၂၁ ရာစု ပင်လုံညီလာခံထောက်ခံခြင်းလှုပ်ရှားမှု Taunggyi Freedom Rider အဖွဲ့ တောင်ကြီးမှပင်လုံသို့ စက်ဘီးစီးလှုပ်ရှားမှုပြု



သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့မှ Taunggyi Freedom Rider စက်ဘီးစီး အဖွဲ့သည် ၂၁ ရာစုပင်လုံ ညီလာခံ ထောက်ခံခြင်း အထိမ်း အမှတ် အဖြစ် တောင်ကြီးမြို့မှ ပင်လုံမြို့ စက်ဘီးစီးလှုပ်ရှား မှုပြုလုပ်ခဲ့ ကြောင်း သိရသည် ။

 တောင်ကြီးမြို့မှ ပင်လုံမြို့သို့ ရောက်ရှိသည့် Taunggyi Freedom Rider လှုပ်ရှားမှု

စက်တင်ဘာလ ၂၆ ရက် မနက် ၆ နာရီတွင် တောင်ကြီးမြို့မှ စထွက်သည့် အင် အား ၁၀၀ ခန့် အဆိုပါ စက်ဘီးစီးအဖွဲ့သည် ပင်လုံမြို့သို့ ညနေ ၃ နာရီ ခန့် တွင် ရောက်ရှိခဲ့သည်။ ပင်လုံမြို့ခံ ၂၀ ကျော်ကလည်း စက်ဘီးဖြင့် လွယ်လင်မြို့ သို့ သွားရောက်ကြိုဆိုခဲ့ကြသည် ။


စက်ဘီးစီးအဖွဲ့ဝင်ကိုကျော်ကျော်က - ကျနော်မန်းတလေးကနေ လာပါ တယ်။ တောင်ကြီးအဖွဲ့နဲ့ လိုက်ပြီး ပင်လုံကိုလာဖို့ပါ။ မိုင်ပေါင်း ၆၀ ဝေး တဲ့ တောင် အတက်အဆင်းလမ်းခရီးမှာ စက်ဘီးစီးတာ ကျနော့်အတွက် ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ကျန်းမာရေးအတွက်လည်းကောင်းတယ်။ မိတ်ဆွေတွေလည်း အများကြီး ရတယ်။ ပတ်ဝန်းကျင်ကိုလည်း လေ့လာနို င်တယ်။ တောင်ကြီးကိုကျော်ပြီး ဒီဘက်ကို တခါမှ မရောက်ဖူးဘူး- ဟု ပြောသည် ။


အဆိုပါအဖွဲ့သည် စက်တင်ဘာလ ၂၇ ရက် ပင်လုံမြို့ နောင်ကွတ်ကျောင်း တိုက်တွင် သံဃာတော်များ အား မနက်ဆွမ်းကပ်လှူပြီး ပင်လုံကျောက်တိုင် ၀င်းတွင် ပြည်ထောင်စုအမှတ်အသားကျောက်တိုင်နှင့် နိုင်ငံတော်အလံကို အလေးပြုကာ တောင်ကြီးမြို့သို့ နံနက် ၈ နာရီခွဲခန့်၌ စက်ဘီးစီး ပြန် လည်ထွက်ခွာ သွားခဲ့ပါသည် ။


ပင်လုံနှင့်လွယ်လင်ကြားရှိ ကွန်ဗျူတာတက္ကသိုလ်(ပင်လုံ)တွင်လည်း ချယ်ရီပင် အပင် ၁၀၀ စိုက်ပျိုး ခဲ့ကြကြောင်းလည်း သိရပါသည် ။


ပင်လုံမြို့သည် တောင်ကြီးမြို့မှ အရှေ့မြောက်ဘက် မိုင် ၆၀ ခန့် အကွာတွင် တည်ရှိသည်။ အဆိုပါ တောင်ကြီးဖရီးဒမ်းရိုက်တာ စက်ဘီးစီးအဖွဲ့အတွက် ပင်လုံခရီးစဉ်မှာ ပထမဆုံးအကြိမ် ခရီးဝေး စက်ဘီးစီးလှုပ်ရှားမှု ဖြစ်ပါသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates