ကျေးရွာအနီးစစ်ရေးအပြိုင်တိုးချမှုကြောင့် နမ္မတူဒေသခံများ လားရှိုးသို့ စစ်ဘေးရှောင်
အစိုးရတပ်မတော်နှင့် တအာင်းပလောင်တပ်တို့ စစ်ရေးအပြိုင် တိုးချ မှုကြောင့် သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် နားဆိုင်းကျေး ရွာ သူရွာသားများ လားရှိုးမြို့ မန်ဆူဘုန်းတော်ကြီးကျောင်းတိုက်သို့ ယနေ့ စစ်ဘေးရှောင်လာကြသည်ဟုသိရသည် ။
![]() |
လားရှိုးမန်ဆူကျောင်းရောက်စစ်ရှောင်များ |
![]() |
စစ်ရှောင်များထဲမှ သက်ကြီးရွယ်အိုများ |
![]() |
အသက် ၁၀၀ ကျော်ရှိ စစ်ဘေးရှောင်ဘိုးဘိုး |
" ကျမတို့ မနေ့က နားဆိုင်းဈေးနေ့ ။ ဈေးတောင်မဖြစ်လိုက် ဘူး။ သေနတ်သံတော့မထွက်သေးဘူး။ ဒါပေမယ့် ဘယ်သူမှမနေရဲ ဘူးလေ။ မန်စံဘက် လဲပေးမသွားဘူး ကျမတို့ကို။ အဲ့ကြောင့်လားရှိုး ဖက် လာရတာပါ။ " မန်ဆူကျောင်းတိုက်ရောက် နားဆိုင်းဒေသ ခံ အေးကူ ကပြောသည် ။
မန်ဆူကျောင်းတိုက်သို့ရောက်ရှိလာသည့် နားဆိုင်းမှ စစ်ဘေးရှောင် များမှာ အိမ်ထောင်စု ၃၀ ခန့်ရှိပြီး လူဦးရေ ၁၀၀ ကျော်ရှိကြောင်း၊ ကလေးငယ်များအများဆုံးဖြစ်ကြောင်း၊ အသက် ၁၀၀ ၀န်းကျင်ရှိ သက်ကြီးရွယ်အိုများ လည်းရှိကြောင်း လားရှိုးရောက် စိုင်းအိုက်လွယ် က သျှမ်းသံတော်ဆင့်အား ပြောပြသည် ။
နမ္မတူမြို့၏ အရှေ့တောင်ဘက်၊ လားရှိုးမြို့အနောက်ဘက်ရှိ နားဆိုင်း အုပ်စုတွင် အိမ်ခြေ ၁၅၀ ၀န်းကျင်ခန့်ရှိ ကြောင်း၊ အချို့လည်းနမ္မတူမြို့ တွင်းသို့လည်းကောင်း၊ မန်စံဘက်သို့လည်းကောင်း၊ ဆွေမျိုးများ ရှိရာတခြား သို့လည်းကောင်း တိမ်းရှောင်နေကြသည်ဟု သိရပါသည် ။
နမ္မတူမြို့နယ်အတွင်းအတွင် အစိုးရတပ်မတော်၊ သျှမ်းပြည်တပ်မတော် SSPP/SSA , RCSS/SSA တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (ပလောင်တပ်) TNLA တို့ သွားလာလှုပ်ရှားသည် ။
RCSS/SSA နှင့် TNLA ၊ အစိုးရတပ်မတော် နှင့် TNLA ၊ အစိုးရ တပ် မတော် နှင့် SSPP/SSA တို့မကြာခဏ ရင်ဆိုင်တိုက် ပွဲဖြစ် လေ့ရှိေ သာကြောင့် ဒေသခံများ စစ်ဘေးစစ်ဒဏ်ခံနေကြရသည် ။
Tags: News, War