ဆာမူရိုင်းအဖွဲ့လှုပ်ရှားရာမြို့နယ်ဟုသတင်းကြီးနေသည့်ချင်းမိုင်မြို့တွင်းမြို့နယ်တချို့ရှိမြန်မာနိုင်ငံမှ ရွှေ့ပြောင်း အလုပ်သမားတန်းလျားများအား ထိုင်းအာဏာပိုင်များတိုးမြင့်စစ်ဆေး
ထိုင်းနိုင်ငံချင်းမိုင်မြို့တွင်ရဲ၊လဝက၊စစ်တပ်နှင့်အုပ်ချုပ်ရေးပိုင်းမှအာဏာပိုင်များပူးပေါင်းကာရွှေ့ပြောင်းအလုပ်သမားများအားတန်းလျားအထိသွားရောက်ကာစစ်ဆေးမှုများရှိခဲ့ကြောင်းသိရသည် ။
![]() |
ဟန်ဒုန်းမြို့နယ်တွင် ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းအာဏာပိုင်များက စစ်ဆေးနေစဉ် |
အလုပ်လုပ်ခွင့်ကတ်ပြား၊နေထိုင်ခွင့်ကတ်ပြားများအပြင်ယောကျာ်းလေးများအား အင်္ကျီချွတ်စေကာ ခန္ဓာကိုယ်များတွင် တက်တူးများထိုးထားခြင်းရှိ - မရှိပါ စစ်ဆေးခဲ့သည်ဟုစိုင်းဆိုင်ကပြောသည် ။
အောက်တိုဘာလနှောင်းပိုင်းမှစပြီး တက်တူးများထိုးထားသော ဆာမူရိုင်းဓါး ကိုင်ဆောင်သည့် လူငယ် အဖွဲ့ သည်အဆိုပါဟန်ဒုန်း၊ ဆာရဖီးမြို့နယ် များတွင် ညအချိန်လမ်းသွားများ အားလိုက်လံ သတ်ဖြတ် ရန်ပြုနေကြောင်း၊အဆိုပါအဖွဲ့မှာမြန်မာနိုင်ငံမှသျှမ်းရွှေ့ပြောင်းအလုပ်သမား များဖြစ် သည်ဟု ထိုင်း သတင်း မီဒီယာများတွင် ရေးသားဖော်ပြပြီးနောက် ထိုင်းအာဏာပိုင်များက ထိုသို့ ကွင်းဆင်းစစ်ဆေး ခဲ့ခြင်းဖြစ်ကြောင်း၊ဆက်လက်ပြီးစစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း၊ တန်ဆောင်မုန်းလပြည့် ထိုင်းရိုးရာယဉ်ကျေးမှုလွဲကထုန်းမီးမျောပွဲတော်ကာလအတွက်လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ခြင်းဖြစ်ကြောင်းဒေသအမှတ် ၅ ခရိုင်ရဲတပ်ဖွဲ့က တရားဝင် ထုတ်ဖော်ကြေငြာခဲ့ပါသည် ။
Tags: Human Right, News