ပြည်ထောင်စုလမ်းမပေါ်ရှိ သိန္နီရေပူဂိတ် ပြန်ဖွင့်မည့်ကိစ္စ ကုန်သည်အသင်းများစတင်ကန့်ကွက်



မန်မာ - တရုတ် ပေါင်းကူးသည့် ပြည်ထောင်စုလမ်းမပေါ် ရှိ သျှမ်းပြည်ြေ မာက်ပိုင်း သိန္နီရေပူဂိတ်အား လာမည့် တနင်္လာနေ့တွင် ပြန်လည်ဖွင့်လှစ်ရန် NLD အစိုးရ ပြင်ဆင်ထားသည့် ကိစ္စနှင့်ပတ်သက်၍ ဒေသအတွင်း ကုန်သည်ကြီးများအသင်း၊ ယာဉ်အသင်း၊ သစ်သီးဝလံအသင်းများက သဘောထားများ ယနေ့ အသီး သီး ထုတ်ပြန်ကန့်ကွက်ကြသည် ။


ထုတ်ပြန်ကန့်ကွက်မှုတွင် - သစ်သီးဝလံကုန်စည်ဒိုင်အသင်းက သိန္နီမြို့ ရေ ပူဂိတ် စစ်ဆေးရေး စခန်း အား ပြန်လည်ဖွင့်လှစ်မည်ဆိုပါက ယာဉ်ကြော ပိတ်ဆို့မည့်ပြဿနာ၊ ကုန်ကျစရိတ်ပိုများလာမည့်ပြ ဿနာ၊ လမ်းခရီးကြန့်ကြာ မည့်ပြဿနာများ တဆက်တည်းဖြစ်ပေါ်မည်ဖြစ်သဖြင့် မဖွင့်လှစ်သင့် ကြောင်း နိုင်ငံတော် အတိုင်အပင်ခံ ရုံးသို့ လိပ်မူကာ ယနေ့ ၁၂၊ ၁၊ ၂၀၁၇ ကစာများပေးပို့ခဲ့သည် ။


ထို့အတူ မူဆယ် - ၁၀၅ မိုင် ယာဉ်၊ ယန္တယား တင်သွင်းသူများ အသင်းက လည်း - အဆိုပါ ရေပူအမြဲ တမ်းစစ်ဆေးရေးစခန်းအား ပြန်လည်ဖွင့် လှစ် မည်ဆိုပါက ယာဉ်ကြောပိတ်ဆို့မှုကြောင့် ပုပ်သိုး လွယ် သောကုန် ပစ္စည်းများ၊ ကုန်စိမ်းများ ပျက်စီး ဆုံးရှုံးမှု များပြား နိုင်သောကြောင့် ပြန်လည်ဖွင့်လှစ်ရန် မသင့်လျော်ကြောင်း မူဆယ် - နမ့်ခမ်းကုန်သည်ကြီးများအသင်းထံ ကန့်ကွက်သည့် စာများပေးပို့ ခဲ့သည် ။


ခွါညိုသစ်သီးပွဲရုံပိုင်ရှင် စိုင်းခင်မောင် က - “ ဒါက ကုန်သွယ်မှု အတား အဆီးတခုဘဲ။ ဒီဂိတ်ကြီးကိုပြီးခဲ့ တဲ့အစိုးရက လွှတ်တော်ရဲ့ သဘော တူညီချက်ယူပြီးတော့ ပိတ်ထားတာ။ ဒါကပြည်သူလူထုလိုအပ် ချက်အရ ပိတ်ထားတာ။ ဒါမယ့်အခု ပြီးခဲ့တဲ့ရက်ပိုင်းကဘဲ အကောက်ခွန်ဦးစီးဌာနက ဒီဂိတ်ဖွင့်မယ့် အကြောင်းကိုလာပြီးအသိပေးတဲ့အနေနဲ့လာပြောသွားတာ။ ဒါမယ့်ဒီဂိတ်ကမရှိသင့်တော့ပါဘူး။ ဘာလို့လဲဆို လမ်းကြောပိတ်ဆို့ မှုမကြာ ခဏဖြစ်နေတယ် ဒီလမ်းကြောင်းက။ ဒီဂိတ်ဖွင့်လိုက်ရင် လမ်းကြော ပိတ်ဆို့မှုကပိုဆိုးသွားမယ်။ ဝန်ထမ်းတွေကလဲ တရားဝင်ကောက်ခံ တဲ့ငွေကော မတရားတဲ့ နည်းနဲ့ကောက်ခံတဲ့ငွေကော ရှိလာမှာဘဲ” - ဟု ပြောသည် ။


အဆိုပါပြန်လည်ဖွင့်လှစ်မည့် ရေပူဂိတ် အမြဲတမ်း စစ်ဆေးရေးစခန်း နိုင်ငံတကာကွယ်သွယ်ရေး လမ်းကြောင်းအရ ရှိသင့်ရှိထိုက်သည့်ဂိတ် စခန်းဖြစ်ကြောင်း၊ တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း ရေပူဂိတ်စခန်းအပြင် ထိုင်းနိုင်ငံ မဲဆောက်မြို့ - မြဝတီမြို့မှ မြန်မာနိုင်ငံအတွင်းပိုင်းသို့ ဝင်သည့် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိသည့် မွန်ပြည်နယ် ကျိုက်ထိုမြို့ မရမ်းချောင် ဂိတ်စခန်းလည်း ပြိုင်တူ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း - ရေပူအမြဲတမ်း စစ်ဆေးစခန်းတွင် တာဝန်ကျမည့် အကောက် ခွန်ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးသက်စိုးအောင်က သျှမ်းသံတော်ဆင့်သို့ပြောသည် ။


စစ်အစိုးရ ဖွင့်လှစ်စစ်ဆေးသည့် အဆိုပါ နာမည်ကြီး ဂိတ်စခန်းနှစ်ခုသည် လူထုတောင်းဆိုချက်အရ လွှတ်တော်အတွင်း ဆုံးဖြတ်ချက်ဖြင့် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ရ ရက်နေ့ တွင် ဦးသိန်းစိန်အစိုးရက ပယ်ဖျက်ထားရမှ ယခု NLD အစိုးရမှ ပြန်လည်ဖွင့်လှစ်ရန်ကြိုးပမ်းလာခြင်းဖြစ်သည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates