သျှမ်းပြည်မြောက်ပိုင်းအခြေအနေများကို တင်ပြန်ုနိင်ရန် ပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေးခေါ်ယူ



ဒုတိယအကြိမ် သျှမ်း ပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေးပထမနေ့ ကို ဒီဇင်ဘာလ(၅) ရက်နေ့တွင် ကျင်းပပြုလုပ်ပြီး သျှမ်းပြည်မြောက်ပိုင်းအခြေအနေများကို တင်ပြနိင်ရန်ဖြစ်ကြောင်းသိရသည် ။


ပြည်ထောင်စုအစိုးရအဖွဲ့၏အကြောင်း ကြားမှုအရ ၂၀၁၇-၂၀၁၈ ဘဏ်ဏ္ဍာရေးနှစ် ရသုံးမှန်းခြေ ငွေစာရင်း အားပြည်နယ်လွှတ်တော်သို့တင်ပြပြီး အတည်ပြုရန် အတွက် နှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ရှမ်းပြည်နယ်မြောက် ပိုင်းအခြေအနေများ ကိုတင်ပြနိုင်ရန် အစည်း အဝေးခေါ်ယူရခြင်းဖြစ်ကြောင်း ရှမ်းပြည် နယ်ဝန်ကြီးချုပ်ဒေါက်တာ လင်းထဋ်ကလွှတ်တော်အစည်း ဝေးတွင်ပြော ကြားခဲ့သည် ။


သျှမ်းပြည်နယ်မြောက်ပိုင်းတွင်လတ်တလောဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ခေတ္တစစ်ဘေးရှောင်သူ များသည် မူဆယ်မြို့ တောင်ရပ်ကွက်၊ဇေတဝန်ကမ္မဌာန်းကျောင်း ၊ ဟိုမွန်ရပ်ကွက် ၊ကချင်နှစ်ချင်း ခရစ်ယာန် ကျောင်း ၊ အထက(၂) ဟိုမွန် နှင့် အမက(၄)ဟိုမွန်၊ စွမ်စော်ရပ်ကွက် ၊အောင်မင်္ဂလာ ကျောင်း ၊ ကချင်ဘုရား ကျောင်း ၊နမ့် ခွမ်ရွာဘုန်းတော်ကြီးကျောင်း နှင့် စိန့်ပီတာဘုရားကျောင်း စုစုပေါင်း (၈) နေရာတွင်လက်ခံထား ရှိခဲ့ကြောင်းသိရသည် ။


နိုဝင်ဘာ(၂၃) ရက်နေ့အထိ စစ်ဘေးရှောင်သူဦးရေ ၃၇၁၀ ဦးအထိရှိခဲ့ပြီး ဒီဇင်ဘာ ၄ ရက်နေ့တွင် ၃၈၀ ဦးကျန်ကာ မုံးကိုးမြို့ဝိန်းဆိုင် ကျေးရွာဘုရားကျောင်းတွင် (၃၀၄) ဦးစုစုပေါင်း (၆၈၄) ဦး ကျန်ရှိနေသည်ဟုသိရသည် ။


သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် သွင်းကုန်/ ပို့ကုန်လုပ်ငန်းများနှင့် မူဆယ် မြို့နယ် တရားဝင်ဂိတ်များမှ တစ်ဆင့် မြန်မာ နိုင်ငံအတွင်းသို့ နေ့စဉ်လူဝင်/လူထွက် များလည်းပုံမှန်လည်ပတ်နေပြီ ဖြစ်ကြောင်းသိသည် ။


နိုဝင်ဘာလ(၂၀) ရက်နေ့က လားရှိုးခရိုင် နှင့် မူဆယ်ခရိုင် ၊ မူဆယ်မြို့နယ် မိုင်းယု ၁၀၅ မိုင် နမ့်ပေါ့တံ တားတို့တွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ (KIO , TNLA , MNDAA , AA ) တို့မှ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်မှုဖြစ်စဉ် များကြောင့် သေဆုံး/ ကျဆုံး (၁၅)ဦး ၊ ထိခိုက်ဒဏ်ရာရရှိသူ (၄၅)ဦး ရှိခဲ့ပြီး သေဆုံးသွားသည့်ဝန် ထမ်း (၄) ဦးအတွက် တစ်ဦးလျှင် ၁၀ သိန်းနှုန်း ၊ သေဆုံးသူအရပ်သားအတွက် တစ်ဦးလျှင် (၅) သိန်း နှုန်းဖြင့် ၂၅ သိန်း ၊ ပြင်းပြင်းထန်ထန် ဒဏ်ရာရသူ ၁၇ ဦးအတွက် တစ်ဦးလျှင် ၃ သိန်းနှုန်း ၊ သာမာန်ဒဏ်ရာရသူ ၁၄ ဦးအား တစ်ဦးလျှင် တစ်သိန်းနှုန်းဖြင့် ထောက်ပံ့ပေးခဲ့ပြီး စားနှပ်ရိက္ခာနှင့် ငွေ ကြေးအပါအဝင် ယနေ့အထိ ကျပ်သိန်း(၅၇၇.၃၁၃) လှုန်ဒါန်းခဲ့ကြောင်း ၀န်ကြီးချုပ်က လွှတ်တော်အစည်းအဝေးတွင် ဆက်လက်ရှင်းလင်းပြောကြား ခဲ့သည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates