သို့- သျှမ်းသံတော်ဆင့်



အလျဉ်းသင့်သလိုဖော်ပြပေးပါ ။

ရှမ်းပြန်နဲ့အဝှမ်း ကပြောင်းကပြန်တွေဖြစ်ကုန်ပါပြီ။ ငြိမ်းချမ်းရေးလက်မှတ်- ထိုးကြပြီးပြီတဲ့၊ ၂၁ ရာစုပင်လုံညီလာခံတဲ့ လုပ်ပြီးပြီ။ ဒါမယ့် တိုက်ပွဲတွေက ရှိနေတုန်း ။ ရွာသားတွေလည်း စစ်ဘေးရှောင်နေရတုန်း။ ရှမ်းပြည်သားတွေ ၁ ပူပေါ် ၂ ပူဆင့် ။


ပြောချင်တာက  ဒီနေ့ (အောက်တိုဘာလ ရ ရက် ) မွန်းလွဲ ၂ နာရီတိတိမှာ မူဆယ်-မန္တလေး ကားလမ်းမကြီး နမ့်ပေါ့တံတားအကျော် မန့်နျူ့-တာလုံမှာဆပ်ကြေးကောက်တယ်။ တအာင်းတပ်ဖွဲ့ TNLA ကပါ။ ကားကြီးကားငယ်အကုန်ကောက်တယ်။ မူစယ်နားမှာဘဲ ။


ကားငယ် ၂ သိန်း၊ တွဲကား ၂ သိန်း ကုန်တင်ရင် ၄ သိန်း Express က ၅ သိန်း ။ ကားငယ်က အစီးရေ ၃၀ လောက် ရှိတယ် ။  တန်းစီ နေတာနမ့်ပေါ့တံတားမှာ။  ဆပ်ကြေးကောက်တာ ၄ နာရီခွဲ ပြီးသွားတယ်။ ဘောင်ချာအဟောင်းရှိရင်  တနှစ်မပြည့်သေးတဲ့ဘောင်ချာ ရှိရင်တော့ မကောက်ဘူး ။


အမှန်တော့  မူစယ်တောင်ရောက်တော့မယ်။ ဒါဟာလုံးဝမဖြစ်သင့်တဲ့ကိစ္စ ပါ။ ခရီးသွားတွေ အတွက်လည်း အချိန်လည်းကြာတယ် ။


အခုလို ဆပ်ကြေးကိုပြောင်ပြောင်တင်းတင်းကောက်နေတာ ၊ ကောက်ခွင့်ပေးနေတာကတော့ နိုင်ငံရေးအခြေအနေဟာ အတော်ကို အခြေအနေဆိုးရွားနေပါတယ်။ ပြည်တွင်းပြည်ပ နိုင်ငံတကာ အတွက်လည်း မြင်မကောင်းရှုမကောင်း ။ အစိုးရဘဲဖြစ်ဖြစ်၊ ဆပ်ကြေးကောက်နေတဲ့ အဖွဲ့ဘဲဖြစ်ဖြစ် ပြည်သူလူထုကိုမလေးစားတာဘဲ ။


ဒါကြောင့် ဒီလိုကိစ္စမျိုးနောက်နောင်မရှိအောင် အစိုးရအနေနဲ့တာဝန်ယူဖြေရှင်းပေးပါ ။


သျှမ်းပြည်မြောက်ပိုင်းခရီးသွား တဦး




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates