အစိုးရတပ်မတော်ကို တိုက်လေယာဉ်တွေပေးထားပြီး ၀ တပ်ဖွဲ့တွေကိုတော့ လေယာဉ်ပစ်ချဖို့ သေနတ်ပေးထားတယ်
မိုင်းလားနယ်မြေ အတွင်းရောက်ရှိနေတဲ့ ၀ တပ်တွေ အောက်တိုဘာ ၂၄ ရက်နေ့ နောက်ဆုံးထားပြီး တပ်ဆုတ် ဖို့ ၀ တပ်ဖွဲ့ကို မြန်မာအစိုးရ တပ်မတော်က ညွှန်ကြားတဲ့နောက်ပိုင်း ၀ တပ်ဖွဲ့ တပ်ဆုတ်တာတွေ မရှိတဲ့အ တွက်နှစ်ဖက် စစ်ရေးပြိုင်ဆိုင်တိုးချဲ့ မှုတွေ ပြုလုပ်နေပါတယ်။ ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA နဲ့ တပ်မတော်တို့တိုက်ပွဲ ဖြစ်ပွားလာနိုင်ဖွယ်ရှိပါသလား။ တိုက်ပွဲဖြစ်လာရင်ဘယ်လို ဂယက်ရိုက်မှု တွေ ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်မလဲ ။ မြန်မာ့ငြိမ်းချမ်းရေးကိုပံ့ပိုးမှုပေးနေတဲ့ ပြည်ထောင်စု အင်စတီကျု ဒါရိုက် တာ ဦးခွန်စိုင်းကို မေးမြန်းထားပါတယ် ။
မေး ။ ။ အောက်တိုဘာ ၂၈ ရက်ကနေ နိုဝင်ဘာလဆန်းပိုင်း လောက်အထိ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်ပြည်ကိုသွားတယ်။ ဒီခရီးစဉ်က ၀ တပ် နဲ့ တပ်မတော် ကြား စစ်ရေး ပြေလျှော့မှုတွေ ဖြစ်လာနိုင်မလားခင်ဗျား ။
ဖြေ ။ ။ ဖြစ်နိုင်တာအားလုံးက ၄- ၅ မျိုးရှိမယ်။ နံပတ် ၁ က ဘာလဲဆိုတော့ တရုတ်ပြည်ကနေပြီး တော့ ဗမာ့တပ်မတော်ကိုရော UWSA - ၀ ကိုရော လက်နက်ထောက်ပံ့ထားတယ်။ ဥပမာဆိုပါတော့ ဗမာ့တပ်မတော် ကို လေယာဉ်ပျံပေးတယ်။ လေယာဉ်ပစ်ချတဲ့လက်နက်ကိုတော့ ၀ ကိုပေးတယ် ။ အဲသလိုပုံစံနဲ့ သွားတယ်။ သူကဆိုလိုတာကတော့ ခင်ဗျားတို့ကိုမတိုက်စေချင်ဘူး။ တိုက်လို့ရှိရင်ခင်ဗျားတို့ ၂ ဘက်လုံး နစ်နာမယ်။ တိုက်ပွဲဖြစ်လာရင် ၂ ဘက်စလုံးသေကြေပျက်စီး နစ်နာမယ်။ အများဆုံးနစ်နာမှာကတော့ လူထု ပေါ့နော်။ ၀ ရဲ့မဟာမိတ်တွေက ဗမာ့တပ်မတော်ကိုတိုက်နေတယ်။ KIA တို့ AA တို့ TNLA တို့ MNDAA တို့ SSA မြောက်ပိုင်းတို့ သူတို့ကတိုက်နေကြတယ် ။
မေး ။ ။ ဟုတ်ကဲ့ ဒီအခြေအနေမှာ UWSA ထပ်ဝင်လာရင်ကော ။
ဖြေ ။ ။ ဒီနေရာမှာ UWSA ထပ်ဝင်လာရင် တိုက်ပွဲက ပျံ့သွားနိုင်တယ်။ အနည်းဆုံးပျံ့နိုင်မှာက သျှမ်းပြည်မြောက်ပိုင်း၊ အလယ်ပိုင်း အရှေ့ပိုင်း တွေပေါ့။ အဲလိုဖြစ်လာရင် လူထုဘယ် လောက် နစ်နာမယ်ဆိုတာ အားလုံးသဘောပေါက်လိမ့်မယ်လို့ ကျနော်ထင်တယ်။ ရပ်ရွာကိုစွန့် တခြား နိုင်ငံ ကိုပြေးတာက ကျနော်တို့ထင်တာ သက္ကရာဇ် ၂၀၀၀ မှာကုန်သွားပြီလို့ထင်တာ။ အခုထပ်ရှိလာဦးမယ်လို့ မြင်တယ်။ ဒီလိုဖြစ်လာပြီဆိုရင် စစ်အေးရေးဟာလည်း ၁၉၈၉ မှာ စစ်အေးကြီးကချုပ်ငြိမ်းသွားပြီလို့ ထင် တယ်။ အခုက ထပ်ဖြစ်လာမယ်။ စစ်အေးဆိုတာက တဖက်က သူတို့ခေါ်နေတာက ကိုယ်စားလှယ်တိုက်ပွဲ ပေါ့ဗျာ။ ကိုယ်တိုင်မတိုက်ဘဲနဲ့ ကိုယ်စားလှယ်နဲ့ တိုက်နေတဲ့စစ်ပွဲ Proxy War လို့ခေါ်တယ်။ ဗမာ့တပ်မတော် ဘက်မှာလဲ အင်အားကြီးနိုင်ငံရှိ ၀ ဘက်မှာလဲအင်အားကြီးနိုင်ငံနောက်ခံ ရှိ။ သူတို့ကိုယ်တိုင်မတိုက်ဘဲ သူတို့ မဟာမိတ်က တိုက် လာတယ်။ ဒီ ဥစ္စာ မကောင်းတဲ့ဟာဘဲ။ ဒါကြောင့်ဒီကစ္စကိုကျနော်ထင်တယ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နိုင်ငံတော်အတိုင်ပင်ခံတို့ သိမယ်ထင်တယ်။ ဒီတော့ ဒီလိုမဖြစ်အောင်သူ တို့ကြိုးစားလိမ့် မယ်လို့ မျှော်လင့်ပါတယ် ။
မေး ။ ။ အဲဒီလိုဆို အစိုးရ တပ်မတော် နဲ့ ၀ တပ်မတော် တိုက်ပွဲဖြစ်ရင် တိုင်းပြည်အတွက်ကော ဆရာတို့ လုပ်နေတဲ့ ငြိမ်းချမ်းရေးကော ဘယ်လိုဖြစ်လာနိုင်မလဲ ။
ဖြေ ။ ။ ဒီဥစ္စာက ထုံးစံပါဘဲ ကျနော်တို့ ပထမစစ်အေးက ၁၉၄၉ မှ ၁၉၈၉ အထိ။ နှစ်ပေါင်း ၄၀ အထိဖြစ်ခဲ့ တယ်။ အဲတုန်းက ဗကပ ဆိုတာရှိတာကိုး။ ဗကပ နောက်ကွယ်မှာ တရုတ်ရှိတယ်။ ဥက္ကဌကြီး မော်စီတုန်း က လည်း အာဏာရှိ နေချိန်ဖြစ်တယ်။ သူက ဗကပကိုအသိအမှတ်ပြုပြီး ကူညီထားတယ်။ လက်နက် ခဲယမ်းမီး ကျောက်ရချင်တဲ့တိုင်းရင်းသားတွေလဲ ဗကပဆီသွားကြတယ်။ အဲတုန်းက ဗကပ မဟာမိတ်နဲ့ အစိုးရ နဲ့တိုက် ကြတယ်။ နှစ်ပေါင်း ၄၀ ကြာခဲ့တယ်။ အခုလည်း အဲလိုမဖြစ်ဘူးဆိုတာမပြောနိုင်ဘူး။ ဖြစ်ခဲ့ရင်လည်း ကျနော် တို့ လုပ်လာတဲ့ငြိမ်းချမ်းရေး ၅ နှစ်၊ သမ္မတ ဦးသိန်းစိန်လုပ်နေတဲ့ ငြိမ်းချမ်း ရေးဖြစ်စဉ် က လဲ ပျက်ပြားသွား နိုင်တယ် ။
မေး ။ ။ အခုတိုက်ပွဲ ဖြစ်ပွားဖို့ အလားအလာ ရှိနိုင်သလားခင်ဗျ ။
ဖြေ ။ ။ ဒီကိစ္စက တော်တော်ပြောရခက်တဲ့ကိစ္စပေါ့နော်။ ကျနော်တို့ ဒုတိယကမ္ဘာစစ်မဖြစ် ခင်တုန်း ကလည်း ပထမကမ္ဘာစစ်တုန်းက လူတွေဘယ်လောက်တောင်သေကြေ ဆုံးရှုံးခဲ့ရသလဲဆိုတာ ခေါင်း ဆောင် တွေသိကြ တယ်။ ဒါကြောင့် နောက်ထပ်ကမ္ဘာစစ်ဆိုတာ ဘယ်နည်းနဲ့မှမဖြစ်ဘူးလို့ပြောတယ်။ ဒါပေမယ့် ဘယ်လောက် ဘဲပြောပြော ဖြစ်ခဲ့တယ်။ အခုလည်း ကျနော်တို့က ပထမစစ်အေးတုန်းက လူတွေဘယ်လောက်သေကြေ ခဲ့ တယ်ဆိုတာ ကျနော်တို့ သိခဲ့ကြပြီ။ နောက်ထပ်တခါမဖြစ်ဘူးလို့ ကျနော်တို့ ထပ်ပြောလို့မရပါဘူး။ ပြောလို့ ရအောင်ကတော့ ကျနော်တို့ဒီခေါင်းဆောင်တွေကိုဘဲ ကျနော်တို့ကိုယ်တိုင်၊ လူထုကိုယ်တိုင် ပါဝင်ပြီးတော့မှ စစ်မဖြစ်အောင်အားပေးကြမယ်ဆိုရင်တော့ ဒီဥစ္စာ ဖြစ်ပေါ်နိုင်ပါတယ် ။
မေး ။ ။စစ်နောက်ထပ်မဖြစ်အောင် ဘယ်လို လုပ်သင့်လဲ ။
ဖြေ ။ ။သူတို့အခု အစိုးရဘက်ကနေပြီးတော့မှ ၀ နဲ့စေ့စပ်ဆွေးနွေးမယ်လို့ စေ့စပ်ကမ်းလှမ်းမယ်။ ဒီလို ကမ်းလှမ်းတာကိုသူတို့လက်ခံသင့်ပါတယ်။ ဒီကိစ္စက ၀ ဘက်ကလဲ လက်ခံရမှာပေါ့။ ပစ်ခတ်မဲ့ အစား ငြင်းခုံ တာပိုကောင်းပါတယ်။ ဒီလိုမဖြစ်လာအောင်နိုင်လဲ ကာကွယ်ရေးဦးစီးချုပ်ကလည်း တရုတ်ပြည်သွားပြီး ဆွေး နွေးတယ်လို့ကြားတယ်။ ကောင်းတဲ့အလုပ်ဖြစ်ပါတယ်။ တဖက်ကလည်း တပ်မတော်ဘက်ကလဲ အာမခံ ချက်ပေးရမှာပေါ့။ ကြားနေဝါဒကို ခိုင်ခိုင်မြဲမြဲဘဲ စွဲကိုင်ထားတယ်။ ဘယ်ဘက်မှ ဘက်မလိုက်ဘူးဆို တာကို သူတို့က အာမခံချက်ထပ်ပေးရမှာပေါ့။ နောက်ပြီးတိုက်ပွဲထဲမှာမပါတဲ့အဖွဲ့တွေအများကြီးရှိတယ်။ လက်မှတ် ထိုးတဲ့အဖွဲ့က ၈ ဖွဲ့ လက်မှတ်မထိုးဘဲတိုက်ပွဲဖြစ်နေဆဲအဖွဲ့တွေလည်းရှိတယ်။ မွန်တို့ ကရင်နီတို့ စသည်ဖြင့် ပေါ့။ ဒီအဖွဲ့တွေလည်း သူတို့ပူးပေါင်းပြီး စစ်မဖြစ်ရေးကို လုပ်မယ်ဆိုရင် ဒီကိစ္စက လုံးဝ အောင်မြင်မှာပါ။ ၀ နဲ့ ပတ်သက်တဲ့အဖွဲ့လည်းစဉ်းစားဖို့လိုပါတယ်။ တတိုင်းပြည်လုံးနစ်နာမယ့်အရေးကိုအစိုးရကိုပုံချ ကိုယ့်ဘက် က ဘာမှ မလုပ်တာတော့မကောင်းပါဘူး။ အရေးအကြီးဆုံး နံပါတ် ၁ က အစိုးရ အစိုးရဘဲပေါ့။ ၂ - လက်နက်ကိုင် တော်လှန်ရေးအင်အားစု၊ ပါတီ၊ လူထု အဖွဲ့အစည်းတွေ။ ဒီတော့အားလုံးပူးပေါင်းပြီးတော့မှ စစ်မဖြစ်ရေးကို လုပ်မယ်ဆိုရင် ဒီကိစ္စက လုံးဝအောင်မြင် မှာပါ ။
ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်ခင်ဗျ။

Tags: Interview