၅၁ ကြိမ်မြောက် သထုံမူလမင်းကွန်း ဝိပဿနာကမ္မဌာန်းတိုက်များ၏ သံဃာ့ညီလာခံ မိုးနဲမြို့တွင် ကျင်းပမည်
သျှမ်းပြည်အတွင်းရှိ သထုံမူလမင်းကွန်း ဝိပဿနာ ကမ္မဌာန်း တိုက်များ မှ နှစ်စဉ် အလှည့်ကျ ကျင်းပနေသည့် သံဃာ့ညီလာခံပွဲတော်မှာ လာမည့် ၂၀၁၇ ခုနှစ်အတွက် မိုးနဲမြို့ ကမ္မဌာန်း တိုက်မှ တာဝန်ယူကျင်းပ မည်ဖြစ်ကြောင်းသိရသည် ။
![]() |
မိုးနဲမြို့အဝင်ဆိုင်းဘုတ် |
![]() |
၂၀၁၆ ခုနှစ် မတ်လက လင်းခေးမြို့ကမ္မဌာန်းကျောင်းတို က်တွင် ကျင်းပသည့် နှစ် ၅၀ ပြည့် ညီလာခံဖွင့်ပွဲ |
‘‘ နိုဝင်ဘာလကုန် ၃၀ ရက်နေ့မှာ လင်းခေးမှာ အရေးပေါ်အစည်းအဝေး ကျင်းပတယ်။ မိုးနဲ ကုန်းမွန်းကျောင်းတိုက်မှာ သံဃာ့ညီလာခံကျင်းပ ဖို့အတွက်။ ၂၀၁၇ မတ်လ ၄ ရက်ကနေ ရ ရက်နေ့အထိကျင်းပမယ်ပေါ့။ ဒါပေမယ့် စာပြန်ပွဲနဲ့ တိုက်နေတာကြောင့် ဖေဖော်ဝါရီလကုန်မှာစ မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါကြောင့် ၂၀၁၇ ဖေဖော်ဝါရီ ၂၈ ရက်နေ့ ကုန်း မွန်း ကျောင်း တိုက်မှာ သံဃာစုံပေါ့ စုကြမယ်။ ပြီးတော့ မတ်လ ၁ ရက်နဲ့ ၂ ရက်က သံဃာ့အစည်းအဝေး။ ညီလာခံပေါ့နော်။ ၃ ရက်နေ့ က ရေစက် ချလှူဒါန်းပွဲပါ’’- ဟု ကုန်းမွန်း ကျောင်း တိုက်မှ ဆရာတော်ဦးဥတ္တရက မိန့်တော်မူသည် ။
အဆိုပါကုန်းမွန်းကျောင်းတိုက်တွင်ကျင်းပမည့် သံဃာ့ ညီလာခံသည် သျှမ်းပြည်နယ်လုံးဆိုင်ရာ သထုံမူလမင်းကွန်း ကမ္မဌာန်းတိုက်၏ ၅၁ ကြိမ်မြောက် ညီလာခံဖြစ်ပြီး မိုးနဲမြို့ ကမ္မဌာန်းတိုက် အတွက် ၄ ကြိမ်မြောက် ညီလာခံပွဲတော်ကြီးဖြစ်ပါသည် ။
သထုံမူလမင်းကွန်း ကမ္မဌာန်းတိုက်များ၏ တနှစ်အတွင်းဝိပဿနာ တရား စခန်းမှ တွေ့ကြုံရ သည့် အတွေ့အကြုံများ၊ အားနည်းချက် အားသာ ချက် များ ၊ လိုအပ်ချက်များ နှင့်ပြုပြင် မွမ်းမံ ရမည့်အချက် အလက် များ၊ ယော ဂီများ၏ အရည်အတွက်နှင့်အရည်အသွေး စသည်ဖြင့် အစုံ အလင်ေ ဆွးနွေးပြုပြင် သွားနိုင်ရန် သျှမ်းပြည်တွင်းရှိ ကမ္မဌာန်းတိုက်များမှ သံဃာေ တ်ာများက စုဝေးကာ တနှစ်တကြိမ် ညီလာခံကျင်းပခဲ့ကြသည် ။
သျှမ်းပြည်နယ်အတွင်းတွင် သထုံမူလမင်းကွန်း ကမ္မဌာန်းတိုက် (လက်ရှိ) ၃၄ တိုက်ရှိရာ ညီလာ ခံကို အလှည့်ကျတာဝန်ယူကျင်းပခဲ့ကြသည်။ သျှမ်းပြည်ေ တာင်ပိုင်း လင်းခေးမြို့ရှိ ကမ္မဌာန်းတိုက်သည် သထုံမူလမင်းကွန်းလမ်းစဉ် ပထမ ဆုံးရောက်ရှိပျံ့ပွားသည့် တိုက်ဖြစ် သည် ။
Tags: Culture, News