SSPP/SSA မှ ဦးဆောင်ကျင်းပသည့် သျှမ်းနှစ်သစ်ကူးပွဲ နာမည်ကြီးတေးရေးဆရာစိုင်းလောဝ်ဆိုင် စိန်ရတုမွေးနေ့ပွဲ ပါဂုဏ်ပြုကျင်းပ



သျှမ်းပြည်တောင်ပိုင်းကျေးသီးမြို့နယ် ကိန်းလိန်ရွာတွင် ၀မ့်ဟိုင်းအခြေစိုက် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA မှ  ဦးဆောင်ကာ ၂၁၁၁ ခုနှစ် သျှမ်းနှစ်သစ်ကူးပွဲနှင့်အတူ သျှမ်းတေးရေးဆရာ စိုင်းလောဝ်ဆိုင်၏  ရ၅ နှစ်မြောက်မွေးနေ့ ဂုဏ်ပြုအခမ်း အနားကိုပါ တွဲလျက်ကျင်းပခဲ့သည် ။


သျှမ်းနှစ်သစ် ၂၁၁၁ ခုနှစ် ၏နှစ်ဆန်းတရက်နေ့ဖြစ်သော နိုဝင်ဘာလ ၃၀ ရက် မနက်ပိုင်းတွင် ဆရာစိုင်းလောဝ်ဆိုင် အား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပခဲ့ခြင်းဖြစ်ပါသည် ။


စိုင်းလောဝ်ဆိုင် ရဲ့ဂုဏ်ပြုပွဲမှာ နာမည်ကြီးသျှမ်းအဆိုတော် အယောက် ၂၀  ခန့်အပါအဝင် ဖိတ်ကြားထားသည့် ရပ်နီးရပ်ဝေးမှဧည့်သည်တော် ၃၀၀ ခန့်တက်ရောက်ဂုဏ်ပြုကြောင်း သိရသည် ။


သျှမ်းနှစ်သစ်ကူးကြိုဆိုပွဲကိုတော့ နိုဝင်ဘာလ ၂၈ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ၃ ရက်ကျင်းပခဲ့ပါတယ်။ နေ့ပိုင်းမှာ လူသိပ်မစည်ဘူး။ ဆရာစိုင်းလောဝ်ဆိုင်ကိုဂုဏ်ပြုတဲ့နေ့ကဘဲ စည်တာ။ ညပိုင်းမှာတော့ အဆိုတော်တွေရဲ့ ဖျော်ဖြေမှုကြောင့် ဒေသခံလူထု ထောင်ချီတက်ရောက်ခဲ့ပါတယ်။ - ဟု ဒေသခံ စိုင်းလျန်းကပြောသည် ။


ကျေးသီးမြို့နယ် ၀မ့်ဟိုင်းဌာနချုပ်မှာလိုဘဲ သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ၊တာချီလိတ်မြို့နယ်တို့မှာ နှစ်သစ်ကူးပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည် ။


သျှမ်းပြည်မြောက်ပိုင်းမြို့နယ်တော်တော်များများနှင့် တခြားဒေသက မြို့နယ်တချို့မှာတော့ စစ်ရေးတင်းမာမှု ကြောင့် သျှမ်းနှစ်သစ်ကူးပွဲနှင့်ကောက်သစ် လှူဒါန်းပွဲ ကြီးကျယ်ခမ်းနားစွာမကျင်းပနိုင်ခဲ့ပေ ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates