သိမ်းဆည်းခံမြေများ မူလပိုင်ရှင် ပြန်မရသေးသရွေ့ ပြည်သူ့ကိုယ်စားလှယ်တာဝန်မကျေ ကျားခေါင်းအမတ်ပြော



သိမ်းဆည်းခံတောင်သူပိုင်မြေများအား မူလပိုင်ရှင်ထံပြန်မပေးနိုင် သေး သရွေ့ပြည်သူ့ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တာဝန်မကျေဟု ခံစားရကြောင်း သျှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်-၃ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်းက ပြောသည် ။


ဒီဇင်ဘာ ၂ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော်တွင် ၄င်းကိုယ်တိုင်တင်သွင်းခဲ့ သည့် သျှမ်းပြည်နယ်မြောက်ပိုင်း၊ လာရှိုးမြို့နယ်ကောင်းကြဲ(ပိတ်)ကျေးရွာအုပ်စု၊ နားမွန်းကျေးရွာ အတွင်းရှိ တောင်သူ ၁၂ ဦးပိုင်ဆိုင်သော ကွင်းအမှတ် ၁၀၂  ဆွမ်ကွယ်ကွင်းမြေနေရာအား တပ်သိမ်းမြေမှ မူလတောင်သူများထံ ပြန်လည်စွန်လွတ်ပေးပါရန် နှင့် နစ်နာသော တောင်သူများကို မည့်ကဲ့သို့ ဖြေရှင်း ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်းကို အမျိုးသားလွှတ်တော်တွင် မေးမြန်းရာတွင်ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည် ။


လယ်ယာမြေ အသိမ်းခံထားရသည့် တောင်သူများ၏ ဘဝသည့် လက်အဖြတ်ခံထားရသကဲ့သို့ မျှောင်လင့်ချက်မဲ့ကာ ဆင်းရဲဒုက္ခရောက်သည့်အဖြစ်ကိုမြင်တွေ့နေရကြောင်း ဆိုထားပြီး ထိုကဲ့သို့ ကိုယ်တိုင်ခံစားခဲ့ရသည့် အတွက် မူလပိုင်ရှင် လယ်သမားများ လက်ဝယ် ပြန်မရောက်သေးသည့်ကာလ ပတ်လုံးထပ်မံပြီးမြေယာများအသိမ်းဆည်းမခံရအောင် မကာကွယ်ပေးနိုင်သေးသရွေ့ လွှတ်တော်ကိုယ်စားလှယ် တာဝန်မကျေသည်ကိုခံစားရကြောင်း စိုင်းဝမ်းလျန်းခမ်းက ဆိုသည် ။


“ တောင်သူလယ်သမား ပြည်သူအများ ပိုင်ဆိုင်လုပ်ကိုင်ခဲ့ကြတဲ့ လယ်ယာမြေများမူလပိုင်ရှင်အမှန်လက်ဝယ် ပြန်ရောက်အောင် မဆောင်ရွက်နိုင်သေးသမျှကာလ ပတ်လုံး၊ တောင်သူလယ်သမားများ လက်ရှိ ပိုင်ဆိုင်ထားတဲ့မြေ ထပ်မံ၍အဓမ္မသိမ်းဆည်းမခံရ အောင် ကာကွယ်ပေးနိုင်သည့် ခိုင်မာသော ဥပဒေမပြု နိုင်သေးတဲ့ကာလပတ်လုံးမှာ ပြည်သူကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တစ်ယောက် အနေနဲ့ တာဝန်မကျေသေးဘူးလို့ ခံစားရပါတယ်ခင်ဗျား” ဟု ပြောသည် ။


၎င်းကိုယ်တိုင်မှာလည်း မြေသိမ်းခံရသည့် မိသားစုတွင်ကြီးပြင်းလာခဲ့သူတစ်ဦးဖြစ်သည့်အတွက် စာနာမိသည်ဟုလည်း ဆိုသည် ။


စိုင်းဝမ်းလျန်းခမ်း တင်သွင်းခဲ့သည့် လားရှိုးမြို့နယ် နားမွန်းကျေးရွာမှ တောင်သူလယ်သမား ၁၃ဦး ပိုင်ဆိုင်သည့်လယ်မြေများသည် ၂၀၀၂ခုနှစ်က ကြက်ဆူပင်စီမံကိန်းအတွက် သိမ်းယူခဲ့ခြင်း ခံခဲ့ရပြီး  ကြက်ဆူပင် စီမံကိန်း မအောင်မြင်ပြီးနောက်ပိုင်းတွင် မြေလွတ်မြေရိုင်းဖြစ်သည့်ဆိုကာ လျှောက် ထားပြီး စိုစိုပြေပြေအုတ်စက်ရုံမှ လုပ်ကိုင်ခဲ့ပြီးနောက်နှစ်ရှည်သီးနှံစိုက်ပျိုးရန်နှင့် စစ်မှုထမ်းဟောင်း အိမ်ယာအတွက်ဆိုကာဆက်လက်သိမ်းယူထားခဲ့ခြင်းဖြစ်သည်ဟု သိရသည် ။


အမှန်ကတော့ဗျာ စိုစိုပြေပြေ အုတ်စက်မရှိခင်ကတည်းကတပ်ကအားလုံးယူထားပြီးတော့ ကြက်ဆူဆီစီမံကိန်း လုပ်ဖို့သိမ်းထား တာဖြစ်တယ်။၂၀၀၂က ကြက်ဆူပင် စိုက်မယ်ဆိုပြီးအားလုံးသိမ်းလိုက်တာပြီးကြက်ဆူပင်စိုက်တယ်။ ကြက်ဆူပင်ကနေလာတာဖြစ်တယ်”ဟု ပြောသည် ။


စိုင်းဝမ်းလျန်းခမ်း၏ လွှတ်တော်တွင် တင်ပြချက်အား ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး က လာရောက်ဖြေကြားရာတွင် အဆိုပါမြေနေရာသည် မြေလွတ်မြေရိုင်းဖြစ်သည့် အတွက် အုတ်စက်ရုံက လျှောက်ထားပြီးအကောင်အထည်ဖော်ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်းဆိုသည် ။


အဆိုပါအုတ်စက်ရုံမှအကောင်အထည်ဖော်ဆောင်ရွက်ခြင်းမရှိသည့်မြေနေရာများအား တပ်မတော်မှလွြဲောပင်းရယူပြီးစစ်မှုထမ်းဟောင်းအိမ်ယာတည်ဆောက်မည်ဖြစ်သည့်အတွက်  မြေနေရာအား ပြန်မပေးတော့သည့်အပြင် မြေယာလျော်ကြေးပင် ပေးရန် အစီစဉ်မရှိကြောင်းဆိုသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates