တပ်ဦး ငါ့မြင်းငါစိုင်းနေချိန်မှာ မဖြစ်မနေတည်ဆောက်ရမဲ့ တိုင်းရင်းသားများအကြားညီညွတ်မှု
(၁) - လူမှု ပညာရှင် မက်ဝေဘာပြောတဲ့ နိုင်ငံ နှစ်မျိုး
လူမှုပညာရှင် မက်ဝေဘာက နိုင်ငံတွေကို အကြမ်းဖျင်းအားဖြင့်နှစ်မျိုးခွဲခြား ထားပါတယ်။ ဆွေမျိုးစု နိုင်ငံတွေ ( Patrimonial ) နဲ့ Modern State ( ခေတ်သစ်နိုင်ငံ ) တို့ဖြစ်ပါတယ်။ ဆွေမျိုးစုနိုင်ငံမှာ အုပ်ချုပ်သူကနိုင်ငံရေးနဲ့ အုပ်ချုပ်ရေးကို အမွေဆက်ခံသလို သဘောထားပြီးအုပ်ချုပ်ရေးယန္တရား ကို ဆွေမျိုးမိသားစု မိတ်ဆွေများနဲ့ တိုးချဲ့ကာသူတို့ကိုလည်း နိုင်ငံထဲမှာ အကြီးအကျယ်ကောင်းစားစေပါတယ်။ ပုဂ္ဂိုလ်ရေးရင်းနှီးမှုကို အခြေပြုတဲ့ သဘောပါ။ ခေတ်သစ်နိုင်ငံ ( Modern State ) ကတော့ဒီမိုကရေစီနည်းကျ ကာ ပုဂ္ဂိုလ်စွဲကင်းမှုအပေါ် အခြေခံပြီး ဆွေမျိုး ၊မိသားစုတွေနဲ့ ခင်မင်ရင်းနှီး သူတွေကို အုပ်ချုပ်ရေး ယန္တရားထဲနေရာချထားမပေးနိုင်ပဲ လူမှန်နေရာ မှန်ဖြစ်စေတဲ့ စနစ်မျိုးပါ။ ဖွံ့ဖြိုးတဲ့အဆင့်ရောက်ဖို့ဆိုရင်တော့ ပုဂ္ဂိုလ်စွဲကင်းတဲ့ အဖွဲ့စည်းဆီသွား ဖို့လိုပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲအပြီး အစိုးရ နဲ့လွှတ်တော် ရေးရာ ဖွဲ့စည်းမှုတွေ မှာ ဖွဲ့စည်းမှုတွေမှာ ဦးရွှေမန်း နဲ့ဦးအောင်သောင်း နီးစပ်သူတွေသာများတယ် ဆိုတဲ့ အသံတစ်ချို့ထွက်ခဲ့ပါသေးတယ် ။
![]() |
ကာတွန်း- ဟန်လေး |
ဒါပေမဲ့ အခုထိ ဦးဝင်းထိန်က အေးဆေးပါပဲ။ ဘယ်သူအကာကွယ်ပေးေ နလဲတော့ မသိ ပါ။ဒီမိုကရေစီအရေး လှုပ်ရှားဖော် လှုပ်ရှားဘက်တွေ လည်း နေရာ သိပ်မရကြပါ။ ဥပမာ - ယခင် စစ်အစိုးရလက်ထက်တစ်လျှောက် ကုလသမဂ္ဂမှာ ဒေါ်အောင်ဆန်းစုကြည်အကြောင်းအမြဲတမ်းတင်ပြခဲ့တာက အဲဒီတုန်းက ပြည်ပရောက် အစိုးရရဲ့ ကုလသံအမတ်ေ ဒါက်တာ သောင်းထွန်ြး ဖစ် ပါတယ်။ အမြဲတမ်း ပယ်ချခဲ့သူက စစ်အစိုးရရဲ့ကုလ ဆိုင်ရာ သံအမတ် ဦးကျော်တင့်ဆွေပါ။ ပညာတတ် အတွေ့အကြုံများတဲ့ဒေါက်တာသောင်းထွန်း ဟာ အခုတော့ ဘေးရောက်နေပြီး ၊ ဦးကျော်တင့်ဆွေကတော့အတိုင်ပင် ခံရုံးဝန်ကြီး အဖြစ် ဒေါ်အောင်ဆန်းစုကြည်ဘေးမှာ ရှိနေပါတယ် ။
(၂) အီဂေါရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအစိုးရ နဲ့ရစ်ချတ်ဟိုဆေပြော တဲ့ ဟန်းနီးမွန်းကာလ ကုန်သွားပြီ
မြန်မာ့အရေးလေ့လာသူ အီဂေါဘလာဇီဗစ်ကတော့ ပြီးခဲ့တဲ့ နှစ်ရွေးကောက်ပွဲ မတိုင်ခင် ၉ လ ပိုင်းလောက် ကတည်းက ရွေးကောက်ပွဲနဲ့ရွေးကောက်ပွဲအပြီး ကာလအတွက် အကြံပြုချက် စာတမ်းတစ်စောင် ကိုရေးသား ထုတ်ပြန်ခဲ့ပါ တယ်။ အဲဒီ စာတမ်းထဲမှာ ရွေးကောက်ပွဲ အလွန်ကာလအစိုးရဖွဲ့စည်းမှုမှာ အင်အား စုအားလုံးကို ခြုံငုံတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အစိုးရ ( နိုင်ငံရေး အရ ဆွေးနွေးပြီးမှ ဖွဲ့စည်းထားတဲ့အစိုးရမျိုးကိုဆိုလို ) ဖွဲ့စည်းဖို့အကြံပြုထားပါတယ်။ တိုင်းရင်းသားအရေအတွက်ကိုလည်း များများ ထည့်သွင်းဖွဲ့စည်းဖို့ အကြံပြု ပါတယ် ။
အထူးသဖြင့် သက်ဆိုင်ရာ မျိုးနွယ်စုတွေ လက်ခံပြီး နိုင်ငံရေးအရအားေ ကာင်းသူတွေကို ဆိုလိုတာပါ။ တခြား စစ်အုပ်စုနဲ့ နီးစပ်သူတွေကိုလည်း ထည့်သွင်းဖို့ အကြံပြုထားပါသေးတယ်။ တကယ်လို့ NLD နိုင်ခဲ့လို့ရှိရင် ဆိုပြီးတော့ပါ။ တကယ်လည်း NLD နိုင်ပြီးတော့တိုင်းရင်းသား အချို့ကို နေရာပေးခဲ့ပါတယ်။ ဦးသိန်းစိန်နဲ့နီးစပ်သူတွေကိုတော့ ကမ်းလှမ်းခဲ့ပေမဲ့ လက်မခံတာကြောင့် NLD အစိုးရအဖွဲ့မှာ မပါဝင်နိုင်ခဲ့ပါ။ ဒါပေမဲ့ တိုင်းရင်းသားတွေကိုနေရာပေးမှုအပေါ်မှာတော့ စဖွဲ့ကတည်းက အသံတွေထွက်ခဲ့ပါတယ် ။
အစိုးရ ဖွဲ့စည်းမှုတွေမှာ တိုင်းရင်းသား အရောင်တွေနဲ့ ပုဂ္ဂိုလ်တွေကိုေ နရာပေးခဲ့ပေမဲ့ သက်ဆိုင်ရာ တိုင်းရင်းသား တွေအကြားအမျိုးသားရေးအရေ ထာက်ခံမှု နည်းတဲ့ ပုဂ္ဂိုလ်တွေဖြစ်နေခဲ့တာ ၊ ရှမ်းနဲ့ ရခိုင် ပြည်နယ်အစိုးရ ဖွဲ့စည်းမှုတွေမှာ သက်ဆိုင်ရာ ဒေသက တိုင်းရင်းသားပါတီတွေနဲ့မကျေလည် မှုေ တွရှိခဲ့ တာတွေ ကလည်း အစိုးရ ကနဦးကာလကတည်း ရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ခဲ့ရတဲ့ အရာတွေပါ ။
အီဂေါဘလာဇီဗစ် အကြံပြုခဲ့တာက အားလုံးပါဝင်တဲ့ နိုင်ငံရေးအရကျေလည် မှုရှိတဲ့ အမျိုးသားပြန်လည် သင့်မြတ် ရေးအစိုးရတစ်ရပ်ကိုအောင်ေ အာင်မြင်မြင် ဖွဲ့စည်းနိုင်ရင် တိုင်းပြည်ရဲ့ ပြဿနာတွေကိုဖြေရှင်း ဖို့ ယုံကြည်မှုရှိရှိ တစ်ဆင့်ချင်း တစ်ဆင့်ဆက်သွားနိုင်လိမ့်မယ်လို့ ဆိုထားခဲ့ပါ တယ်။ ဥပမာ ငြိမ်းချမ်းရေးနဲ့ပြည် တွင်းစစ် ပြဿနာ ၊ လယ်သိမ်းယာသိမ်းနဲ့ လူ့အခွင့်ရေး ပြဿနာ ၊ အခြေခံဥပဒေဆိုင်ရာ ပြဿ နာရပ်တွေကို အမျိုးသား ပြန်လည်သင့်မြတ်ရေးအစိုးရ ဖွဲ့စည်းထားခဲ့မှုနဲ့အတူ ဖြည်းဖြည်း ချင်း တည်တည်ငြိမ်ငြိမ် ဖြေရှင်းဖို့အတွက် ယုံကြည်မှု ရှိရှိ ဆက်သွားနေလိမ့်မယ်လို့ ဆိုထားတာပါ ။
အခုတော့ အစိုးရ သက်တမ်း ရ လ ၊ ရွေးကောက်ပွဲလည်း တစ်နှစ်ပြည့်ပြီဖြစ်ြ ပီး ပဋိပက္ခတွေ ၊ တိုက်ပွဲတွေနဲ့အတူ အစိုးရသစ်ရဲ့ ဟန်းနီးမွန်းကကုန်သွားပြီ လို့ ရစ်ချတ်ဟိုဆေတို့လို မြန်မာ့အရေး လေ့လာသူတွေကဆိုလာကြပါပီ။ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာတောင် ဟန်းနီးမွန်းကာလက၂၀၁၂ အထိ နှစ်နှစ်လောက် ခံလိုက်ပါသေး တယ် ။
(၃) စီးပွားကျ ၊ တိုက်ပွဲ ပဋိပက္ခဖြစ် ၊ စစ်အာဏာရှင်တွေ ၊ ခရိုနီတွေကတော့ ဆန်ရှင်လွတ်သွားပြီ
တိုင်းပြည်မှာ အလုပ်အကိုင် အခွင့်လမ်းတွေလည်း သိပ်တိုးတက်မလာသေး သလို ၊စီးပွားရေး ခန့်မှန်းတာထက် ကျဆင်းနိုင်တယ်လို့ သမ္မတကတောင် ပြီး ခဲ့တဲ့ ရက် ပိုင်းတွေကပဲ ၀န်ခံလာရပါပြီ။ အရောင်းဝယ်တွေမဖြစ် သလို ဒေါ်စု ထိုင်းသွားပြီးပြန်ရင် ထိုင်းမှာရှိတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအဖမ်းခံရတာ ၊ ဒေါ်စု တရုတ်သွားပြီး ပြန်လာရင် တရုတ်နယ်စပ်မှာ ဆန် ၊ ပဲ ၊ပြောင်း စတဲ့ နယ်စပ်ကတဆင့် တင်ပို့မဲ့ ပို့ကုန်တွေကို တရုတ်က ဖမ်းတာတွေတောက်ေ လျှာက် ဆိုသလို ဖြစ်နေပါတယ်။ ချင်းတွင်းမြစ်ထဲစက်လှေမှောက်တော့လည်း လူတွေ တော်တော်များများ သေဆုံးကုန်ပေမဲ့ အစိုးရအဖွဲ့က ၀မ်းနည်းကြောင်းတောင် ချက်ခြင်း မထုတ်ပြန်နိုင် ခဲ့ပါ ။
လေ့လာသူအချို့ကတော့ အစိုးရ ၀န်ကြီးဌာနတွေ ချက်ခြင်းအများကြီးချုံ့ လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရာထူးတွေအလုပ်တွေအများကြီး ရယူ ထားတဲ့အတွက် အစိုးရအဖွဲ့ရဲ့ တုံ့ပြန်နိုင်မှုစွမ်းရည်ကို ထောက်ပြ ကြပါတယ်။ ဒါကြောင့်ပဲ နောက်ပိုင်းမှာ အစက ဒုတိယဝန်ကြီးတွေ မခန့်ဘူးဆိုတဲ့ ပေါ်လစီကနေ သူမ ကိုယ် တိုင်နိုင်ငံခြားရေးဝန်ကြီးလုပ်နေတဲ့ ဌာနမှာ ဒုဝန်ကြီး တစ်ဦးကိုခန့်အပ်လိုက်ရပါပြီ။ ပေါ်လစီဆိုတာ ၃ လတစ်ခါ ပြောင်းရသလားဆိုပြီးတော့တောင်ထင်ချင်စရာပါ။ ပြည်သူ့ရေးရာ မူဝါဒကတော့ ထိုင်း နဲ့ တရုတ် ခရီးစဉ်အပြီး မြန်မာတွေ အဖမ်းခံရတာ ၊ နယ်စပ်ကုန်သွယ်မှုတွေ တုံ့ဆိုင်းအလုပ်မဖြစ်ကုန်တာတွေကတော့ မူဝါဒက အားလုံးကို လွှမ်းခြုံတဲ့ မူဝါဒဟုတ်မဟုတ် ပေါ်လွင်စေပါတယ်။ပဋိပက္ခတွေ နဲ့ တိုက်ပွဲတွေကလည်း ထိုနည်း လည်းကောင်းပါပဲ။ ၂၁ ပင်လုံပြီးကတည်း က ကေအိုင်အေကို နေ့စဉ်ရက်ဆက် ဗုံးတွေကြဲလိုက် ၊တအာင်း ပလောင် ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းနဲ့ ဖြစ်လိုက်စသဖြင့်ပါပဲ။ ၀ မိုင်းလား တင်း မာမှုမှာ တပ်မတော်က ၀င်လာပြီးတင်းမာမှုတွေ ဖြစ်နေတာက အစ တိုင်းရင်း သား လက်နက်ကိုင် အချင်းချင်းတိုက်ပွဲတွေ အဆုံးပါပဲ။ တိုက်ပွဲတော်တော် များများမှာ အသံတိတ်နေပါတယ်။ မြောက်ပိုင်း မဟာမိတ် အဖွဲ့က တန်ပြန် တိုက် ပွဲတွေ ဆင်နွှဲတဲ့ မူဆယ်ကိစ္စတွေဖြစ်လာတော့ အတိုင်ပင်ခံရုံးရဲ့ ထုတ်ပြန်ချက်က တပ်မတော်လို အကြမ်း ဖက် တံဆိပ် မကပ်ရုံတမယ်ပါပဲ။ ထုတ်ပြန်ချက်တွေက မြဝတီနဲ့ နင်လားငါလားပါပဲ ။
လူသားချင်းစာနာမှုဆိုင်ရာဆုနှစ်ဆု ကိုလည်း လက်ခံရယူခဲ့ပါသေးတယ်။ ဒါပေမဲ့စစ်ဘေးရှောင်စခန်းတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အစိုးရဖြစ်လာချိန်မှာကိုပဲ အတော်ကို ဒုက္ခရောက်လာနေပါတယ်။ ပံ့ပိုးမှု နည်းလာ တဲ့အတွက် ဖြစ်ပါတယ်။ အဲတော့ ဆုဆိုတာ ယူတိုင်းမကောင်း ဘူးဆိုပြီးဝေဖန်တာတွေရှိပါတယ်။ တစ်လောက မြစ်ကြီးနားမှာ လုပ်ခဲ့တဲ့ ဆန္ဒပြပွဲမှာဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် အသံတိတ်နေသလဲ ကျွန်တော်တို့ကို အစာကျွေးဖို့ ကူညီပါ။ ဆိုတဲ့ ဆိုင်းဘုတ်တွေနဲ့ ဆန္ဒပြသူ အချို့ရှိခဲ့ပါတယ်။ အခုဂျပန်ခရီးစဉ်အတွင်းမှာ ကချင်ရောက် ဂျပန်တွေ က ဒေါ်အောင်ဆန်းစုကြည်ကိုသွားမကြိုကြတော့ပါဘူး။ သွားကြိုတဲ့ လူတွေ ကချင်ဝတ်စုံ မဝတ်ဖို့ကချင်အမျိုးသား အစည်းအရုံး ဂျပန်ကလည်း ကြေငြာ ချက် ထုတ်ပြန်ထားပါတယ် ။
ခရိုနီတွေ ၊ စစ်အာဏာရှင်ဟောင်းတွေကတော့ ဒေါ်အောင်ဆန်း စုကြည် လက် ထက်မှာဆန်ရှင်တွေ လွတ် ကုန် ပါပြီ။ တစ်လောက အမြောက်ဆံ မှန်လို့ သေဆုံး ဒဏ်ရာရတဲ့ကလေးငယ်အချို့ ကယ်သူမဲ့ ခဲ့ပေမဲ့ ခရိုနီတွေ စစ်အာဏာရှင်ဟောင်းတွေကတော့လက်ခမောင်း ခတ်နိုင်ခဲ့ ပါပြီ။ သေကြေကြ တာခြင်းအတူတူကို မူဆယ် တိုက်ပွဲမှာ ပါခဲ့တဲ့ အဖွဲ့ ၃ ဖွဲ့ကိုတော့ အကြမ်းဖက်အဖြစ် ရှမ်းပြည်နယ်လွှတ်တော်က အတည်ပြုခဲ့ပါတယ် ။
အခုထိ သိမ်းဆည်းခံ လယ်သမားတွေ ၊ တောင်သူတွေလယ်ပြန်မရကတော့ မသေချာသေးသလို ၊ တိုင်းရင်းသားဒေသတွေမှာအငြင်းပွားဖွယ်ဖြစ်နေတဲ့ စီမံကိန်းတွေ ဖျက်သိမ်းဖို့ ရပ်တန့်ဖို့ ဆိုတဲ့ကိစ္စတွေကလည်း မရေရာသေးပါ ဘူး။ ဒါတောင် အခု ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အန်စီအေ အပစ်ရပ် mလက်မှတ်ထိုးဖို့ ဖိအားပေးနေခဲ့တဲ့ UNFC ရဲ့ ပြည်ထောင်စု မူဝါဒကို သူမကိုယ်တိုင်က ထောက်ခံကြောင်း ၂၀၁၃ ခုနစ်တုန်းက နိုင်ဟံသာ ၊ ခွန်းအေဘယ်လတွိဒ်စတဲ့ UNFC ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ တုန်း ပြောခဲ့ဖူးတာပါ ။
( ၄) ပြောတော့ ဖက်ဒရယ် လုပ်တော့ စင်ထရယ်နဲ့ ပါတီကြီးနဲ့ လူမျိုးကြီးဝါဒ
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ် ဆိုပြီး ၂၀၁၅ ရွေးကောက်ပွဲကာ လမှာ NLD ပါတီကနေ မဲဆွယ်စဉ် ကာလတစ်လျှောက် ကြွေးကြော်ခဲ့ပါတယ်။ အခုအချိန်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တက်သုတ်ရိုက် လုပ်ပြနေ ပေမဲ့ ၂၁ပင်လုံ ပထမအကြိမ်ပြီးလို့ ၄ လ လောက်အတွင်းမှာ တိုက်ပွဲတွေပြင်းပြင်း ထန်ထန် ဖြစ်လာတာ ငြိမ်းချမ်း ရေး လွယ်မယောင်ခက် တိမ်မယောင် နက်ဆို တာကို ပြသ`နေပါတယ်။ NLD အနေနဲ့ ဖက်ဒရာယ်ဆိုတာ ပြောနေ ခဲ့ပေမဲ့အခုအထိ ကျင့်သုံးနေမှု တော်တော်များများက စင်ထရယ်လိုက်ဇ်နဲ့ပါ ။
ဗဟိုချုပ်ကိုင်မှုများတယ်လို့ ဆိုနိုင်ပါတယ်။ ပါတီအတွင်းမှာ ဒီမိုကရေစီရှိ မရှိဆိုတာတောင် တစ်လော က ဗဟို အလုပ်အမှုဆောင်တွေကို ပါတီ ညီလာ ခံ မခေါ်ပဲခန့်အပ်တဲ့ ကိစ္စတွေက ပေါ်လွင်စေပါတယ်။ နောက် အရေးကြီး တဲ့အချက်က မျိုးနွယ်စုတိုင်းရင်းသားတွေ ထောက်ခံမှု အားကောင်းတဲ့ တိုင်းရင်းသား ပါတီတွေကိုနေရာ မပေးနိုင်တဲ့ ကိစ္စပါ။ ရခိုင်က ဦးအေးသာအောင်ကို နေရာပေးထားပေမဲ့ဦးအေးသာအောင်ဟာ ရုပ်ပြလိုဖြစ်နေတာကြောင့် ရခိုင်အများစုကဦးအေးသာအောင်ကိုတောင် သိပ်မကြည်ကြပါ။ အဲဒီအကျိုးဆက်က ဘာတွေဆက်ဖြစ်လာလဲဆိုရင် ဥပမာ ရခိုင်အရေးအတွက် အာနန် ကော်မရှင်လို ကိစ္စတွေမှာရခိုင်တွေက ကန့်ကွက်လာတာဖြစ်ပါတယ်။ ထိုနည်းတူ တဘက်က မွတ်ဆလင်အသိုင်းဝိုင်း ကလည်း မကြိုက်ပါ။ အပေါ်က ချပေးတဲ့ ပေါ်လစီနဲ့ ကုလမှာ မွတ်ဆလင် အရေး မဆွေးနွေးပြီးရော ဆိုပြီး အာနန် ကော်မရှင်ကို ဇွတ်ဇတ် ဖွဲ့လိုက်တာအဲဒီ ပေါ်လစီ အောင်မြင်သလား မအောင်မြင်သလား ဆိုရင် အခု မောင်တောမှာဖြစ်နေတဲ့ အကြမ်းဖက်မှု ၊ လူ့အခွင့်ရေး ချိုးဖောက်တယ်လို့စွပ်စွဲခံရမှုတွေက သက်သေပါပဲ။ အမှန်တော့ မွတ်ဆလင် အသိုင်းဝိုင်းကော ၊ရခိုင် အသိုင်းဝိုင်းမှာပါ အနည်းငယ် သဘောထားပျော့ြေ ပာင်း တဲ့နိုင်ငံရေးသမားတွေရှိပါတယ်။ အဲဒီ နိုင်ငံရေးသမားတွေကို သက် ဆိုင်ရာလူ့အဖွဲ့အစည်းတွေက ကျေနပ်အောင် ရုပ်လုံးထုတ်ပြ လုပ်ပိုင် ခွင့်တွေခွဲပေးခဲ့မယ်ဆိုရင် တင်းမာမှုတွေက အဲဒီလောက် အရှိန်မြှင့်ချင် မှမြှင့်မှာဖြစ်ပြီး ယုံကြည်မှု တည်ဆောက် ကာ ပြဿနာတွေ ကို ဖြေရှင်းဖို့ ရှေ့ဆက်သွားနိုင်မှာဖြစ်ပါတယ်။ ဥပမာအားဖြင့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွေများတဲ့ ရှမ်းပြည်နယ်မှာလည်း ထိုနည်းလည်းကောင်း ပါပဲ၊။ ဒေ သ တွင်းကလူထုကိုသာ မက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကိုပါ သြဇာရှိတဲ့ SNLDလိုပါတီကို နေရာ ကောင်းကောင်း မပေးနိုင်ခဲ့မှုဟာ ငြိမ်း ချမ်းရေးဖြစ်စဉ်အပေါ်မှာပါ သက်ရောက်မှု ရှိပါတယ် ။
ရှမ်းလိုပြည်နယ်မှာဦးခွန်ထွန်းဦးတို့လိုပါတီကို ပေးလိုက်ခြင်းအားဖြင့် အန်စီအေမထိုးသေးတဲ့ ရှမ်းလက်နက်ကိုင် အဖွဲ့တွေကို ညှိနှိုင်းပြီး အပစ်ရပ် လက်မှတ်ထိုးဖို့ စည်းရုံးနိုင်မှာ ဖြစ်သလိုအခြားတိုင်းရင်းသား အင်အားစုတွေရဲ့ ယုံကြည်မှုကိုလည်းပိုမိုရနိုင်မှာဖြစ်ပါတယ်။ တိုင်းရင်း သားတွေနဲ့ NLD အကြားယုံကြည်မှု စတင်ပျက်ပြားပြီး ဒေါ်အောင် ဆန်းစုကြည်အပေါ် မယုံသကာင်္မှုတွေ များလာတာ ရခိုင် နဲ့ ရှမ်းပါတီကို NLD အာဏာခွဲဝေမှုေ ကာင်းကောင်းမလုပ်ခဲ့တာက စတယ်လို့ ဆိုနိုင်ပါတယ် ။
လက်ဖျားလက်ရင်းလို့ခွဲမယ်ဆိုရင်တောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံနေစဉ်အတွင်းမှာ စီအာပီပီ ဖွဲ့ခဲ့တာ ၊ တောက်လျှောက် NLD ကိုကျောချင်းကပ်ခဲ့တဲ့ လက်ရင်းဖြစ်တဲ့ ဦးခွန်ထွန်းဦးတို့နဲ့ ဆက်ဆံရေး ကျဲပြီး အာဏာ ရှင်ဟောင်းတွေနဲ့သာ အလွှမ်းသင့် ( သို့မဟုတ် ) ပိုအလွမ်းသင့်ဖို့ ကြိုးစားနေတဲ့ ပုံရိပ်တွေ မြင်နေရတာတွေကတော့မေးခွန်းထုတ်စရာတွေပါ။ မဲဆန္ဒနယ်ဘယ်လောက်မှ မရှိတဲ့ကြားဖြတ်ရွေးကောက် ပွဲမှာတောင် ရှမ်းစ ကားပြောတတ်မှ အဆင်ပြေတဲ့မဲဆန္ဒနယ်တွေမှာ အကုန်ဝင်ပြိုင်ဦး မယ်ဆို တာကတော့ NLD ရဲ့သဘောထားပေါ်လွင်စေပါတယ်။ မဟာမိတ် သဘော တရား မရှိဘူးဆိုတာပါ ။
အကဲခတ်တွေခန့်မှန်းထားတာက လာမဲ့ ကြားဖြတ် မိုင်းရှူး ၊ ကျေးသီး တို့လို မဲဆန္ဒနယ်တွေမှာ NLD အဓိက ပြိုင်ရမဲ့ ပါတီတွေက ကြံခိုင်ရေးလို ပါတီတွေ မဟုတ်ပဲ ဦးခွန်ထွန်းဦးရဲ့ ကျားခေါင်းပါတီ သာ ဖြစ်တယ်လို့ ဆိုကြပါတယ်။ အခု မူဆယ် ရှမ်းမြောက်တိုက်ပွဲတွေဖြစ်လာတော့လည်း ထိုနည်းလည်းေ ကာင်းပါပဲ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ တိုက်ရိုက်ေ ဆွးနွေး လို့မရတောင် ပလောင်ဒေသမှာ အဓိက နိုင်တဲ့ တအာင်းပလောင် အမျိုးသား ပါတီ လို တိုင်းရင်းသား ပါတီတွေ အရပ်ဘက်လူမှု့ အဖွဲ့အစည်းေ တွနဲ့ တွေ့ ဆုံတာ တွေ မလုပ်သေးပါဘူး ။
ဒေါ်အောင်ဆန်းစုကြည် မျက်နှာက တိုင်းရင်းသားခေါင်းဆောင်တွေနဲ့တွေ့ တဲ့အချိန် ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၊ သူရဦးရွှေမန်းတို့တွေ့တဲ့ အချိန်ေ တ်ာတော်ကွာခြားပါတယ်။ UNFC တပ်ပေါင်းစုလို တိုင်းရင်း သားလက်နက် ကိုင် ခေါင်းဆောင်တွေနဲ့ တွေ့တဲ့အချိန်မှာရှုတည်တည်ကြီးဖြစ်နေပေမဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့တဲ့အချိန်မှာ ပြုံးလို့ရွှင်လို့ ပါ။အင်ဒရူး ဆက်လို ပါမောက္ခတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာရှင် ကဲ့သို့ ပြုမူကျင့်ကြံလာနေပြီဖြစ်တဲ့အတွက်အာဏာရှင်လားဆိုတာ စဉ်းစား စရာ ဖြစ်လာတယ်လို့ သူ့ရဲ့ နီကေးအေရှင်းရီဗျူးကဆောင်းပါးမှာ မှတ်ချက်ပြု ထားပါတယ်။ NLD အစိုးရလက်ထက်တိုင်းရင်းသားနယ်မြေတွေ ထဲမှာ တိုင်း ရင်း သား မဟုတ်တဲ့ ရွှေ့ပြောင်းတွေကိုဒေသခံတွေအဖြစ် အိမ်ထောင်စုတွေ ထုတ်ပေးနေတာတွေနဲ့ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ကာလရှည်စစ်ဘေး ဒဏ်သင့်ပြီး ကိုလိုနီသဖွယ် ပြုကျင့်ခံရ ၊ ဖြတ်လေးဖြတ် ဒဏ်ခံခဲ့ရတဲ့တိုင်း ရင်းသားဒေသတွေမှာ ဗမာလူမျိုးများတယ် ဆိုတဲ့ အယူအဆ ကဘာများ ကွာသလဲဆိုတာလည်း မေးခွန်းထုတ်စရာပါ။ အခု အိန္ဒိယ တရုတ်တို့နဲ့ မဟာဗျူဟာ ကျတဲ့စီမံကိန်းတွေ အကောင်ထည်ဖော်လာဖို့ စိုင်းပြင်းလာချိန် မူလဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်ရေးကို ကာကွယ်ဖို့ ဥပဒေတွေ အဆင်သင့်ဖြစ်ရဲ့ လားဆိုတာကလည်း ပြဿနာပါပဲ။ အိန္ဒိယဆိုရင် မြန်မာနဲ့ နီးတဲ့ အရှေ့မြောက်ပြည်နယ်တစ်ချို့ဟာ ပဋိပက္ခတွေ ရှိနေသေးသော်လည်း ဖက်ဒရာယ်အဆင့်ရထားတဲ့ ပြည်နယ်တွေ ( နာဂလန်း ၊ မီဇိုရမ် )ရှိနေတာေ ကြာင့် ဒေသခံဖြစ်မှုကို ပြင်ပနယ်တွေက လူတွေကို အလွယ်တကူမပေးပါဘူး။ သို့ပေမဲ့ အပြင်က အလုပ်လာလုပ်သူတွေ ၊ လာရောက်ရင်းနှီးမြှပ်နှံသူတွေ အတွက် သတ်မှတ်ချက်တွေနဲ့ လက်ခံဆောင်ရွက်ပေးတာရှိပါတယ်။ ဥပမာ နာဂလန်းမှာ လုပ်တဲ့ စီမံကိန်းတိုင်း ၊ ရင်းနှီးမြှပ်နှံမှု လုပ်ငန်းတွေတိုင်း ဒေသခံ ရ၀ ရာခိုင်နှုန်းကို အနည်းဆုံးအလုပ်ခန့်ရမယ်။ ဒေသဖွံ့ဖြိုးရေး အတွက် ဒေသ အစိုးရကို အခွန်ဘယ်လိုဆောင်ရမယ်။ ဒေသခံတွေ လက်မခံရင် စီမံကိန်းတွေ ရပ်ရမယ်ဆိုတာတွေ ရှိပြီးသားတွေပါ။ အခု လတ်တစ်လော ကချင်နဲ့ ရှမ်း /မြောက် မှာဖြစ်နေတဲ့ တိုက်ပွဲတွေက ကျောက်စိမ်းတွင်း တွေအပြင် ၊ တရုတ် မြန်မာ အိန္ဒိယ လမ်းကြောင်းပေါ်မှာ အကျိုးစီးပွားအရ ပြဿနာရှိ တယ် ယူဆတာကြောင့် Conflict of Interest အရ တိုက်တာလားဆိုတာ ယူဆစရာပါ ။
၁၇ နှစ် အပစ်ရပ်ဖူးတဲ့ ကေအိုင်အေကတော့ အပစ်ရပ်တုန်း ကျောက်စိမ်းတွေ သာ ပြည်မက လာသယ်ထုတ်သွားတယ် ကချင်ပြည်နယ်အတွင်း လမ်းမေ ကာင်း ၊ လျှပ်စစ်မီးတောင်အရင်က ကေအိုင်အေ က ပေးရ ၊ မူးယစ်ဆေး ၀ါးပြဿနာဆိုးဝါး ၊ ဆိုခဲ့တဲ့ ခါးသီးတဲ့ ကိစ္စရပ်တွေ အပေါ် ဒေသခံပြည်သူေ တွရဲ့ ဖိအားပေးမှုတွေနဲ့အတူ နိုင်ငံရေးအရ သေချာမှ လက်မှတ်ထိုးမဲ့ ပုံစံပါပဲ။ အရေးကြီးတဲ့ အချက်ဖြစ်တဲ့ NLDအစိုးရနဲ့ တပ်မတော်အကြားမှာ လည်း နိုင် ငံရေး အရ ရှေ့ဆက်သွားဖို့အတွက် နိုင်ငံရေး ပဋိဉာဉ်က ထွက်မလာသေး ပါဘူး။ အဓိက အစုအဖွဲ့နှစ်ခုအကြား သဘောတူညီမှု စရရင် ကျန်တဲ့ တိုင်းရင်းသားတွေကို ဘယ်လို ဆက်သွားမယ်ဆိုတာ ဘယ်လောက်ရာခိုင်နှုန်း စပြီး ရနိုင်တယ်ဆိုတာ ကတိပြုသွားနိုင်မှာဖြစ်ပေမဲ့ အခုလို အနေထားမှာ အန်စီအေ လက်မှတ်ထိုးဖို့ကြီးကြီး တိုက်တွန်းနေတာက ယခင်အမျိုးသား ညီလာခံတက်ဖူးတဲ့ အန်စီအေ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေအဖို့တော့ ရီစရာတောင် ဖြစ်နေနိုင်ပါတယ် ။
(၅)ငါ့မြင်းငါစိုင်း မူဝါဒနဲ့ တပ်ဦး ဖောက်ပြန်ချိန် ၊ တိုင်းရင်းသားညီညွတ်ဖို့ လိုတယ်
တကယ်တော့ မြန်မာ့ဒီမိုကရေစီအရေးက အခုထိရုန်းကန်နေရဆဲပါပဲ။ အရပ် သားအစိုးရက တက်လာတယ်ဆိုပေမဲ့ပါ.။ ဒါ့အပြင် တပြိုင်နက်တည်း လုပ်ရ မဲ့ငြိမ်းချမ်းရေး ၊ လူမှု စီးပွားဘဝ ဖွံ့ဖြိုးရေး ၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး စသဖြင့် လုပ်ရမဲ့ လုပ်ငန်းစဉ်တွေကလည်း မနည်းလှပါဘူး။ အခု ရလအတွင်း ကြုံရတဲ့ အခြေနေကို ကြည့်ရင် အစိုးရ ကိုယ်တိုင်ကရုန်း ကန်ေ နရတာလည်း အသေချာပါပဲ။ ဒါပေမဲ့ ငြိမ်းချမ်းရေးကို အစိုးရသက်တမ်းနဲ့မှန်းပြီး တက်သုတ် ရိုက်လုပ်နေတာ လည်း တွေ့ရပါတယ်။ နှစ် ၆၀ပြည်တွင်းစစ် ပြဿနာမှာ တကယ်တော့ နည်းမျိုးစုံနဲ့ ငြိမ်းချမ်းရေး လုပ်ဖို့ဖြေရှင်းခဲ့ကြတာပါ။ ဒါပေမဲ့ နိုင် ငံရေးအရ ဖြေရှင်းမှုတွေ တစ်ခါမှမလုပ်တာကြောင့် အောင်လည်း မအောင်မြင် ခဲ့သလို စစ်သုံးစားရိတ်တွေကြောင့် တိုင်းပြည်ပဲ ဆင်းရဲသွားခဲ့တာပါ။ အခုလည်း တက်သုတ်ရိုက်လုပ်လာပြန်ပါပြီ ။
တစ်လောက ထုတ်ပြန်ခဲ့တဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးလမ်းပြမြေပုံကိုကြည့်ရင် အခြေခံ ဥပဒေပြင်ပြီးမှရွေးကောက်ပွဲ ကျင်းပမယ်ဆိုတဲ့ အချက်က အစိုးရ သက်တမ်းတစ်ရပ်အတွင်းအပြီးလုပ်မယ်ဆိုတာကို ရည်ညွှန်းပါ တယ်။ မြန်မြန်ြ ပင် မယ်မြန်မြန်ငြိမ်းချမ်းရေး ရမယ်ဆိုရင် ကောင်းပါတယ်။ ဒါပေမဲ့အဆင့်သိပ် မကျော် ဖို့လိုပါတယ်။ စဉ်းစားစရာရှိတာက ငြိမ်းချမ်းရေးကို အစိုးရသက်တမ်း နဲ့ တွက်ထားသလားဆိုတာပါ။ မြန်မြန်ရရင်တော့ ကောင်းပါတယ်.။ မြန်ပြီး မခိုင်မာရင်လည်း အလကားပါပဲ ။
အခု အန်စီအေ လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေကို ကြည့်မယ်ဆိုရင် အရင် အမျိုးသား ညီလာခံကို တက်ဖူးပြီး အတုအယောင်ဆွေးနွေးမှုတွေကို ကြုံခဲ့ရသူတွေ များပါတယ်။ ဒါကအရေးကြီးတဲ့အချက်ပါ။ နောက်ပိုအရေးကြီး တာက အခုအချိန်အထိ NLDကိုယ်တိုင်က တိုင်းရင်းသားတွေနဲ့ ယုံကြည်မှု တိုးမြှင့်မတည်ဆောက်နိုင်တဲ့အပြင် တစ်ချိန်လုံးကျောချင်းကပ်ခဲ့တဲ့ ဦးခွန် ထွန်းဦး လို တိုင်းရင်းသားအရေးမှာ အရေးပါခဲ့တဲ့သူတွေကိုတောင် ခေါ် ယူတွေ့ဆုံ တာမျိုး မလုပ်တာပါပဲ။စဉ်းစားစရာရှိတာက ငြိမ်းချမ်းရေးဆိုတဲ့ ကိစ္စက နိုင်ငံရေးအရ အပြကောင်းတဲ့အတွက်လားဆိုတာ စဉ်းစားစရာရှိပါတယ် ။
ပြည်သူတွေအတွက် စာနာတယ်
ပြည်သူ့အသံတကယ်ထွက်စေချင်တယ်ဆိုရင်လည်းငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ အမျိုးသမီးနဲ့ အရပ်ဘက် လူထုအဖွဲ့အစည်းကဏ်ဏ္ဍကို အရေးမပါသလို NLD အစိုးရ အနေနဲ့ မလုပ်သင့်ပါ။ငါမဲနိုင်လို့ ဆိုနိုင်ပေမဲ့ အခုဆိုရင်ပဲ တိုက်ပွဲေ တွဖြစ်ပွား တဲ့ကချင်ပြည်နယ်မှာ NLDရဲ့ ကချင်ပြည်နယ်ဆိုင်ရာ လွှတ်တော် အမတ် တွေကဒေါ်အောင်ဆန်းစုကြည်ထံ စစ်ပွဲရပ်စဲရေး ဆောင်ရွက်ေ ပးဖို့ ပေးစာပေးပို့ခဲ့ပြီးဖြစ်ပါတယ်။ မြစ်ကြီးနားမှာ လူတွေသောင်းချီ လမ်းပေါ်ထွက် ဆန္ဒပြနေတာတွေကြည့်ရင် အခြေနေမှန်ကို ခန့်မှန်းနိုင်ပါတယ် ။
နောက်အရေးကြီးတဲ့ တိုင်းရင်းသားနယ်မြေထဲက အငြင်းပွားဖွယ်စီမံကိန်းတွေ ကိုဖျက်သိမ်းရပ်တန့်ဖို့တွေ ၊ မြေတွေ ပြန်ပေးဖို့တွေကို မလုပ်သေးပဲငါ့မြင်း ငါစိုင်း စစ်ကိုင်းရောက် ရောက် ပေါ်လစီတွေ ဇွတ်ချပြနေတဲ့ ကိစ္စတွေ ကဆိုးဝါးလှပါ တယ်။ ခရိုနီတွေ ဆန်ရှင်လွတ် တရားဝင်သွားပေမဲ့ ဥပမာ ယုဇန ဦးဌေးမြင့်ဆိုရင် တကယ့် မြန်မာပြည်မြောက်ဖျားက မူလဌာနေတိုင်း ရင်းသား ဒေသဖြစ်တဲ့ ဟူးကောင်းက ထောင်နဲ့ချီတဲ့ မြေတွေ ကို ပြန်မပေးသေး ပါဘူး။ ရေရှည်ပြင်ထားသလား မပြင်ထားသလားဆိုတာ ထိုင်းနိုင်ငံ နို့ဘိုး ဒုက္ခသည် စခန်းကနေ ရန်ကုန်ကို ပြန်လာရသူအချို့ကိုပဲ ကြည့်ပါ။ ပထမအသုတ်မှာတင် အစိုးရ သိက္ခာကျပါတယ်.။ နေစရာ မရှိဖြစ်နေကြသလို သိန်း ၁၀၀ လောက်တန်တဲ့ တန်ဖိုးနည်း အိမ်ယာပေး ၀ယ်မယ်ဆိုပြီး လုပ်လာပြန်ပါတယ်။ အခုမှ ပြန်ရောက်ဘဝသစ်စရမဲ့ သူတွေကို သိန်းတစ်ရာ တန် အိမ်ရောင်းနေတာဟာ ပေါင်မုန့် မရှိ ကိတ်မုန့် စား ဆိုတဲ့ ကိစ္စနဲ့ အတူတူပဲ ဖြစ်ပါတယ် ။
ဒါကြောင့်ပဲ တစ်လောက ဗိုလ်ချုပ်ဂွန်မော်က သန်းခေါင်ယံအတွေးဆိုပြီး သူတို့မြင်းနဲ့ သူတို့စိုင်း သူတို့လှေ သူတို့ထိုး ပဲခူးရောက်လုပ်တော့မှာပါလားလို့ ဖေ့ဘုပ်မှာရေးခဲ့တာဖြစ်ပါတယ် ။
၈၈ မျိုးဆက်အဖွဲ့ရဲ့ ငြိမ်းချမ်းရေးနဲ့တောင်သူလယ်သမား ရေးရာဌာနက ကိုမြအေးက လှော်တုန်းကတော့ ဆန်တက်နေတယ်ဆိုပြီးအားနဲ့ မာန်နဲ့ လှော်ခတ်ခဲ့တာပဲ။ ပင်လယ်ထဲရောက်မှ စုန်ဆင်းနေမှန်းသိတော့တယ်။ ဆိုပြီး သူ့ဖေ့ဘုပ်မှာ တင်ထားတာကလည်း စဉ်းစားစရာပါ။အမှန်တော့ မြန်မာနိုင်ငံရဲ့ အခြေနေအရ သင့်မြတ်ရေးလို့ စဉ်းစားမယ်ဆိုရင်ဒီမိုကရေစီ အင်အားစုတွေနဲ့ တပ်မတော်အကြားသာမက တိုင်းရင်းသားတွေပြည်သူတွေနဲ့ သင့်မြတ်ရေးကိုပါ စဉ်းစားရမှာပါ ။
အခုက ဒီမိုကရေစီအင်အားစုအတွင်း သင့်မြတ်ရေးကလည်း ပီပြင်မှု မရှိလှသလို ၊တိုင်းရင်းသားတွေနဲ့ သင့်မြတ်ရေးကလည်း မှုန်ဝါးဝါးပါပဲ။ လွန်ခဲ့တဲ့ ၂၅ နှစ်အတွင်း တိုင်းရင်းသားတွေ တပ်ဦးလို့ ထင်ခဲ့သူဒေါ်အောင်ဆန်းစုကြည်ကတော့ ရယူထားတဲ့ အာဏာ အထိုင်ကပဲ အကုန်လုံးကို စဉ်းစားပေးနေတဲ့ လက္ခဏာတွေ့နေရပြီး ပြဿနာတွေကို အခြေခံကျကျဖြေရှင်းဖို့ ခက်ခဲနေတာလည်း တွေ့ရပါတယ်။ ဒရွတ်တိုက်ဆက်သွားဦးမဲ့ ခြေလှမ်းတွေလည်း မြင်နေရပြီး NLDနဲ့ စစ် အုပ်စုအကြားက သင့်မြတ်ရေးဟာ ပြည်သူ အခြေပြု အမျိုးသား ပြန်လည်သင့်မြတ်ရေးလား ( ဒါမှမဟုတ် ) အာဏာတည်မြဲရေးအတွက် အဆုံးစွန်ပေးအပ်ရေးလားဆိုတာ သံသယ ဖြစ်လာကောင်းလာပြီလို့ ဆိုနိုင်ပါတယ်။
ပြည်သူတွေဘဝအတွက်လည်း အားရစရာ ဘာတစ်ခုမှ မရှိသေးပါဘူး။တိုင်းရင်းသားတွေအနေနဲ့ အခုချိန်မှာ စဉ်းစားရမှာက မိမိတို့အချင်းချင်းအကြားက ညီညွတ်ရေးက အဓိက ကျတယ်ဆိုတာပါပဲ ။
လက်နက်ကိုင်တွေကိုကြည့်မယ်ဆိုရင်ပဲ လက်မှတ်ထိုးထားတဲ့ ၈ ဖွဲ့က တစ်စု ၊ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေက တစ်စု ဖြစ်နေတာ ပါတီတွေမှာလည်းမဟာမိတ် နှစ်အုပ်စု ဖြစ်နေတာက အခုအချိန်မှာ မသင့်လျော်လှတဲ့အချိန်ပါ။အခုအချိန်မှာ တိုင်းရင်းသားတွေကို ဘယ်လို သဘောထားသလဲဆိုတာလည်း ပေါ်လွင်နေပြီမို့ အကောင်းမြင်လွန်းခြင်း အဆိုးမြင်လွန်ခြင်း ၊တစ်ဦးတစ်ဖွဲ့ရဲ့ အကျိုးစီးပွား တွေကိုပဲ ဦးတည် လွန်းခြင်း စတဲ့အချက်တွေကရှောင်ရှားရမဲ့ အချိန်ဖြစ်ပြီး တိုင်းရင်းသား အင်အားစုများအကြားညီညွတ်ရေးကို တည်ဆောက်ရမှာဖြစ်တယ်။ ဘယ်သူ့ကိုမှ မခေါ်ပဲ တစ်ဦးထဲသွားကစားခဲ့တဲ့ တပ်ဦးအနေနဲ့ကတော့ အတော့ကို ချွတ်ချော်တဲ့ လမ်းစဉ်ကိုလိုက်နေသလားဆိုတာ စိုးရိမ်ရေမှတ်နား ရောက်ခါနီးပြီဖြစ်ပါတယ်။ ရွှေဂုံတိုင် ကြေငြာစာတမ်းကို ပယ်ဖျက်ခဲ့မှု (၂၀၁၀ ရွေးကောက်ပွဲမဝင်လမ်းစဉ်ကို ပြန်ပယ်ဖျက် ) ၊ တစ်သက်လုံး လက်တွဲညီတဲ့မဟာမိတ်တွေကို မတိုင်ပင်ပဲ တစ်ကိုယ်ရေဆုံးဖြတ်ချက်နဲ့ ၂၀၀၈ အခြေခံဥပဒေကို လက်ခံခဲ့မှု ၊ ဒီမိုကရေစီအင်အားစုတွေအကြား အပါဝင်တိုင်းရင်းသားအင်အားစုတွေနဲ့ ညီညွတ်ရေးမတည် ဆောက်မှုတွေ ကတော့ မှန်ကန်တဲ့ဆုံးဖြတ်ချက်ဟုတ်မဟုတ် များမကြာမှီကာလအတွင်းမှာပဲထင်ထင် ရှားရှားပေါ်လာတော့ မှာဖြစ်ပါတယ်။ တိုင်းရင်းသားများအနေဖြင့်အခြားဘယ်သူ့ကိုမှ အားမကိုးပဲ ရေသာခို မနေပဲ စုစုစည်းစည်း ပြတ်ပြတ်သားသားညီညီညွတ်ညွတ် ရပ်တည်သင့်နေတဲ့ အချိန်ရောက်နေပါပြီ ။
Tags: Feature