မူးယစ်သတင်းပေးများအား ဖမ်းမိပစ္စည်းတန်ဖိုး၏ ထက်ဝက်ကို ဆုတော်ငွေအဖြစ်ပေး



မန်မာနိုင်ငံ မူးယစ်ရဲတပ်ဖွဲ့များထံ သတင်းအစပေးသည့် ပုဂ္ဂိုလ်အား ဖမ်းဆီးရမိသည့် မူးယစ်ဆေး ဝါးများ တန်ဖိုး၏ ထက်ဝက် အား ဆုတော်ငွေ အဖြစ် ပေးအပ်ချီးမြှင့်သည်ဟု သိရသည် ။


၂၀၁၅ နှစ်နှောင်းပိုင်းမှ ယနေ့အထိ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး များ၏ ကာလတန်ဖိုး ထက်ဝက် အား ဖမ်းဆီးအရေးယူနိုင်ရေးအတွက် သတင်းအစ ပေးသူများအား ၅၀% ပေးအပ်ချီးမြှင့်သည်ဟု ရဲတပ်ဖွဲ့အတွင်း ချမှတ်ထားမှုရှိကြောင်း သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ မူးယစ်ဆေးဝါးနှိမ်နင်းရေး ရဲတပ်ဖွဲ့အသိုင်းအဝိုင်းက ဤကဲ့သို့ပြောသည် ။


“ အရင်တုန်းက တော့ ၃၀ ရာခိုင်နှုန်းပဲပေးတယ်။ အခု က ၅၀ ရာခိုင်နှုန်းအထိ တိုးမြင့် ပေးတယ် သတင်းပေးတဲ့သူ တနေ့တခြားပိုများလာတယ်။ အဲဒီလိုလုပ်ဆောင်သွားမယ်ဆိုရင် မူးယစ်ဆေးဝါးတွေ အမှန်တကယ် နှိမ်နင်းလျှော့ချသွားနိုင်လိမ့်မယ်လို့ ယုံကြည်တယ်” - ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည်။
ဆုတော်ငွေများအတွက် နိုင်ငံတော်မှ သီးသန့်ဘတ်ဂျတ်ချထားသည်ဟုလည်းပြောသည် ။


တရုတ်နိုင်ငံ မူးယစ်နှိမ်နင်းရေး ရဲတပ်ဖွဲ့တွင်မူ ယာမ  ဖမ်းဆီးရမိပါက တပြား ၃ ယွမ်နှုန်း ဆုတော် ငွေ ပေးကြောင်း၊ ဘိန်းဖြူ နှင့်အခြား မူးယစ်ဆေးဝါးများမှာမူ ပစ္စည်းတန်ဖိုး ၁၅ ရာခိုင် နှုန်း ပေးအပ်ချီးမြှင့်ကြောင်း ရွှေလီမြို့ တရုတ်ရဲအရာရှိအသိုင်းအဝိုင်း နှင့်နီးစပ်သူတဦး က ပြောသည် ။


“ သတင်းအစ ဖေါ်ပေးတဲ့သူက တချို့တွေဆို ကားတောင်ဝယ် စီးနိုင်တယ်။ ဒီလိုမလုပ်ရင် ဖမ်းမိဖို့ ဘယ်လွယ်မလဲ။  မူးယစ်ရောင်းဝယ်သူက ဘာကားစီးလာသလဲ။ ဘာအိတ် သယ်ဆောင်လာလဲ-  အဲဒီ လောက်ပေး ရင် အိုကေပြီ” - ဟု မူစယ်မြို့သား ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းတဦးက လဲပြောသည် ။


သျှမ်းပြည်နယ်သည် ပြည်ထောင်စု မြန်မာနိုင်ငံတဝှမ်းအတွင်း မူးယစ်ဆေးဝါး အပေါများဆုံး ပြည်နယ် တခုဖြစ်သည်။ ဘိန်းစိုက်ပျိုးထုတ်လုပ်သည့် ခြံများ လျှော့ကျသွားသော်လည်း မူးယစ်ဆေးဝါး ထုတ် လှုပ် မှု မြှင့်တက်နေဆဲဖြစ်သည်ဟု ကမ္ဘာ့ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇာဝတ် နှိမ်နင်းရေးအဖွဲ့ UNODC က ထုတ်ပြန်ထားသည် ။


သျှမ်းပြည်နယ် လွှတ်တော်အမတ်များကလည်း လူငယ် ၁၀ ဦး တွင် ၅ ဦး မှာ မူးယစ်ဆေးဝါး နှင့် ပတ်သက်ဖူးသူများဖြစ်သည်ဟု ပြောပြသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates