ဖမ်းထားသည့် လူသူလက်နက်ပြန်အပ်သော်လည်း မိုင်းလားတပ်ဖွဲ့၏ တပ်စခန်းကြီးနှစ်ခုကို ဝ တပ်ဖွဲ့ ဆုတ်မပေး
ဝ တပ်ဖွဲ့မှ အင်အားအလုံးအရင်းဖြင့် သိမ်းပိုက်ထားသည့် အထူးဒေသ ၄ မိုင်းလားတပ်ဖွဲ့၏ တပ်စခန်းကြီးနှစ်ခုအား အထက်အမိန့် မရမချင်း ဆုတ်ပေး မည်မဟုတ်ဟု ၀ တပ်ဖွဲ့တပ်မှူးကြီး က ပြောသည် ။
![]() |
ဝ တပ်ဖွဲ့ကသိမ်းပိုက်ခဲ့သည့် ကျိုင်းတုံဘက်ကအဝင် အထူးဒေသ ၄ ၏ ပန်မတ်ဖိုင်းဂိတ်
|
“ ၀ က ဖမ်းထားတဲ့ ၁၅၁ ဦးကို စက်တင်ဘာ ၃၀ ရက်နေ့က ၁၇ ဦးလွတ်ပေး တယ်။ မနေ့က ညနေ ပိုင်းက ကျန်တဲ့ ၁၃၈ ဦးကိုပြန်လွတ်ပေးတယ်။ လက်နက်တွေလဲ ဒီမနက်ပြန်ရပြီ။ ပန်မတ်ဖိုင်းဂိတ် ကိုလဲပြန်အပ်တယ်။ ဒါပေမယ့် လွယ်ဆမ်ဆုမ် နဲ့ လွယ်ကျူဆိုင်းကိုတော့ အထက်အမိန့် မရရင် ပြန် မပေးနိုင်ဘူးပြောတယ်။ တပ်မဟာ ၄၆၈ မှူးပေါက်အိုက်ပန်းကပြောတယ်” - ဟုမိုင်းလားတပ်ဖွဲ့၏ ရှေ့တန်းအရာရှိတဦး ကပြောသည် ။
တပ်မဟာ ၄၆၈ တပ်မှူး ပေါက်အိုက်ပန်း မှာ ၂၀၀၅ ခုနှစ် စက်တင်ဘာလက ဘိန်းဖြူ ၄၉၆ ကီလိုဂရမ် နှင့် အတူ သျှမ်းပြည် အရှေ့ပိုင်း မိုင်းပြင်း မြို့နယ် တုံတာ၌ အဖမ်းခံခဲ့ရ၏။ ၀ ပြည်သွေးစည်း ညီညွတ် ရေး တပ်မတော်က ဒုတိယ အကြိမ် အပစ်ရပ် ငြိမ်းချမ်းရေး တည်ဆောက်ပြီး နောက်ပိုင်း သမ္မတကြီး ဦးသိန်းစိန် ၏ ပြည်ထောင်စုအစိုးရသစ် က ၄င်းအား လွတ်ငြိမ်း ချမ်းသာ ခွင့် ပေးခဲ့ သည် ။
ကျိုင်းတုံအခြေစိုက် တြိဂံတိုင်းစစ်ဌာနချုပ် နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက - “ကျနော်တို့ ဝ တပ်ဖွဲ့ ကိုဖုန်းဆက်မေးတယ်။ သူတို့ကတော့ စစ်ရေးလေ့ကျင့် တာပါတဲ့။ ဘာမှမဖြစ်ဘူးတဲ့။ အဲဒီလိုဘဲပြော တာ” - ဟုဆို၏ ။
မိုင်းလားတပ်စခ န်းအားစစ်သည်အင်အားအလုံးအရင်းဖြင့် ဝင်ရောက်သိမ်း ပိုက်သည့် ပေါက်အိုက်ပန်း သည် ဝ တပ်ဖွဲ့ခေါင်းဆောင် ပေါက်ယူချမ်းနှင့် တူ တော်စပ်ပါသည် ။
လွယ်ဆမ်ဆုမ် နှင့် လွယ်ကျူဆိုင်းတပ်စခန်းသည် ကျိုင်းတုံမြို့အထိမြင်နိုင် သည့် တောင်စခန်းဖြစ် သည်ဟု လည်းမိုင်းလားတပ်ဖွဲ့ဘက်ကအတည်ပြုေ ပာဆိုသည် ။
မိုင်းလားတပ်ဖွဲ့၏ အရေးပါတပ်စခန်းများအား ဝ တပ်ဖွဲ့ အင်အားသုံး သိမ်း ပိုက် ရခြင်းမှာ - ၁ ။ ၀ တပ်ဖွဲ့ ၏ အောက်ခြေအရာရှိအဆင့်တာစေလွတ်ရန် ဝ တပ်ဖွဲ့အကြံပေးတဲ့အပေါ် မိုင်းခေါင်းဆောင်လက်မခံ ပဲ ဥက္ကဌဦးစိုင်းလင်း ကိုယ်တိုင် ၂၁ ရာစုပင်လုံညီလာခံတွင်ပါဝင်ခြင်း၊ ၂၁ ရာစုပင်လုံညီခံ မှ ဝ တပ်ဖွဲ့ ကိုယ်စားလှယ်များနှုတ်ထွက်လာသော်လည်းမိုင်းလား ကိုယ်စား လှယ်များနှုတ်မထွက်လာသည့်အပြင် ၂၁ ရာစုပင်လုံညီလာခံကျင်းပရေးေ က်ာမတီတွင်ပါဝင်ခြင်း၊ အထူးဒေသ ၄ မိုင်းလားမြို့နယ် နှင့် မိုင်းယုမြို့ နယ်ခွဲနှစ်ခုပေါင်းအား အခါကိုယ်ပိုင်အုပ်ချုပ်ရဒေသအဖြစ် သတ်မှတ်ပေးရန် မိုင်းလား တောင်းဆိုခြင်း စသည့်အကြောင်းအရာများနှင့် စပ်ဆိုင်သည် ဟုပြည်ထောင်စုအင်စတီကျု ဒါရိုက်တာဦးခွန်ဆိုင်း က သုံးသပ်သည် ။
ဝ တပ်ဖွဲ့ UWSA မှာမူအထူးဒေသ ၄ နှင့် ကျိုင်းတုံမြို့၊ ကျိုင်းတုံခရိုင် အပါအဝင်သျှမ်းပြည်နယ် ၏ သံလွင်ရှေ့ခြမ်းဒေသအားလုံးအား ဝ ပြည်နယ် အဖြစ် သတ်မှတ်ပေးရန် ၂၁ ရာစုပင်လုံညီလာခံတွင် တင်ပြသည့် ၎င်းတို့ ၏စာတမ်းတွင်ပါရှိသည် ။
၂၀၀၉ ခုနှစ် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် မြန်မာ့တပ်မတော် စရဖမှူးဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့် မှ ဖိအားပေးစဉ် သျှမ်းပြည်အတွင်းဒုတိယ အမြင့်ဆုံးတောင်ထိပ်ဖြစ်သည့် မွန်ပန်နောဝ်တောင် စခန်း၊ တောင်ဘက် မဲခေါင်မြစ်အဝင် နမ့်လွေချောင်းဝ စခန်း၊ အပါအဝင် အရေးပါသည့် တပ်စခန်းကြီးများအားထိုစဉ် မိုင်းလားတပ်ဖွဲ့ သဘောတူညီချက်ဖြင့် ၀ တပ်ဖွဲ့ များပူးတွဲအခြေချ ထားပြီးဖြစ်သည် ။
Tags: News, War


