သီပေါရောက်စစ်ပြေးဒုက္ခသည်များအား သျှမ်းပြည်နယ်အမျိုးသမီးအဖွဲ့ သွားကူညီ



သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ရှိ စစ်ပြေးဒုက္ခသည်များအား သျှမ်းပြည်နယ်အမျိုးသမီးအဖွဲ့ SSWO ဦးဆောင်ပြီး   ကူညီထောက့်ပံ့မှုများသွားရောက်ပေးအပ်ခဲ့သည် ။


ဒီဇင်ဘာလ ၁၁ ရက်နေ့က  သျှမ်းပြည်နယ်အမျိုးသမီးအဖွဲ့ကဦးဆောင်သည့် လူဦးရေ ၃၀ ကျော်သည်  စစ်ဘေး ရှောင်များရောက်ရှိလာသည့် သီပေါမြို့ရှိ ဝမ်ကောင်းရွာသို့သွားရောက်ကာ ကူညီထောက်ပံ့ မှုများပေး အပ်ခဲ့ခြင်း ဖြစ်သည် ။


“ ကူညီထောက်ပံ့ပစ္စည်းတွေကတော့ စောင် တစ်ယောက်တထည်နဲ့  တအိမ်ထောင်တစ်အိမ်ငွေကျပ် ၅၀,၀၀၀  သောင်း ။ ကလေးတစ်ယောက်ကိုကျပ် ၃,၀၀၀ ထောင်ကူညီမှုပေးခဲ့ပါတယ်။ စုစုပေါင်းငွေ ကျပ် ဆယ့်ကိုးသိန်းခွဲ လောက် ကျပါတယ်။  ပိုက်ဆံပေးရင် သူတို့တွေလိုအပ်တာဝယ်နိုင်တယ်လေ။ ဆေးဝါးတွေ ဘာတွေပေါ့နော်။  အသုံးအဆောင် ပစ္စည်း ဆိုရင်တော့ သူတို့တွေဘာလိုမလဲဆိုတာ ကျမတို့မသိနိုင် ဘူး လေနော်” - ဟု  သျှမ်းပြည်နယ် အမျိုးသမီးအဖွဲ့မှ  နန်းစံနော် က ပြောပါသည် ။


တိုက်ပွဲကြောင့်  ထွက်ပြေးတိမ်းရှောင်လာသည့် ရွာများမှာ မန်တုံမြို့နယ် ကုန်းမုံရွာ ၊ ကောင်းမူးရွာ ၊ ကုန်း ညောင်ရွာ ၊ ဝမ်မိုင်ရွာ ၊ မိုင်းမော် မှရွာသားများဖြစ်ကြသည်။   အိမ်ခြေ ၃၅ ရှိ လူဦးရေ ၁၀၀ ကျော် က သီပေါမြို့ ဝမ်ကောင်းရွာသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည် ။


“ ပလောင်တပ်နဲ့ဗမာတပ်က ကျနော်တို့ ရွာနားမှာပဲ တိုက်ပွဲဖြစ်တယ်။ သူတို့နှစ်ဖက်တိုက်ပွဲတွေဖြစ်တော့  ရွာသားတွေ ကြားထဲက ခံရတာပေါ့။ ရွာထဲ သူတို့ဝင်လာရင် လမ်းတွေ လမ်းကြားတွေတွေမရှောင်  မိုင်းလာ ထောင် တယ်။ အသက်လုပြီး သွားလာနေရတာ။ ကျွဲနွားတွေသူတို့ထောင်မှိုင်းသွားနင်းမိရင် မိုင်းဖိုး သိန်း ၂၀ ပြန်တောင်းသေးတယ်။ ကျွဲ နွား တကောင်တန်ဖိုးက ကျပ် သိန်း ၂၀ - ၃၀ ကြားရှိတယ်။ သေရင် ဘာမှ တတ် နိုင်ဘူး၊ မခံနိုင်တော့လို့ ထွက်ပြေးရတာ”   ဟု စစ်ပြေးဒုက္ခသည် ဖြစ်သည့် ဦးစိုင်းဦးကပြောသည် ။


”ဒီလိုတိုက်ပွဲတွေမဖြစ်ချင်ဘူး။ ဘာကြောင့်လဲဆိုသော့ ဆောင်းရာသီဆို စစ်ပြေးရှောင်နေရရင် အဝတ် အစား လည်းခက်ခဲတယ် ကျန်းမာရေးလည်းထိခိုက်တယ်  စိုက်ထားတဲ့ခြံထဲမှာလည်း ဒီချိန်ဆို ယူဖို့ သိမ်းဖို့ အချိန်လေ။ ဒီတိုင်းဘဲတိုက်ပွဲ ဆက်ဖြစ်နေမယ်ဆိုရင် သူတို့တွေ ဘဝ ပြန်လည်တည်ဆေက်ဖို့ မလွယ် ကူ ဘူး” ဟု သျှမ်းပြည် နယ် အမျိုးသမီးအဖွဲ့ နန်းစံနော်က ပြောခဲ့သည် ။


သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင်၊ လားရှိုးခရိုင်၊ မူစယ်ခရိုင်အတွင်း သွားလာလှုပ်ရှားသည့် မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့ ၀င်များဖြစ်သည့် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ တအာင်း(ပလောင်) လွတ်မြောက် ရေးတပ်မ တော် TNLA၊ ကိုးကန့်တပ် အမည်ရ MNDAA နှင့်အစိုးရ တပ်မတော်တို့ နိုဝင်ဘာလ နှောင်းပိုင်း မှစပြီးထိုးစစ်ဆင် မှု စတင်လာသည့်နောက်ပိုင်း ဒေသခံများ စစ်ဘေးစစ်ဒဏ် ထိခြင်းဖြစ်သည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates