RCSS ဘိန်းဖြတ်စခန်းမှ အစိုးရစစ်ကြောင်း ဖမ်းခေါ်သွားသော ထမင်းချက် ၂ ဦး အိမ်ပြန်မရောက်သေးသည့်အတွက် မိသားစု စိုးရိမ်



သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု၌ ရှိသော RCSS/SSA ၏ မူးယစ်ဆေးဝါး တိုက် ဖျက်သည့်စခန်းတွင် ထမင်းဟင်းသွားရောက်ချက်ပြုတ်သော ရွာသားနှစ်ဦးကို အစိုးရစစ်ကြောင်းမှ ဖမ်းဆီးခေါ်ဆောင်သွား သည့်နောက်ပိုင်း ကျန်ရစ်သည့် မိသားစုဝင်များ စားဝတ်နေရေးအတွက် အခက်ခဲကြုံတွေ့နေရကြောင်း သိရသည် ။


အောက်တိုဘာ ၁ ရက်နေ့က အကျင့်စာရိတ္တပြုပြင်ရေးစခန်းမှ ဘိန်းစွဲနေသူများအပြင် ၄င်းတို့အား ထမင်းဟင်း သွားချက်ကျွေးသည့် ရွာသား နှစ်ဦးကိုပါ တပ်မတော်၏ စစ်ကြောင်းမှ ၄င်းတို့နှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွား ကြောင်း ဒေသခံ ရွာသားများကပြောသည် ။


ထမင်းချက် ရွာသားနှစ်ယောက်သည် စိုင်းအောင်မြင့် အသက် ၄၃ နှစ်နှင့် စိုင်းကျော်လူ အသက် ၁၈ နှစ်တို့ဖြစ်ကြောင်း သိရသည် ။


စိုင်းအောင်မြင့်၏ဇနီးဖြစ်သူ နန်းပီးက “ သူတို့ဖမ်းသွားတာ ဘာသွားလုပ်မလဲတော့သိဘူး။ သူတို့လွှတ်ပေးလိုက်ပြီလား ဆိုတာလဲမသိဘူး၊ သူဘဲ ကျမတို့ မိသားစုကို ရှာကျွေးနေတာ။ မိသားစုလည်း သိပ်အဆင်မပြေဘူး။ ကျမတို့ မိသားစုက လက်လုပ်လက်စားဘဲ။ တစ်နေ့လုပ်တစ်နေ့စားဘဲ သူများအလုပ်ကိုဘဲ လိုက်လုပ် ပေးတယ်၊ ယာ ၁ ကွက်တောင် ကျမ တို့ မှာမရှိဘူး” ဟု ပြောသည် ။


ထိုသို့တပ်မတော်မှဖမ်းဆီးသွားသည့်နောက်ပိုင်း မိသားစုဝမ်းရေးဖြေရှင်းရင်အခက်အခဲများကြုံတွေ့ခဲ့ရကြောင်း၊ ရပ်ရွာလူထု နဲ့ရွာသူကြီးများက ထောက်ပံ့မှုများပေးအပ်ကြောင်း၊ သို့သော် ရေရှည်အတွက်ဖြေရှင်းရန်ခက်ခဲကြောင်းနန်းပီးကပြောသည် ။


“ အိမ်ထောင်ဦးစီးကိုခေါ်သွားတော့ ကျမတို့ သားအမိ စားဖို့ဆန်တောင်မရှိဘူး။ ရွာလူကြီးကို အကူညီသွားတောင်းရတယ်၊ လူကြီးတွေလည်း ကျမတို့ သားအမိကို ကူညီတယ်။ ငွေတစ်သောင်း၊ဆန်တစ်အိတ်နဲ့ ဆား ဟင်းချိုတွေဆီတွေ ပေးလာ ပါတယ်။ ရေရှည်ဖြေရှင်းဖို့တော့မလွယ်ဘူးလေ။ ကျမအမျိုးသားကိုပြန်လွှတ်ပေးရင်တော့ ကောင်းတာပေါ့။ ကျမက ကလေး ၄ ယောက်နဲ့ ဖြစ်နေတယ်လေ” ဟု နန်းပီးကပြောသည်။
တပ်မတော်စစ်ကြောင်းနှင့်ပါသွားသော စိုင်းကျော်လူ အသက် ၁၈ နှစ်မှာလည်း မိဘအိုကိုလုပ်ကျွေးနေသူတဦးဖြစ်ကြောင်း သိရသည် ။


တပ်မတော် စစ်ကြောင်းသည် ၄င်းတို့ ဖမ်းဆီးခေါ်ဆောင်သွားသော စာရိတ္တပြုပြင်ရေးစခန်းမှ ရွာသား ၂၅ ဦးကို အောက်တိုဘာ ရ ရက်နေ့တွင် ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း တပ်မတော်ပိုင် မြဝတီသတင်းတွင်ကြေငြာခဲ့ပြီဖြစ်သော် လည်း အဆိုပါထမင်းချက် တုံလောရွာသား နှစ်ဦး မှာမူ နေရပ်သို့ ပြန်မရောက်သေး ကြောင်း သိရသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates