မိုင်းရှူးဒေသခံမိုင်းထိမှန်မှု တပ်မတော် စွပ်စွဲချက်မဟုတ်မှန်ဟု SSPP/SSA တုန့်ပြန်
သျှမ်းပြည်တောင်ပိုင်း လွိုင်လင် ခရိုင် မိုင်းရှူးမြို့နယ်တွင် မှို ရှာထွက်ရင်း မြေး အဖိုး ၂ ဦး နင်းမိ သော ထောင်မိုင်းမှာ သျှမ်းပြည်တိုးတက်ရေးပါတီ ၊ သျှမ်းပြည်တပ်မတော် SSPP/SSA တပ်ဖွဲ့၏ ထောင်မိုင်းဖြစ်ကြောင်း အစိုးရ တပ်မတော် ပိုင်မြဝတီ သတင်းစာ တွင်စွပ်စွဲထားချက်မှာ မဟုတ်မှန် ကြောင်း SSPP/SSA မှ ကြေငြာချက်တစောင်ထုတ်ပြန်လိုက်သည် ။
![]() |
| မိုင်းရှူးမြို့ ရပ်ကွက် ၄ မှ မိုင်းနင်းမိ မြေးအဖိုး |
အောက်တိုဘာလ ၁၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော SSPP/SSA ၏ကြေငြာချက်တွင် အချက် ၃ ချက်ပါရှိရာ - အရှေ့အလယ်ပိုင်းတိုင်းမှူး၏ ညွှန်းစာအရ မိုင်းရှူးမြို့နယ် မော်မေ့ရွာအနီး တောင်ယာ တွင်မှိုသွားရှာသော ရပ်ကွက် ၄ မှရပ်ကွက်သား ဦးလုံးကူ နှင့် မြေး တို့နင်းမိသော ဗုံးမှာ SSA ၀မ့်ဟိုင်းအဖွဲ့မှထောင်ထားသော ဒေသန္တရလုပ်တိုက်မိုင်းဖြစ်ကြောင်း ပြောဆိုသည့်အပေါ် မိမိတို့၏ လက်ချက်မဟုတ်ကြောင်း အကြောင်းကြားသည် - ဟု ပါရှိသည် ။
၎င်းနှင့်ပတ်သက်ပြီး သျှမ်းပြည်တိုးတက်ရေးပါတီ ၊ သျှမ်းပြည်တပ်မတော် SSPP/SSA အတွင်းရေးမှူး ၃ စဝ်ဘထွန်းက " ဒေသခံ မြို့ရွာအတွင်းဖြစ်ေ စ မြို့ပြင်ဖြစ်ေ စ ပေါက်ကွဲမှု ရှိပါက တပ်မတော် အနေနဲ့ အမြဲညှိုးချလေ့ရှိ တယ်။ မိမိတို့အနေနဲ့ သျှမ်းပြည်သူလူထုကို ဘယ်သောအခါမှ ပစ်မှတ်ထား တိုက်ခိုက်တာမရှိဘူး။ လူထု ထိခိုက်နစ်နာအောင် မလုပ်ဘူး " ဟု ပြောဆို သည် ။
အဆိုပါကြေငြာချက်တွင် သျှမ်းပြည်တိုးတက်ရေးပါတီ ၊ သျှမ်းပြည်တပ်မတော် SSPP/SSA သည် ငြိမ်းချမ်းရေးကိုတန်ဖိုးထားသည်ဖြစ်ရာ လူထုအား ထိပ် လန့်စေခြင်း၊ ငြိမ်းချမ်းရေးကိုခြိမ်းခြောက်သည့် စစ်ရေးအလွန် အကျွံ လှုပ် ရှားခြင်းမရှိခဲ့ကြောင်းနှင့် မိုင်းရှူးမြို့တဝိုက်တွင် SSPP/SSA အပြင် မြန်မာ တပ်မတော်၊ ပြည်သူ့ရဲတပ်ဖွဲ့ အစရှိလက်နက်ကိုင်တပ်ဖွဲ့များလှုပ်ရှား သည့် ဒေသဖြစ်ကြောင်း ပါရှိပါသည် ။
မိုင်းရှူးမြို့တွင် အောက်တိုဘာ ရ ရက်နေ့က မှိုရှာထွက်ရင်း မြို့ဆင်ခြေ ဖုံး ကောင်းမူးနန်း ကောဝ်ဟန့် စေတီတော် တောင်ကုန်း အနီး မြေမြုပ် မိုင်းနင်းမိသဖြင့် ဒဏ်ရာရရှိသွားသော ဒေသခံ လုံးဆန်လူ (ဦးလုံးကူ) အသက် ၆၀ နှင့် နန်းစိန် အသက် ၉ နှစ်တို့ မြေးအဖိုးမှာ ဒဏ်ရာပြင်းထန်မှုရရှိသဖြင့် ခိုလမ်မြို့ စစ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်းသိရသည် ။
အဆိုပါနေ့ရက်တွင် မြန်မာအစိုးရတပ်မတော် မှ ဒေသအတွင်းလှုပ်ရှားသည့် တပ်ရင်းတခုက မိုင်းရှူးမြို့နယ်အတွင်းရှိ သျှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းတခုအား ၀င်ရောက် တိုက်ခိုက် ခဲ့ပါသေးသည် ။
Tags: News, politic


