Shan Studies Center သျှမ်းသုတေသနစင်တာဖွင့်ပွဲ တောင်ကြီးမြို့တွင်ကျင်းပ



Shan Studies Center သျှမ်းသုတေသနစင်တာဖွင့်ပွဲအခမ်းအနားကို သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းရုံးတွင် ကျင်းပခဲ့သည် ။


စက်တင်ဘာ ၂၆ ရက်ယနေ့ကျင်းပသည့် Shan Studies Center သျှမ်းသုတေသနစင်တာဖွင့်ပွဲအခမ်းအနားသို့  Shan Studies Center ဒါရိုက်တာဆရာစိုင်းခမ်းမိန်း၊  သျှမ်းသမိုင်းပညာရှင် ဒေါက်တာစိုင်းဆန်အိုက်၊ သျှမ်းပြည်နယ်အစိုးရ သဘာဝနှင့်သယံဇာတ ဝန်ကြီး ဒေါက်တာညီညီအောင် တို့ပါတက်ရောက်ခဲ့ကြသည် ။


ဖွင့်ပွဲသို့ သျှမ်းဆရာတော်သံဃာတော်များ၊ စာပေယဉ်ကျေးမှုအဖွဲ့မှ ဦးဆောင်ဦးရွက်ပြုသူများ၊ နမ့်ခုံးပရဟိတအသင်း၊ သျှမ်းလူငယ်မောင်မယ်များ ရပ်နီးရပ်ဝေးမှဖိတ်ကြားထားသူများ စုစုပေါင်း ၂၀၀ ကျော်တက်ရောက်ခဲ့ကြသည်။
Shan Studies Center ဒါရိုက်တာဆရာစိုင်းခမ်းမိန်းက - “ ကမ္ဘာအရပ်ရပ်မှာရှိနေတဲ့ သျှမ်းမျိုးနွယ်ကို သိစေချင်တယ်။ သျှမ်းပြည်နယ်တောင်ကြီးမြို့မှာ သျှမ်းနဲ့ပတ်သက်ပြီးသုတေသန စင်တာရှိပြီဆို တာသိစေချင်တယ်။ လာပြီးတော့လက်တွဲစေချင်တယ်။ ဖိတ်ခေါ်ချင်တယ်။ ကျနော်တို့ဆီကနေတော့ တနှစ်ကို ၂ ကြိမ် သျှမ်းနဲ့ပတ်သက်တဲ့သုတေသနပြုမှု နယူးစ်လက်ထာ ကို အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေမယ်။  သျှမ်းအကြောင်းကမ္ဘာကလေ့လာနိုင်အောင်လို့ပါ ” ဟု သျှမ်းသံတော်ဆင့်အားပြောသည် ။


ထို့အပြင် သျှမ်းသုတေသနစင်တာမှ ဦးဆောင်ပြီး ဆယ်မီနာ များကျင်းပသွားမည်ဖြစ်ပြီး စာအုပ်များပါထုတ်ဝေသွားမည်ဖြစ်ကြောင်းလည်း သိရသည် ။


“ ကျနော်တို့လုပ်နေတာတွေအပေါ် ဝေဖန်အကြံပြုမှုတွေပြုလာပေးပါလို့ဖိတ်ခေါ်ပါတယ်။ ကျနော်တို့ သုတေသနပြုမှု အောင်မြင်တိုးတက်ရေးအတွက်ဖြစ်ပါတယ်။ သျှမ်းအကြောင်းစုံစုံလင်လင် ပါစေချင်လို့ပါ ” ဟု ဆရာစိုင်းခမ်းမိန်းက ဆက်ပြောသည်။
ဒြပ်ရှိ ၊ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် ၊ သျှမ်းမျိုးနွယ်စုသမိုင်းများအား စုပေါင်းဖေါ်ထုတ်ရန် ဗြိတိန်နိုင်ငံ အောက်စဖို့စ် ဗုဒ္ဓဝိဟာရ ကျောင်း ဆရာတော် ဒေါက်တာခမ်းမိုင် ဓမ္မသာမိ အမှူးပြု၍ ရန်ကုန်မြို့၌ မတ် ၂၆ မှ ၂၇ အထိ အစည်းအဝေးကျင်းပကာ သျှမ်းရေးရာသုတေသနစင်တာ  ဖွဲ့စည်းလိုက် သည်   ။


သျှမ်းရေးရာသုတေသနစင်တာ အား တောင်ကြီးမြို့ ၊ ဗုဒ္ဓတက္ကသိုလ် ၌ ရုံးစိုက်သည်။ စင်တာ တွင် နာယက အဖွဲ့ ၊ ဥက္ကဌ ၊ ဒါရိုက်တာ ၊ အတွင်းရေးမှူး အပြင် ဦးဆောင်ကော်မတီ တခုလည်း ဖွဲ့စည်းထား သည်ဟု ဆိုသည် ။


ဦးဆောင်ကော်မတီ ၁၅ ဦးတွင် – ဒေါက်တာခမ်းမိုင် ဓမ္မသာမိ ၊ တောင်တန်းသာသနာပြုဆရာတော် စဝ်သုခမ်း ၊ ကျိုင်းတုံ ဟိုခုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဇောတိက ၊ မော်လမြိုင်တောင်ပေါက် ကျောင်း ဆရာတော်ဘဒ္ဒန္တ မုနိန္ဒ တို့ဦးဆောင်ပါသည်။
ဒါရိုက်တာမှာ ဆရာစိုင်းခမ်းမိန်း ၊ ဒုဒါရိုက်တာမှာ ဒေါက်တာ စိုင်းအောင်ဆန်း ၊ အထွေထွေ အတွင်းရေး မှူးမှာ ဘဒ္ဒန္တ ဝိစိတ္တ တောင်ပေါက်ကျောင်းဆရာတော် တို့ဖြစ်သည် ။


နာယက အဖွဲ့တွင် လွယ်လင်မြို့ ဓါတ်တော်ကျောင်းဆရာတော် ဒေါက်တာ ပညာနန္ဒ ၊ သျှမ်းစာပေ ပညာ ရှင် မြန်မာ့သမိုင်းသုတေသန ဒု ဥက္ကဌ (ငြိမ်း) ဒေါက်တာ စိုင်းအောင်ထွန်း ၊ သျှမ်းစာပေပညာ ရှင်ကြီး ဆရာ လုင်းတန်းကေး ၊ ကျိုင်းတုံမြို့ မှ ဒေါက်တာ စိုင်းလုံးကျောက်ဆမ်တို့ပါဝင်သည် ။







 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates