သျှမ်းပြည်မြောက်ပိုင်းစစ်ရှောင် အမျိုးသမီးနှင့်ခလေးများ အကူအညီလိုအပ်



သျှမ်းပြည်နယ်မြောက်ပိုင်း စစ်ပွဲများကြောင့် နမ္မတူဒေသတွင် ရောက် ရှိနေသော စစ်ရှောင် ဒုက္ခသည်များ နှစ်ထောင်ကျော် ခန့်ရောက် ရှိနေပြီး ကျန်းမာရေးစောင့်ရှောက် မှုနှင့် အခြား သော အကူညီ အထောက်အပံ့များ လိုအပ်နေ ကြောင်း၎င်း ဒုက္ခသည်များကို ကူညီဆောင်ရွက် ပေးသူ နမ္မတူ သျှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းမှ နန်းကြာပွင့် ကပြောသည် ။


'' စစ်ရှောင်ဒုက္ခသည် တွေထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေများနေတယ် ။ လူကများတော့ နေရာမလုံ လောက်ဘူး။ မိသားစုတစ်စုနဲ့တစ်စု ပေါင်းပြီး အိပ် ရ တယ် သောက်သုံးရေရှားတယ် ။ အလှူ ရှင်တစ်ချို့ရှိပေမဲ့ လိုအပ်တာနဲ့ လာလှူ တာက တစ်ခြားစီဖြစ်နေတယ် '' ဟု ၄င်းက လက်နက်ကိုင် ပဋိပက္ခနဲ့ အမျိုးသမီးများ အပေါ် လူမှုစီးပွားသက်ရောက်မှု ဆွေးနွေးပွဲ တွင် ပြောကြား ခဲ့ခြင်းဖြစ်သည် ။


လက်နက်ကိုင် ပဋိပက္ခနှင့်အမျိုးသမီးများအပေါ် လူမှုစီးပွားသက်ရောက်မှု မီဒီယာနှင့် အရပ်ဖက် အဖွဲ့ အစည်း များတွေ့ဆုံပွဲကို Internews ကဦးဆောင်၍ ဒီဇင်ဘာ ၆ ရက်နေ့တွင် တောင်ကြီးမြို့ Royal Taunggyi hotel တွင် ကျင်းပခဲ့သည် ။


ဒေသတွင်း အမျိုးသမီး အဖွဲ့အစည်း များ၊ အရပ်ဖက်လူမှု အဖွဲ့အစည်း များနှင့် တောင်ကြီးမြို့ ခံမီဒီယာများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည် ။


လက်နက်ကိုင် ပဋိပက္ခများကြောင့် ဖြစ်ပေါ်လာသော တိုင်းရင်းသား ဒုက္ခသည် များ ၊ စစ်ရှောင်စခန်းများနှင့် ပတ်သက်၍ မြန်မာ နိုင်ငံတွင်တိကျ သည့်မူဝါဒ မရှိကြောင်း ယင်း ဆွေးနွေပွဲတွင် သျှမ်းပြည်နယ် ငြိမ်းချမ်းရေး အလုပ်အဖွဲ့ ဒါရိုက်တာ ကိုဝင့်ထယ်ကောင်းမြတ် က ထည့်သွင်းဆွေးနွေးခဲ့သည် ။


'' ဒုက္ခသည်အရေး နဲ့ ပတ်သက်လို့ နိုင်ငံတော် အဆင့်အနေ နဲ့လည်းအစိုးရက master plan မရှိသလို ပြည်နယ် အဆင့်အနေ နဲ့လဲ ဘာ master plan မှ ရှိမနေဘူး ။ '' ဟု ကိုဝင့်ထယ်ကောင်းမြတ် ကဆိုပါသည် ။


အစိုးရတပ်မတော်နှင့် တအာင်းတပ်ဖွဲ့ TNLA တို့ကြား နိုဝင်ဘာလနှောင်း ပိုင်းကပြီး နမ္မတူဒေသအတွင်း တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ် ပွါးလာ မှုကြောင့် မန်တုံမြို့နယ် မိုင်းမော်မှ ထွက်ပြေးလာသည့် စစ်ရှောင် ဒုက္ခသည် များသည် နမ္မတူမြို့တွင်းသို့ ခိုလှုံရောက်ရှိနေကြခြင်းဖြစ်ပါသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates