အစိုးရသက်တမ်း ရ လ မှာ NLD ဘာတွေအကောင်အထည်ဖော်ခဲ့သလဲ



၂၀၁၆ နိုဝင်ဘာလ ၁၅ ရက်နေ့ဟာအထွေထွေရွေးကောက်ပွဲကြီး ၁ နှစ်ပြည့် တဲ့နေ့ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကနေ နိုင်ငံတော်အစိုးရ ဖြစ် လာ တာ လည်း ၁ နှစ်ပြည့်ပြီဖြစ်ပါတယ်။ ဒါပေမယ့် တရားဝင် အာဏာရ ရှိလာ တာတော့ ရ လ ဘဲရှိပါသေးတယ်။ ဒီ ရ လ ပြည့်မှာ NLD အစိုးရဘာေ တွ အကောင် အထည်ဖော် လုပ်ကိုင်ခဲ့ပါသလဲ။ သျှမ်းစာပေပညာရှင် ခူးဟင်းကာယန်းကနေ အခုလိုသုံးသပ်ထားပါတယ် ။


(ခူးဟင်းကာယန်း)

ရွေးကောက်ပွဲမဝင်ခင် NLD ပါတီက အရေးကြီးလုပ်ဆောင်ရမယ့်အချက် ၃ ချက်ကိုကြေငြာထားပါတယ်။ အဲဒီ ၃ ချက်ကဘာတွေလဲဆိုတော့   ၁- ငြိမ်း ချမ်းရေး တည်ဆောက်ဖို့၊ ၂- ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ဖို့၊ ၃- နိုင်ငံေ တ်ာတည်ငြိမ်ရေးအတွက် အုပ်ချုပ်ရေးလမ်းစဉ်ကို ပြင်ဆင်မယ် စတာတွေရှိပါတယ် ။


ငြိမ်းချမ်းရေးတည်ဆောက်ရေး

ငြိမ်းချမ်းရေးတည်ဆောက်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံေ တာ် အတိုင်အပင်ခံပုဂ္ဂိုလ်အဖြစ် အာဏာရရချင်း တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွေနဲ့ဆွေးနွေးဖို့ ချက်ချင်းလှုပ်ရှားပါတယ်။ ၂၁ ရာစု ပင်လုံညီလာ ခံကြီးဖြစ်မြောက်ရေးအတွက် သူမအင်တိုက်အားတိုက် လုပ်ဆောင်တာ ကိုတွေ့ရပါတယ်။ ဒါပေမယ့် ကနေ့အထိ ဖြစ်စဉ်တွေကိုပြန်ကြည့်မယ်ဆိုရင် - ငြိမ်းချမ်းရေးတည်ဆောက်ရေး လုပ်ငန်းမှာ ဘယ်အထိရောက်ပြီလဲ။  နိုင်ငံတော်အေးချမ်းရေးအတွက်မျှော်လင့်ချက်ရှိပါမလား။  လက်နက်ကိုင် အဖွဲ့အစည်းအားလုံး မပါဝင်နိုင်သေးတဲ့အတွက် တနိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးဖို့အတွက်ခက်ခဲနေပါတယ်။ အပစ်ရပ်ရေးလက်မှတ်မထိုးရသေးတဲ့အတွက်၊ နိုင်ငံရေးမူေ ဘာင်  ဆွေးနွေးေ ရးအတွက်လည်း အဖက်ဖက်ကလက်ခံနိုင်တဲ့အနေအထားကိုရေးဆွဲဖို့ မဖြစ်နိုင်သေးဘူး။ ဒါကြောင့် ငြိမ်းချမ်းရေးတည်ဆောက်ဖို့အတွက် လမ်းခုလတ်မှာတင်ရှိနေပါသေးတယ်။ ငြိမ်းချမ်းရေးပန်းတိုင်ကိုတော့မရောက်သေးပါဘူး။ တိုင်းပြည်ငြိမ်းချမ်းသလား မငြိမ်းချမ်းလားဆိုတာကတော့ နိုင်ငံရေးမူဘောင်ကို စုပေါင်းရေးဆွဲမယ့်အပေါ်မှာဘဲမူတည်ပါတယ် ။


ဖွဲ့စည်းပုံပြင်ဆင်ရေး

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲဖို့ဆိုတာက ဒုတိယရည်မှန်းချက် လို့ဆိုပေမယ့် အရေးကြီးဆုံး ဖြစ်နေပါတယ်။  ၂၀၀၈ ဖွဲ့စည်းပုံကိုမပြင်နိုင်ဘူးဆိုရင် ကျနော် တို့ ရည်မှန်းထားတဲ့ ပြည်ထောင်စုတည်ဆောက်ရေး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး တိုင်းရင်းသားအားလုံးတန်းတူညီမျှသော အခွင့်အရေး ရရှိရေး စသည်တို့ မရှိနိုင်တော့ပါဘူး ။


NLD အစိုးရက ပြင်ဆင်မှာလားဆိုတော့ - ငြိမ်းချမ်းရေးတည်ဆောက်ဖို့ အတွက်ဘဲအားစိုက်နေတော့ ဖွဲ့စည်းပုံကိုပြင်ဆင်ဖို့အတွက် လွှတ်တော် ကိုယ်စားလှယ်တွေကလည်းဘာမှရေရေရာရာဘာမှမလုပ်နိုင်ခဲ့ဘူး ။


ပြည်ထောင်စုလွှတ်တော်ကိုကြည့်မယ်ဆိုရင်လည်း ပထမအစည်းအဝေးက သမ္မတ ၊ ဒုသမ္မတ နဲ့ ၀န်ကြီးတွေကို ရွေးချယ်တာဝန်ပေးအပ်ရေး နဲ့ဘဲပြီးသွားတယ် ။


ဒုတိယအစည်းအဝေးကတော့ ဘတ်ဂျက်အကြောင်းဆွေးနွေးတယ်။ ဘယ်ဌာနကဘယ်လောက်သုံးစွဲမယ်။ တနှစ်တွင်းဘယ်လောက်သုံးစွဲမလဲ စတာတွေ ဆွေးနွေးပြီးဆုံးဖြတ်တယ် ။


တတိယအကြိမ်အစည်းအဝေးခေါ်တော့လည်း ဖွဲ့စည်းပုံကိုဘယ်က စပြင်မယ်ဆိုတာ ဘာမှမသတ်မှတ် မဆုံးဖြတ်ရသေးဘူး။ NLD ပါတီဘက် ကနေဦးဆောင်ပြင်ဆင်ခြင်းမရှိသေးပါဘူး။ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက ကြံ့ခိုင်ရေးပါတီဘက်က သူရဦး ၀င်းမြင့် ကိုယ်တိုင် အဆိုတင်သွင်းတာဖြစ်ပါတယ်။ ဦးသိန်းဇော်ကေ ထာက်ခံပြီးတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီ ဆိုပြီးဖွဲ့စည်းလိုက်တယ်။  အဲဒီကော်မတီကနေပြီးတော့ ထပ်မံတောင်းဆိုတာကဖွဲ့စည်းပုံမှာ ၄၅၇ ခုအနက် ၂၁၀ ခုကိုပြင်ဆင်မယ်လို့ဆိုပါတယ် ။


တကယ်တမ်းဆွေးနွေးလာတဲ့အခါမှာကျတော့ တပ်မတော်ဘက်က တခွန်းတချက်ဘဲပြင်ဆင် ဖို့ သဘောတူပါတယ်။ ဘယ်အချက်လဲဆိုတော့ သမ္မတလုပ်မယ့်သူကစစ်ရေးအမြင်ရှိရမယ်ဆိုတဲ့တခွန်းကို - နိုင်ငံတော်ကို ကာကွယ်ဖို့ အမြင်ရှိရမယ်  ဆိုပြီးပြင်ဆင်ဖို့ပါ။ အဲတာက ဦးသိန်းစိန် အစိုးရလက်ထက်ကအမြင်ပေါ့ ။


အခုကျတော့လွှတ်တော်ဥက္ကဌ ဦးဝင်မြင့်ကဘာပြောလဲဆိုတော့ အခုလုပ်ရ မှာကတိုင်းရင်းသားရင်ကြားစေ့ရေး။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးရမှ ဖွဲ့စည်းပုံပြင်ဆင်နိုင်မယ်လို့ပြောတယ် ။


ဒီ နိုဝင်ဘာလ ၁၆ ရက်ကျတော့ စတုတ္ထအကြိမ် လွှတ်တော်အစည်းအဝေး ထပ်ခေါ်တယ်။ဒီတသုတ်မှာရောဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဆွေးနွေးကြမှာလားဆိုတာစောင့်ကြည့်ကြရပေဦးမယ် ။


အုပ်ချုပ်ရေး

အုပ်ချုပ်ရေးကျတော့ ဖွဲ့စည်းပုံအရဆိုရင် တပ်မတော်ရဲ့လက်ထဲမှာရှိတယ်။ နိုင်ငံတော်ရဲ့ ၀န်ကြီးဌာန ၃ ခုဖြစ်တဲ့ နိုင်ငံတော်ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်လုံခြုံရေးတွေမှာတပ်မတော်  ရဲတပ်ဖွဲ့  လဝက  စတာတွေဟာ တပ်မတော်ရဲ့လက်အောက်မှာရှိနေတဲ့အခါကျတော့ ပြည်တွင်းတည်ငြိမ်အေးချမ်းရေး အတွက်ရောတိုင်းရင်းသားအကြားပဋိပက္ခ များကိုရောကောင်းမွန် တိုးတက်လာအောင် ပြုပြင်နိုင်စွမ်း မတွေ့ရသေးပါဘူး။ ပြည်တွင်း ပဋိပက္ခလည်းလျော့နည်းမသွားဘူး။ သူခိုးဓါးပြကိစ္စလည်းလျော့ကျမသွားဘူး။ ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆက်လက်ရှင် သန်နေဆဲ ကာလမှာ ဆိုရင်အုပ်ချုပ်ရေးအရကော ဖြစ်ပေါ်နေတဲ့ပြသနာတွေ ဖြေရှင်းဖို့အတွက်ရောလျှော့ချနိုင်မှာမဟုတ်သေးပါဘူး ။


NLD ပါတီကနေ ၁၀ လတာကာလအတွင်းအစိုးရဖြစ်လာတာဟာ ဖွံ့ဖြိုးတိုး တက်မှု ဆိုလို့ ပြည်ပနဲ့နိုင်ငံတကာ ကနေ မြန်မာနိုင်ငံကိုကူညီထောက်ပံ့နေ သူများအဖွဲ့နဲ့ စီးပွါးရေးလုပ်ငန်းကူညီပေး မှုကို အကောင်းမြင် ထောက်ခံ တာဘဲရှိပါ တယ်။ လူထုဆီကိုတိုက်ရိုက်အကျိုးသက်ရောက်တာတော့ ဘာမှမတွေ့ရသေးဘူး။လာမယ့် ၄ နှစ်မှာသူတို့ဘယ်လိုအလုပ်ဆက်လုပ်သွား မလဲ။ ငြိမ်းချမ်းရေးတည်ဆောက်ရေး၊ ဖွဲ့စည်းပုံတည်ဆောက်ရေးနဲ့ အုပ်ချုပ်ရေးပိုင်းမှာ ပြင်ဆင်ဖို့အတွက် ရှေ့ဆက်အကောင်အထည်ဖော်နိုင်မလား။ NLD အစိုးရသက်တမ်းရှိနေသေးတဲ့အချိန်မှာဘယ်လောက်ထိ လုပ်နိုင်မလဲဆိုတာစောင့်ကြည့်ရပါဦးမယ်လို့ သုံးသပ်ချင်ပါတယ် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates