တောင်ကြီးမြို့ ဗုဒ္ဓတက္ကသိုလ်တွင် ပထမအကြိမ် အပြည်ပြည်ဆိုင်ရာ ကထိန်အကြောင်း စာတမ်းဖတ်ပွဲကျင်းပ



သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ ဗုဒ္ဓတက္ကသိုလ်၌ ပြုလုပ်သည့် ပထမအကြိမ် အပြည်ပြည်ဆိုင်ရာ ကထိန်အကြောင်း စာတမ်းဖတ်ပွဲကို အင်္ဂလိပ်-ပါဠိ နှစ်ဘာသာဖြင့် ဖတ်ကြားသွားကြောင်း သိရသည် ။


အဆိုပါ ကထိန်ပွဲအကြောင်း စာတမ်းများကို ပြည်တွင်း ပြည်ပ မှ ဆရာတော် ၁၃ ပါး ဖတ်ကြားသွား ကြောင်း ဗုဒ္ဓတက္ကသိုလ်မှ အထွေထွေအတွင်းရေးမှူး အရှင်မဟော်သဓာလင်္ကာရ ဘိဝံသ မှ မိန့်ကြား တော်မူသည် ။


သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ ချက် သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ တို့မှ ဆရာတော် ရ ပါး နှင့် မြန်မာနိုင်ငံမှ ဆရာတော် ၆ ပါး ဖတ်ကြား တော်မူခဲ့သည်ဟုလည်းသိရသည် ။


“ ဘာကြောင့် ပါဠိဘာသာ နဲ့ စာတမ်းဖတ်ရသလဲဆိုတော့ ပါဠိက မြတ်စွာဘုရားရဲ့ ပထမဦးဆုံးသော စကားဖြစ်တယ်။ ပြန်ပြီး ဂုဏ်မြင့်တယ် ပြန့်ပွားအောင်ပေါ့၊ ပြီးတော့ ပါဠိ က ဘာသာစကားတစ်ခုဘဲ၊ နောက်တစ်ခုက ဘာကြောင့် အင်္ဂလိပ်လို ဖတ်လည်းဆိုတော့ အင်္ဂလိပ်စကားက အပြည်ပြည်ဆိုင်ရာ (international) ဘာသာစကား ဖြစ်တဲ့အတွက်ကြောင့် အင်္ဂလိပ် ဘာသာနဲ့ စာတမ်းဖတ်ရခြင်းဖြစ် တယ်။ လာရောက်နားထောင်တဲ့ ဧည်သည်တော်တွေ နားလည်အောင် တိုက်ရိုက် စကားပြန်တဲ့ စက်ကိရိယာနဲ့ လုပ်ထားပေးတယ်” ဟု အရှင်မဟောသဓာလင်္ကာရာဘိဝံသ က မိန့်တော်မူသည် ။


အပြည်ပြည်ဆိုင်ရာ ကထိန်အကြောင်း စာတမ်းဖတ်ကြားခြင်းသည် ကမ္ဘာပေါ်တွင် ပထမဦးဆုံးသော ကထိန်အကြောင်း စာတမ်းဖတ်ကြားခြင်းဖြစ်ပြီး ဗုဒ္ဓသာသနာပြန့်ပွားသည့် နိုင်ငံတိုင်းတွင် ကထိန် ခင်းကြပြီး လုပ်ထုံးလုပ်နည်းများကွဲပြားခြားနားသည့် အနေအထားကို ကျယ်ကျယ်ပြန့်ပြန့်လေ့လာ နိုင်ရန် ပူးတွဲ ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း မိန့်တော်မူသည် ။


“ ကထိန်ပွဲက သူ့နိုင်ငံ ကိုယ့်နိုင်ငံ လုပ်နေကြတယ်။ ဒါပေမယ့် ကထိန်က ဘယ်လိုလဲ ဘာကြောင့် လုပ်လဲဆိုတာ အမေးအဖြေ မရှိဖူးဘူး။ ဒီလို ကထိန်အကြောင်း စာတမ်းလာဖတ်တော့ အမေးအဖြေ တွေရှိလာတယ်။ ကထိန်သင်္ကန်းနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် လေ့လာနိုင်အောင် ဥပမာ ထိုင်း နိုင်ငံမှာဆို ကထိန်သင်္ကန်းကပ်လှူရင် ပွဲလမ်းသဘင်တွေလုပ်လား၊ မြန်မာနိုင်ငံလိုမျိုးပေါ့ ပဒေသာပင် တွေလှည့်လားပေါ့ ၊သီပေါနိုင်ငံကော ဘယ်လိုလုပ်လဲ စသဖြင့် ဒါတွေ သိသင့်တယ်၊ ဒါတွေ သိဖို့က ဒီလို conference လုပ်ရင် အလိုအလျောက် သိလာမယ်၊ သူများနိုင်ငံမှာ သွားလုပ်စရာမလိုတော့ဘဲ ဆရာတော်တွေကို ပင့်လာပြီး သူတို့နိုင်ငံက ကထိန်နဲ့ ပတ်သက်ပြီး လာရှင်းပြရင် ထေရဝါဒ ဗုဒ္ဓ ဘာသာ ပိုပြီးကျယ်ပြန့်တယ်။ အကျိုးကြောင်းတွေသိရပြီး ဘယ်လိုလုပ်တယ် ဘယ်လိုရှိတယ်ဆိုတာ သိရတယ်၊ကိုယ့်နိုင်ငံနဲ့ တူတဲ့ အချက်က ဘယ်လို အချက် မျိုးလည်း ဒါကြောင့် ကထိန် Conference ပါပူးတွဲလုပ်ရခြင်းဖြစ်တယ်၊ ကထိန်အကြောင်း စာတမ်းဖတ် တာက ပထမဦးဆုံးဘဲ သျှမ်းပြည် မှာတင်မဟုတ်ဘူး ကမ္ဘာမှာ ဘယ်နိုင်ငံမှ ကထိန်အကြောင်း စာ တမ်း ဖတ်တာ မရှိဖူးသေးဘူး ဒါပထမဦးဆုံးဘဲ” ဟု အရှင် မဟောသဓာလင်္ကာရ ကမိန့်တော်မူသည် ။


ပထမအကြိမ် အပြည်ပြည်ဆိုင်ရာ ကထိန်အကြောင်း စာတမ်းဖတ်ခြင်းကို နိုဝင်ဘာ  ၅ ရက် မှ ရ ရက်  ရက်ထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ပြည်တွင်း ပြည်ပ သံဃာတော် နှင့် သီလရှင် ဆရာ လေးများ ၃၀၀ ကျော်ခန့်တက်ရောက်နားထောင်ရာ နိုဝင်ဘာ ၅ ရက်နေ့တွင် ပါဠိဘာသာ၊   ၆ ရက် နေ့တွင် အင်္ဂလိပ်ဘာသာ နှင့် ရ ရက်နေ့တွင် ကထိန်သင်္ကန်းခင်းလှူပူဇော် မည်ဖြစ်ကြောင်း သိရ သည် ။





 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates