ပြည်ပရောက် သျှမ်းပြည်အစိုးရ သမ္မတ စဝ်ဆေခန်ဖှ ကွယ်လွန်
ညာင်ရွှေစော်ဘွားကြီးရဲ့သားတော် စဝ်ဆေခန်ဖှ ယောင်ဟွေ့ (အသက် ရ၈ နှစ်) ဟာ ကနေဒါနိုင်ငံ အယ်လ်ဘာတာမြို့မှာရှိတဲ့ နေအိမ်မှာ အောက်တိုဘာလ ၂ ရက်နေ့က သက်ကြီးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ် ။
စဝ်ဆေခန်ဖှဟာ ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ်က ဖွဲ့စည်းခဲ့တဲ့ ပြည်ပရောက် သျှမ်းပြည် အစိုးရ အဖွဲ့ရဲ့ သမ္မတ အဖြစ်တာဝန်ယူခဲ့ပါတယ်။
စဝ်ဆေခန်ဖှဟာ မြန်မာနိုင်ငံရဲ့ပထမဆုံးသောသမ္မတ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်နဲ့ သျှမ်းပြည်တပ်မတော်ကိုစတင်တည်ထောင်သူ မဟာဒေဝီ စဝ်မယ် နန်းဟိန်းခမ်းတို့ရဲ့ သားဖြစ်ပါတယ် ။
ငယ်နာမည်ကတော့ စဝ်ဆေ ခေါ် Tiger Yawnghwe ဖြစ်ပါတယ်။ ၁၉၃၈ ခုနှစ် ဧပြီလ ၁၅ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ ကွယ်လွန်ချိန်အထိ ၎င်းဦးဆောင်ဖွဲ့စည်း ခဲ့တဲ့ ပြည်ပရောက် သျှမ်းပြည်အစိုးရ ရဲ့ သမ္မတ ရာထူး ထမ်းဆောင်ထားဆဲဖြစ် ပါတယ် ။
မွေးချင်း ၆ ယောက်အနက် သားကြီးဖြစ်ပြီး မွေးချင်းညီအကိုမောင်နှမတွေ ကတော့ ၁-စဝ်ဆေခန်ဖှ ခေါ် စဝ်ဆေယောင်ဟွေ့ ၊ ၂- စဝ်ဆေလိန်ဖှ ခေါ် စဝ်ဇန့်ယောင်ဟွေ့ ၊ ၃- စဝ်ယိင်းသီတာ ၊ ၄- စဝ်ဆေဟုံဖှ ခေါ် စဝ်မီယောင်ဟွေ့ ၊ ၅- စဝ်ဆေဟန်ဖှ ခေါ် စဝ်ဟန်ယောင်ဟွေ့ ၊ ၆- စဝ်ယိင်းရတနာဆိုင်လင်း ခေါ် စဝ်လင်း တို့ဖြစ်ပါတယ် ။
စဝ်ဆေခန်ဖှဟာ Rosemary Catherine Otte နဲ့အိမ်ထောင်ပြုပြီးတော့ သားသမီး ၄ ဦးထွန်းကားခဲ့ပါတယ် ။
Rebecca Sanda Devi၊ ဆေ (ရွှေသိုက်)၊ ယိင်းဆီတာ Jessica Ying-Sita ၊ ဆေ (ခမ်းသိုက်) တို့ဖြစ်ပါတယ် ။
စဝ်ဆေခန်ဖှဟာ ညောင်ရွှေမူလတန်း၊ ကလောမြို့ ၊ သိန္နီမြို့အထက်တန်းေ ကျာင်း၊ အိန္ဒိယနိုင်ငံ Dehra Dun က Doon ကျောင်း တို့အပြင်ရန်ကုန် တက္ကသိုလ်၊ Cambrige တက္ကသိုလ် နဲ့ University of Keele တို့မှာ ပညာသင်ကြားခဲ့ပါတယ် ။
သျှမ်းဒီမိုကရက်တစ်ယူနီယံ SDU ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်တာဝန်ယူခဲ့ဖူးပါ တယ် ။
ရိုးရာအစဉ်အလာအရ ဖခမည်းတော်စော်ဘွားကြီးနတ်ရွာစံပါ က စော်ဘွားအရိုက် အရာ ဆက်ခံရမယ့်သူဖြစ်ပါတယ် ။
Tags: Culture, News


