လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ကျိုင်းတုံလစ်လပ်နေရာ၌ မင်္ဂလာစည်တော် ၀င်ရောက်ယှဉ်ပြိုင်မည် မဟုတ်



သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် သျှမ်းပါတီ ၃ ပါတီရှိနေပြီဖြစ်သဖြင့် သျှမ်းပြည်နယ်  အရှေ့ပိုင်း ဖွံ့ဖြိုး တိုးတက်ရေး   ဒီမို   ကရက်တစ်ပါတီ   ခေါ် မင်္ဂလာစည်တော် ပါတီ ESSDDP   အနေဖြင့် လာမည့်ကြားဖြတ် ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း ပြောဆိုပါသည် ။


မင်္ဂလာစည်တော် ပါတ ဥက္ကဌ စိုင်းဆာမ်တစ်ဆေက - ကျနော်တို့ ၃ ပါတီ အရင်က ဆွေးနွေးဖူးတာရှိတယ်။ ၃ ပါတီပေါင်းပြီးတော့ သင့်တော်တဲ့သူကိုရွေးချယ်ပြီးတော့ ရွေးကောက်ပွဲမှာဝင်ပြိုင်ခိုင်းမယ်။ ဒါပေမယ့် အဲလိုဖြစ်မလာဘဲ နောက်ဆုံးတော့ သူ့ပါတီနဲ့သူဘဲဝင်ပြိုင်မယ်ဆိုပြီးဖြစ်လာတယ်။ ကျနော်တို့ မင်္ဂလာ စည်တော်အနေနဲ့တော့ ၀င်မပြိုင်တော့ဘူး။ ပြီးခဲ့တဲ့ ၂၀၁၅ တုန်းကဟာက သင်ခန်းစာဘဲလေ။ စည်းလုံး ညီညွတ်မှုမရှိရင်အောင်နိုင်မှာမဟုတ်ဘူး။ အခုလည်း အောင်မြင်ဖို့တော့ လွယ်ကူလှမယ်မထင်ဘူးဗျ - ဟု သျှမ်းသံတော်ဆင့်အားပြောသည် ။


၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေသည့် လွှတ်တော်အမတ်နေရာ ၁၉ နေရာရှိရာ သျှမ်းပြည်နယ်အတွင်း လစ်လပ်နေရာ ၈ နေရာအနက် ကျိုင်းတုံမြို့တွင် ၁ နေရာပါဝင်ပါသည် ။


သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ၏ ကျိုင်းတုံမြို့နယ် ဥက္ကဌ  စိုင်းထွန်းက - ကျားခေါင်းပါတီအနေနဲ့လည်း ၀င်ပြိုင်မယ်။ အခု ကျိုင်းတုံမှာ ၀င်ပြိုင်ဖို့ကျနော်တို့ စိုင်းလုံကိုရွေးချယ် ထားပါတယ် - ဟု ပြောဆိုသည် ။


ကျားခေါင်းပါတီအနေဖြင့် လစ်လပ်နေသည့် သျှမ်းပြည်တွင်း လွှတ်တော်အမတ်နေရာအားလုံးတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းပြောဆိုသည် ။


ကျိုင်းတုံမြို့ ကျားဖြူပါတီ အလုပ်အမှုဆောင် စိုင်းယွက်က - ကျနော်တို့ကျားဖြူပါတီကလည်း ၀င်ရောက်ယှဉ်ပြိုင်မယ်။ ကျနော်ကိုယ်တိုင်ဝင်ရောက်ယှဉ်ပြိုင်မယ်။ ကျိုင်းတုံမှာအပြင်  တခြားလစ်လပ်နေတဲ့နေရာတွေမှာလည်း ၀င်ရောက်ယှဉ်ပြိုင်ပါမယ်။ - ဟု ပြောဆိုသည် ။


လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် သျှမ်းပြည်အတွင်း လစ်လပ်နေရာ ၈ နေရာတွင် ၂၀၁၅ ခုနှစ်က ရွေးကောက်ပွဲမကျင်းပခွင့်မရလိုက်သည့် မိုင်းရှူးမြို့နှင့်ကျေးသီးမြို့ တွင် ပြည်နယ် လွှတ်တော်အမတ် ၄ နေရာ ပြည်သူ့လွှတ်တော် ၂ နေရာ ၊ ကျိုင်းတုံမြို့တွင် (ကွယ်လွန်သွားသော) ပြည်နယ် ၂ တနေရာနှင့် ညောင်ရွှေမြို့တွင် ပြည်နယ် ၁ တနေရာတို့ဖြစ်ပါသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates