဆုံးအ ကြိမ်အဖြစ် စတင်ကျင်းပခဲ့ပြီး ပြည်တွင်း ပရိသတ်များစိတ်ဝင် စားမှုရှိခဲ့ သည်။ ယင်းအခြေအနေကြောင့် ၂၀၁၆ခုနှစ်မတ်လ တွင် ဆက်လက် ကျင်းပခဲ့ကာ အောင်လအန်ဆိုင်းပါ ၀င်လာခဲ့ပြီး အီဂျစ်နိုင်ငံသားမိုဟာ မက်အလီကိုအနိုင်ယူခဲ့သည် ။
Tags: General, News


