SSPP/SSA မှတော်လှန်ရေး အာဇာနည်ပုဂ္ဂိုလ် များအားဂုဏ်ပြုသည့်အခမ်းအနားကျင်းပ



ဒီဇင်ဘာလ ၅ ရက်နေ့တွင်ကျရောက်သော သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA ၏ တော်လှန်ရေး အာဇာနည်ပုဂ္ဂိုလ် များအားရည်စူးဂုဏ်ပြုသည့်နေ့တွင် ကျေးသီးမြို့ နယ် ၀ိန်းမိုင်ဝမ့်ဟိုင်း နောင်ငင်း ခန်းမ၌ အောင့်မေ့ဂုဏ်ပြုခြင်း အခမ်းအနားတရပ် ကျင်းပခဲ့ သည် ။


အဆိုပါအခမ်းအနားတွင် SSPP/SSA ၏ ဒုတိယ ဥက္ကဌ ၂ ဗိုလ်ချုပ်ခွန်ဆိုင်က- “ဒီဇင်ဘာလ ၅ ရက်နေ့ဟာ ကျနော်တို့ SSPP/SSA ရဲ့ဒုဥက္ကဌ ခွန်အုန်းဘောင် တိုက်ပွဲမှာကျဆုံးတဲ့နေ့ဖြစ်တဲ့ အလျောက် ဒီနေ့ကို SSPP/SSA ရဲ့တော်လှန်ရေး ပုဂ္ဂိုလ် များအာဇာနည်နေ့အဖြစ် သတ်မှတ် တယ်။ အလားတူ ဒီနေ့မှာ သျှမ်းပြည်အမျိုးသားရေးအတွက် တိုက်ပွဲမှာ ကျဆုံးသွားတဲ့ ရဲဘော်ရဲဘက်များ အားလုံးကိုလည်းရည်စူးပြီးတော့  ကျနော်တို့ သက်ရှိထင်ရှားရှိဆဲ ရဲဘော်ရဲဘက်များကနေ အလေးထားဂုဏ်ပြုရမယ်။ သမိုင်းပေးတာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ရမယ်” - ဟု ပြောဆိုသည် ။


အခမ်းအနားကို ဒီဇင်ဘာလ ၅ ရက် မနက် ၉ နာရီမှ ၁၁ နာရီအထိ ကျင်းပရာ နာယက ၂ ဒု ဗိုလ်ချုပ်ကြီးနော်မိန်းလုံ၊ ဒုဥက္ကဌ ၂ ဗိုလ်ချုပ်ခွန်ဆိုင်၊ ဗဟိုကော်မတီ ဗိုလ်မှူးကြီး မန်းဟုံ၊ တွဲဖက် စစ်ဦးစီးချုပ် (၁) ဗိုလ်ချုပ်ငေါင်းဖှ၊ နိုင်ငံရေးဌာနမှူး ဒုဗိုလ်မှူးကြီးခမ်းတီ၊ အမှတ် ရ၄ တပ်မဟာမှူး ဒုဗိုလ်မှူးကြီး လောဝ်ပိန်း၊ အတွင်းရေးမှူး ၁ ဒု ဗိုလ်မှူးကြီးကျော်လှ၊ အတွင်းရေးမှူး ၂ ဗိုလ်မှူး စိုင်းဆု၊ အတွင်းရေးမှူး ၃ ဗိုလ်မှူးဘထွန်း၊ ဗဟိုစစ်သင်တန်းကျောင်းမှ ကျောင်းအုပ်ဗိုလ်မှူး ဆိုင်ဟန်၊ ဆက်ဆံရေးဌာနမှ ဌာနမှူး ဗိုလ်မှူးတွန်းခမ်းနှင့်အတူ စစ်ဘက်ဆိုင်ရာအရာရှိအရာခံများ စုစုပေါင်း ၃၀၀ ထက်မနည်းတက်ရောက်ခဲ့ကြပါသည် ။


သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော်၏အတွင်းရေးမှူး ၁  ဒုဗိုလ်မှူးကြီး ကျော်လှက -”ကျနော်တို့ SSPP/SSA မှာလည်း ထူးချွန်ထက်မြက်တဲ့ တော်လှန်ရေးပုဂ္ဂိုလ် တွေအများကြီး ထွက်ပေါ်ခဲ့တယ်။  ဒီကနေ့ကျနော်တို့လေ့လာနေရတဲ့ သျှမ်းသမိုင်းဆိုရင် တော်လှန်ရေး အာဇာနည် ပုဂ္ဂိုလ် ကြီးတွေရဲ့အသက်သွေးချွေးနဲ့ရေးထားတဲ့ သမိုင်းဖြစ်တယ်။  သူတို့ကိုဂုဏ်ပြုရမယ်” - ဟု ပြောဆိုသည် ။


၁၉၇၈ ခုနှစ်က သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်နှင့် ဗိုလ်ချုပ်နေဝင်း ဦးဆောင်သော အစိုးရတပ်မတော်တို့တိုက်ပွဲများဖြစ်ပွါးခဲ့ရာ ဒီဇင်ဘာလ ၅ ရက်နေ့တွင် SSPP/SSA ၏ ဒုဥက္ကဌ စဝ်အုန်းဘောင် ခေါ် စဝ်ဆေခန်မှာ တိုက်ပွဲတွင်ကျရှုံးခဲ့သည်။ ၁၉၇၉ မှစပြီး ဒီဇင်ဘာ ၅ ရက်နေ့တိုင်း စဝ်အုန်းဘောင်နှင့်တကွ တိုက်ပွဲတွင်ကျရှုံးခဲ့သော ရဲဘော်ရဲဘက်များအားလုံးအား အောင့်မေ့ဂုဏ်ပြုခြင်းအထိမ်းအမှတ် ပြုလုပ်ကျင်းပခဲ့သည် ။  




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates