မြန်မာ့တပ်မတော်နှင့် တအာင်းလက်နက်ကိုင်တပ် တိုက်ပွဲ ဆက်တိုက်ဖြစ်ပွါး နမ္မတူမြို့သို့ စစ်ဘေးရှောင်များမပြတ်ရောက်ရှိနေ



သျှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်အတွင်းဖြစ်ပွါးနေဆဲ အစိုးရတပ် မတော်နှင့်တအာင်း တပ်တို့ကြားတိုက်ပွဲကြောင့် နမ္မတူမြို့သို့ စစ်ဘေးေ ရှာင်များ အဆက်မပြတ်ရောက်ရှိလာနေကြောင်း သိရသည် ။

နမ္မတူမြို့သို့ရောက်ရှိလာသည့် စစ်ဘေးေ ရှာင်များ
ဖမ်းဆီးရိုက်နှက်ခံရသူ ကုန်းမုံဒေသခံ အိုက်စိုင်း
တိုက်ပွဲရှောင်ရင်း ဗုံးစ ထိမှန်သူ ဒေါ်ပါပေါင်း
ဒီဇင်ဘာလ ၂ ရက်နေ့ညနေပိုင်းက မန်တုံမြို့နယ် မိုင်းမော်အုပ်စုမှ စစ်ဘေးရှောင်ဒေသခံလူထု ကား ၂ စီး နမ္မတူသို့ထပ်မံရောက်ရှိလာရာ စစ်ဘေးရှောင် ၅၀၀ ထက်မနဲ ရှိပြီဖြစ်ကြောင်း ဒေသခံ စိုင်းစိုင်းက သျှမ်းသံတော်ဆင့်အားပြောပြသည် ။


"အဆက်မပြတ်ရောက်နေတုန်းဘဲ ။ ဘုန်းကြီးကျောင်းမှာနေရာချ ထားပေး တယ်။ တိုက်ပွဲကြောင့် စစ်ဘေးရှောင်လူထု ဖမ်းဆီး ရိုက် နှက်ခံရတာတွေ၊ ကျည်စ ဗုံးစထိမှန်တဲ့သူတွေလည်းရှိ တယ်။ ဆေးရုံ မှာဆေးကုသမှုခံယူနေတုန်း။" ဟု စိုင်းစိုင်းကပြောသည် ။


ဒီဇင်ဘာလ ၁ ရက်နေ့မနက် ၈ နာရီကျော်ကလည်း မန်တုံမြို့နယ် နမ့်ဟိုင်းကျေးရွာအုပ်စု ၀မ့်ကောင်း မူးရွာတွင် ၂ ဘက်ကြားတိုက် ပွဲဖြစ်ပွါးရာ စစ်ဘေးရှောင် ရွာသား ၃ ဦး ဗုံးစ ထိမှန်ကာ အသက် ၅၀ ကျော် အရွယ် အမျိုးသမီးတဦး နမ္မတူဆေးရုံတွင်ကုသ မှုခံယူနေကြောင်း ဆိုပါသည် ။


" ဒေါ်ပါပေါင်းနဲ့ နောက်အမျိုးသမီးတယောက်နဲ့ အမျိုးသားတယောက်နဲ့ ဗုံးစ ထိမှန်တာ။ ဒေါ်ပါပေါင်းက မျက်နှာမှာ ထိမှန်တယ်။ အခု နမ္မတူဆေးရုံမှာ။ ကျန် ၂ ယောက်ကတော့ လက်မောင်းနဲ့ ခြေထောက် မှာ ဒဏ်ရာရကြတယ်။ အဲဒီ ၂ ယောက်တော့ဆေးရုံလိုက်မလာဘူး။ " - ဟု နမ္မတူလူငယ် နန်းမီး ကပြောသည် ။


ထို့ပြင် တိုက်ပွဲဖြစ်နေစဉ် မိုင်းမော်အုပ်စု ကုန်းမုံ ရွာသား အိုက်စိုင်း အသက် ၃၀ နှစ်သည် နိုဝင်ဘာလ ၂၇ ရက်နေ့က မိမိရွာရှိ လယ်ကွက် အတွင်း စပါးပုံနေစဉ် လက်နက်ကိုင်အဖွဲ့ တဖွဲ့၏ ဖမ်းဆီးခေါ် သွားခြင်း ခံရပြီး ရိုက်နှက်ခံရသဖြင့် ထွက်ပြေးရာ ဒီဇင်ဘာလ ၁ ရက်နေ့တွင်ပင် နမ္မတူမြို့သို့ရောက် ရှိလာကြောင်း စစ်ဘေးရှောင် သူများ အားကူညီမှုေ ပးနေသည့် စိုင်းလွယ်က သျှမ်းသံတော်ဆင့် သို့ပြောပြသည် ။


" သူ့ကျောတွေမှာ ရိုက်ထားတဲ့ ဒဏ်ရာတွေ ဓါးနဲ့မွှန်းထားတဲ့အရာတွေ ရှိတယ်။ ထိုးနှက်ကန်ကျောက် ထား တဲ့ဒဏ်ရာတွေလည်း ညိုမဲနေ တာ။ တအာင်းစကားနဲ့ပြောဆိုမေးမြန်းလို့ ဘာတွေပြောလဲသူမသိ လို့ပြော ပါတယ်။ သူလဲကြောက်ပြီးထွက်ပြေးတာ ၁ ရက်နေ့မှာ နမ္မတူကိုရောက် လာပါတယ်။ " - ဟု စိုင်းလွယ်ကပြောသည် ။


ထွက်ပြေးတိမ်းရှောင်လာသူများသည် နမ္မတူ- မန်တုံ လမ်းရှိ ဒေသခံ သျှမ်းလူမျိုးများဖြစ်ကြသဖြင့် ဘုန်ကြီးကျောင်းများတွင်နေရာချ ထားပေးကြောင်း တချို့မှာလည်း မိမိဆွေမျိုးများနေအိမ် သို့ သွား ရောက်ခိုလှုံနေကြကြောင်း ၊ စစ်ဘေးကင်းရာ သို့တိမ်းရှောင်ရန်လည်း တပ်မတော်ဘက်က ပြောဆိုကြောင်း စစ်ဘေးရှောင်ကောင်းမူးရွာသားများကပြောပြသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates