ကြားဖြတ် ရွေးကောက်ပွဲမတိုင်မှီ NLD ရန်ကုန်ဝန်ကြီးချုပ် ၊ စီးပွားရေး လုပ်ငန်း ရှင်တစ်ဦးနှင့် အလဲဗင်းမီဒီယာတို့ အကြား ဒေါ်လာ တစ်သိန်းတန် နာရီနှင့် ပတ်သက်၍ အငြင်းပွားမှုပေါ်ပေါက်



NLD အစိုးရ၏ ၀န်ကြီးချုပ်တစ်ဦးမှ ဒေါ်လာတစ်သိန်းခန့် တန်ကြေးရှိသည့် နာရီတစ်လုံးအား စီးပွားရေး လုပ်ငန်းရှင်တစ်ဦးထံမှ လက်ခံရယူခဲ့သည်ဟု သတင်းဆောင်းပါးတွင် အလဲဗင်းမီဒီယာမှ ဖော်ပြခဲ့မှုအပြီး အချေတင် အငြင်းပွားမှုများ ပေါ်ပေါက်နေပါသည် ။

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း
အလဲဗင်းမီဒီယာ၏ အပတ်စဉ်ထုတ်ဂျာနယ်တွင် ရွေးကောက်ပွဲ တစ်နှစ်ခန့်ကြာသော် ဆောင်းပါး၌ လစာ ဒေါ်လာ ၂၅၀၀ ခန့်သာ ရရှိနေသည့် ၀န်ကြီးချုပ် တစ်ဦးမှ ဒေါ်လာတစ်သိန်းခန့် တန်ကြေးရှိသည့် နာရီ ၀တ်ဆင်သည်ဆိုပြီး ဖော်ပြမှုအပြီး အလဲဗင်းမီဒီယာနှင့် အန်အယ်လ်ဒီ တာဝန်ရှိသူအချို့အကြား အငြင်းပွားမှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည် ။


ယင်းဖြစ်စဉ်အပေါ်ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ အလဲဗင်းမီဒီယာထံ နိုဝင်ဘာလ ရ ရက်နေ့ရက်စွဲဖြင့် အကြောင်း ကြား စာပေးပို့ခဲ့သော်လည်း အလဲဗင်းမီဒီယာဘက်မှစာနယ်ဇင်းကျင့်ဝတ်အရ ဖြေကြားခွင့်မရှိကြောင်း အကြောင်း ပြန် စာပေးပို့ခဲ့ပြီးနောက် ဥပဒေကြောင်းအရ တရားစွဲဆိုမှုများ ပြုလုပ်ရန် အပြန်အလှန်ပြင် ဆင်လာ ခဲ့ခြင်းဖြစ်သည် ။


အလဲဗင်းမှ ဖော်ပြခဲ့သည့် ဆောင်းပါးတွင် အဆိုပါ နာရီမှာ မူးယစ်ဆေးဝါးအမှုဖြင့် ထောင်ကျ ခဲ့ပြီး မကြာသေးခင်ကမှ လွတ်မြောက်လာသူလုပ်ငန်းရှင်တစ်ဦးက ပေးအပ်ခဲ့သည်ဟု ဖော်ပြထားသည် ။


ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အလဲဗင်းမီဒီယာမှာ ကျင့်ဝတ်နှင့် မညီ အပုပ်ချခြင်းသာဖြစ်သည်ဟု အန်အယ်လ်ဒီ ပါတီ၏ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က ဘီဘီစီမြန်မာပိုင်းသို့ ပြောကြားခဲ့သည် ။


ရန်ကုန်တိုင်းအစိုးရ အနေဖြင့်လည်း နိုဝင်ဘာ ၉ ရက်နေ့တွင် သတင်းစာရှင်းလင်းမှု ပြုလုပ်ရန် ပြင်ဆင်နေပြီး အလဲဗင်းအား တရားစွဲဆိုသွားမည်ဟု ဦးဝင်းထိန်က ပြောဆိုခဲ့သည် ။


အလဲဗင်းမီဒီယာဘက်ကမူဥပဒေကြောင်းအရ တုံ့ပြန်သွားမည်ဟု အလဲဗင်းမီဒီယာ အယ်ဒီတာချုပ် ဦးဝေဖြိုးက ယနေ့ နိုဝင်ဘာလ ၈ ရက်နေ့ ညနေပိုင်းက ပြုလုပ်သည့် သတင်းစာရှင်းလင်းမှုတွင် ပြောဆိုသည် ။


“ BBC မြန်မာပိုင်းကို ဦးဝင်းထိန်ဖြေကြားရာမှာ ကျနော်တို့စတင်ရေး သားစဉ်က ဦးဖြိုးမင်းသိန်း ရန်ကုန်တိုင်း ၀န်ကြီးချုပ်လို့ သုံးစွဲခဲ့တဲ့စကားလုံး တစ်လုံးမှ မပါဘဲ ကျနော်တို့ ရေးသားခဲ့တဲ့ ကျနော်တို့ အပုတ်ချခဲ့ တဲ့အကြောင်းအရာကြောင့် တရားစွဲမယ် ဒါတွေလုပ်ပါမယ်ပြောတယ်။  ကျနော်တို့ ကတော့ကျင့်ဝတ်အတိုင်း ပဲ ရင်ဆိုင်မယ်”ဟု ဦးဝေဖြိုး က ပြောသည် ။


အယ်ဒီတာ့အာဘော်တွင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဟု ရေးသားဖော် ပြ ထားခြင်းမရှိ သကဲ့သို့ ဒေါ်လာတစ်သိန်းတန် ဟု ဖော်ပြထားခြင်းလည်းမရှိကြောင်းလည်း ဦးဝေဖြိုးက ဆိုသည် ။


Daily Eleven သတင်းစာတွင် ဖော်ပြခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်က နိုဝင်ဘာ ၉ ရက် နံနက် ၁၀ နာရီတွင် လည်းကောင်း၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်က နိုဝင်ဘာ ၉ ရက် ညနေ ၄ နာရီတွင် လည်းကောင်း သတင်းစာရှင်းလင်းရန် မီဒီယာများအား ဖိတ်ကြားထားသည် ။


“ တရားစွဲဆိုတာ ရှိလာနိုင်တယ်။ ဘာကြောင့်လဲဆိုရင် အလဲဗင်းမီဒီယာ က ပြန်ကြားတဲ့ ပြန်ကြား ချက် ဟာ ကိုဖြိုးမင်းသိန်းမေးတဲ့ မေးခွန်းနဲ့ ပတ်သက်လို့ ရေရေရာရာဖြေထားတာ မရှိတဲ့အတွက် နောက် တဆင့်က တရားစွဲတာ ဖြစ်လာလိမ့်မယ်” ဟု ဦးဝင်းထိန်က ဘီဘီစီ မြန်မာပိုင်း ကို ပြောကြားကြောင်း ဘီဘီစီ မြန်မာ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည် ။


NLD အနိုင်ရခဲ့သည့် ရွေးကောက်ပွဲ ကျင်းပပြီးစီးသည်မှာ တနှစ်ပြည့် လာပြီဖြစ်သော်လည်း ရွေးကောက် ပွဲ ကတိကဝတ်အများစုမှာ အကောင်ထည်ဖော်နိုင်ခြင်း မရှိသေးပဲ၊ တိုက်ပွဲများ ပဋိပက္ခများ လည်းဆက် လက်ဖြစ်ပွားနေကာ တောင်သူအများစုမှာလည်း အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု သတင်းမီဒီယာများတွင် ဖော်ပြချက်အရသိရသည် ။


ယင်းသို့ အခြေနေများနှင့် ကြုံတွေ့နေရသော်လည်း လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် နေရာ အား လုံး ၀င်ရောက်ယှာဉ်ပြိုင်မည့် NLD မှာ သျှမ်းပြည်အတွင်းမဲဆန္ဒနယ်များအပါဝင် မဲဆန္ဒနယ်အားလုံးကို အနိုင်ရရှိရန်မျှော်မှန်းထားကြောင်း ပါတီတာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုထားသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates