တောင်ကြီးမြို့နယ် ပြည်တော်သာရပ်ကွက်ရုံးမီးလောင်



သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် ပြည်တော်သာရပ်ကွက်၏ ရပ်ကွက်အုပ်ချုပ်ရေးရုံးမီးလောင်သဖြင့် ရုံးအဆောက်အအုံကြီး၂ ခုပြာကျသွားခဲ့ကြောင်းသိရသည် ။

ပြည်တော်သာအုပ်ချုပ်ရေးရုံးမီးလောင်နေစဉ်
စက်တင်ဘာလ ၃၀ ရက် ည ၈ နာရီ မိနစ် ၄၀ အချိန်တွင် တောင်ကြီးမြို့ ပြည်တော်သာရပ်ကွက် ကြံ့ခိုင်ရေးလမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးရုံးပေါက်ကွဲမီးလောင်မှုဖြစ်ပွါးခဲ့ပါသည် ။


“ ဘာကြောင့်မီးလောင်တယ်ဆိုတာတော့ အတိအကျတော့မသိရသေးဘူး။ ထရန်စဖော်မာပေါက်ကွဲ တယ်လို့ပြောကြသလို   မီးပုံးပျံအတွက် ယမ်းလုပ်တာကနေ ပေါက်ကွဲတာလို့လဲပြော နေကြတယ်။ ဝုန်းခနဲပေါက်ကွဲသံကြီးနဲ့အတူ မီးလောင်တယ်။ အရမ်းမြန်တော့ ဘာမှမရလိုက်ကြဘူး။ တိုက် ၂ လုံးတော့ပြာကျသွားပြီ။ ” ဟု တောင်ကြီး မှ သျှမ်းသံတော်ဆင့်သတင်းထောက်က သတင်းပေးပို့သည် ။


မီးလောင်မှုအား မီးသတ်ကား ၆ စီးဖြင့်လာရောက်ငြိမ်းသတ်ရာ ဒေသစံတော်ချိန် ည ၉ နာရီ မိနစ် ၂၀ တွင် မီးကောင်းစွာငြိမ်းနိုင်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ရုံး (တိုက်) ၂ လုံး ပြာကျဆုံးရှုံးရကြောင်း သိရသည် ။


သို့သော် ပျက်စီးဆုံးရှုံးမှုကာလတန်ဖိုးနှင့် သေကြေဒဏ်ရာရမှုကိုတော့မသိရသေးပေ ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates