သမိုင်းဝင်အမွေအနှစ်တန်ဖိုးထားတတ်စေရေး သိန္နီစော်ဘွားကြီးခွန်ဆန်တုန်ဟုန်း၏ အုတ်ဂူအားလူငယ်များ ထိန်းသိမ်းပြုစု



သိန္နီမြို့နယ် သျှမ်းစာပေနှင့်ယဉ်ကျေးမှု၊ သျှမ်းလူငယ်၊ ဒေသခံတို့ ပေါင်းစုကာ သျှမ်းသမိုင်းဝင်သိန္နီစော် ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ အုတ်ဂူနှင့်မြေနေရာအား သွားရောက် သန့်ရှင်းရေးပြုလုပ်ကြောင်းသိရသည် ။


သိန္နီမြို့ ကောင်းဟော်အုပ်စုရှိစော်ဘွားကြီးခွန်ဆန်တုန်ဟုန်း၏ အုတ်ဂူအားအောက်တိုဘာလ ၆ ရက် နံနက် ပိုင်းက သျှမ်းစာပေယဉ်ကျေးမှုအဖွဲ့ကသွားရောက်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီးယနေ့ခေတ်လူငယ်များ  သမိုင်းဝင် အမွေအနှစ်ကိုတန်ဖိုးထားတတ်ရန်နှင့် သမိုင်းကိုထိမ်းသိမ်းတတ်စေရန်ရည်ရွယ်ကြောင်းသိန္နီမြို့ သျှမ်းစာပေ ယဉ်ကျေးမှုအတွင်းရေးမှူး နန်းဆိုင်လောဝ်ကပြောသည် ။


ဆရာတော် သံဃာတော်တွေကအချိုရည်တွေ မုန့်တွေ လာပြီးစွန့်ကျဲတယ်။ သန့်ရှင်းရေးလုပ်တဲ့လူငယ်တွေလဲ တက်တက်ကြွကြွနဲ့အားရစရာကောင်းပါတယ်။ - ဟုသန့်ရှင်းရေးလုပ်ဆောင်နေသည့် ဒေသခံ စိုင်းပီး က ပြောသည် ။


အဆိုပါရှင်းလင်းရေးနေရာသို့ သျှမ်းစာပေယဉ်ကျေးမှုမှအကြီးအကဲများရပ်မိရပ်ဖများ၊ ရွာသူရွာသားများနှင့် လူငယ်များစုပေါင်းအင်အား ၅၀ ကျော်က ခွန်ဆန်တုန်ဟုန်း၏ အုတ်ဂူနေရာအား ချုံနွယ်မြက်ပေါင်းရှင်း လင်းခဲ့ကြကြောင်းဆိုပါသည် ။


စော်ဘွားကြီးခွန်ဆန်တုန်ဟုန်းသည် သက်တော် ၃၇ နှစ်အရွယ်တွင် သိန္နီနယ်အားစတင် အုပ်စိုးရာစော်ဘွား သက် တမ်း ၁၈ နှစ်ကြာခဲ့သည်။ သက်တော် ၅၅ နှစ်ပြည့်တွင် နှစ်လုံးရောဂါဖြင့် ၁၉၁၆ ခုနှစ် ဧပြီလ ၄ ရက် နေ့တွင် နတ်ရွာစံကွယ်လွန်ခဲ့ပါသည် ။





 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates