SSPP/SSA သျှမ်းပြည်တပ်မတော်မှ မူးယစ်ဆေးဝါးရှင်းလင်းရေး အရှိန်မြင့်ဆောင်ရွက် ကေဒါတပ်သားများပါမကျန်စစ်ဆေး



သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်၏ မူးယစ်ဆေးဝါး ရှင်း လင်းရေး စီမံကိန်း အကောင်အထည်ဖော်မှုအရ ဂျွန်လမှစပြီး တိုးမြင့်ေ ဆာင် ရွက်ရာတွင် ယခုအပတ်အတွင်း မိမိတပ်တွင်းတပ်သားများပါမကျန် စစ်ဆေး မှုများပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည် ။

SSPP/SSA ဌာနချုပ်တွင် ကေဒါတပ်သားများအား ဆီးစစ်ဆေးနေစဉ်
“ကျနော်တို့ ရ လဆန်းပိုင်းက ကျနော်တို့ ဘက်ကနေ မူးယစ်ဆေးဝါးရှင်း လင်းမယ်ဆို တဲ့ အကြောင်း ကြေငြာချက်ထုတ်ပြန်ပါတယ်။ အဲဒီကနေစ လို့ ရောင်းဝယ်ဖောက်ကားတဲ့သူရော သုံးစွဲတဲ့သူရော ရှင်းလင်းရေးလုပ် ပါတယ်။ ဖမ်းဆီးတယ် ပြန်လည်ထူထောင်ရေး တွေလုပ် ပေးတယ်။ အဆုံးစွန်အထိ မထိရောက်ပေမယ့် ကျနော်တို့လှုပ်ရှားတဲ့နယ်မြေထဲမှာတော့ ရှင်းလင်းနိုင်ခဲ့ပါတယ်။ သောက်သုံးမိသူကိုဖမ်းမိရင် ဖြတ်ပေးမယ်။ ပညာပေးမယ် ပေါ့။” -ဟု SSPP/SSA အတွင်းရေးမှူး ၃ ဗိုလ်မှူးဘထွန်း ကပြောသည် ။


လက်ရှိတွင် သျှမ်းပြည်တိုးတက်ရေးပါတီမှ ကေဒါတပ်သားများအရာရှိများအား အရည်အချင်း မြင့်တင်ရေးသင်တန်းများပေးလျှက်ရှိရာ မူးယစ်ဆေးနှင့် ပတ်သက် သည့် ဆီးစစ်မှုများပါ ပြုလုပ်နေကြောင်းသိရသည် ။


“ ၀မ့်ဟိုင်းရောက် တက်ကြွ လှုပ်ရှား သူ စိုင်းထိန်း ကလည်း - ကျနော့်မျက်မြင် ဘဲ အခု အရာရှိတွေက အစ ဆီးစစ်တယ်။ အရာရှိပြီးရင် တပ်သားထု ကိုပါ စစ်ဆေးမယ်။ ဖြတ်တန်းသွားလာတဲ့ လူထုကို လဲ စစ်တယ်။ ၀မ့်ဟိုင်းဌာနချု ပ်မှာ ရှိတဲ့ အချုပ်ခန်းတခုက လူတွေပြည့်နေတာဘဲ။ အနီးအနား မြို့နယ်က ဖမ်းလာတဲ့ မူးယစ်ဆေးသုံး ရွာသားတွေ-” ဟု သျှမ်းသံတော်ဆင့်သို့ပြောသည် ။


၎င်းနှင့်ပတ်သက်ပြီး ဗိုလ်မှူးဘထွန်းက - “ အဖွဲ့အစည်း တိုင်း လူတိုင်း ပါဝင် ပူးပေါင်းမှ မူးယစ်ဆေးကို ရှင်းလင်းနိုင်မှာဖြစ်တယ်။ ကျနော်တို့တဖွဲ့တည်း တယောက်တည်းအားနဲ့တော့ လုံးဝ ပျောက်ကင်း အောင်မြင်အောင် လုပ်နိုဖို့ခက်ခဲပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့အနေနဲ့ က မြို့တွင်းအထိ လက်လှမ်းမှီနိုင်ဖို့ မလွယ်ဘူးလေ။ အခုဘယ်လောက် ရှင်းလင်းနိုင်ပြီလဲဆိုတာတော့ ကျနော်တို့ စာရင်းအတိအကျမသိရသေးဘူး။ သိန်နီတို့ဘာတို့ဘက်မှာ လုံခြုံရေးအပြည့်အဝ မရှိသေးတော့လုပ်ရခက်တယ်။ ဒါပေမယ့်ကျနော်တို့ဘက်က အဖွဲ့အစည်းအားလုံးဆီကို စာပို့ထားတယ်။ လက်တွဲပူးပေါင်းနိုင်ဖို့ပေါ့နော် ရှင်းလင်းထားတယ်။ ” ဟု ဆိုပါသည် ။


မူးယစ်ဆေးဝါးသည် တကဘာလုံး၏ အန္တရာယ်ဖြစ်စေသည့်အပြင် မိသားစု တွင်းမှ အစ တနိုင်ငံလုံး၏ လုံခြုံရေးကိုပါထိခိုက်စေသဖြင့် မူးယစ်ဆေးဝါး ကင်စင်ပပျောက်ရေးတိုးချဲ့ လုပ်ဆောင်ရန် ရဟန်းသံဃာနှင့်လူ ထုတောင်း ဆိုမှုအရ ဂျူလိုင်လဆန်းမှစပြီး သျှမ်းပြည် တိုးတက်ရေးပါတီမှ မူးယစ် တိုက်ဖျက်ရေးလုပ်ငန်းတိုးမြှင့်လုပ်ဆောင်သွား မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မူးယစ်ဆေး သုံးစွဲခြင်း၊ သယ်ဆောင်ခြင်း ရောင်းဝယ်ခြင်း သိုလှောင်ခြင်းများ စစ်ဆေးတွေ့ရှိပါက ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာ ထားသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates