ပင်လုံ ပြီး ပင်လုံ (သို့မပာုတ်) ပြည်ထောင်စုသဘောတရားမှ လက်တွေ့သို့



၂၀၁၀ ခုနှစ်ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည်ပြန်လည်လွတ်မြောက်လာပြီးသည့်နောက် တွင်မြန်မာနိုင်ငံရေးအခင်းများတော်အတန် ပြောင်းလဲလာခဲ့သည်ကို တွေ့ရှိရသည်။ ယင်းကဲ့သို့ပြောင်းလဲလာသော အခင်းအကျင်းများအနက် ဒုတိယပင်လုံညီလာခံခေါ် ၂၁ ရာစု ပင်လုံညီ လာခံတရပ်ကို ခေါ်ယူဖော်ဆောင်နိုင်ရန် ကြိုးပမ်းနေကြခြင်းသည်လည်းတခုအပါအဝင် ဖြစ်ရာ ပြည်တွင်းပြည်ပ စိတ်ဝင်စားမှုအများဆုံးရရှိနေသော ကိစ္စတရပ်ဖြစ်နေပေသည်။ယင်းကြိုး ပမ်းမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များနှင့်တိုင်ရင်းသားနိုင်ငံရေးခေါင်းဆောင် များက စတင်၍ ဦးဆောင်တင်သွင်းခဲ့ပြီးနောက် အကောင်အထည်ဖော်နိုင်ရေးအတွက် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်အရ တာဝန်ပေးအပ်ခဲ့ကြပေသည် ။


ယင်းကဲ့သို့ဒုတိယပင်လုံညီလာခံပာူ၍ ခေါ်ယူကျင်းပနိုင်ရကြိုးပမ်းမှုကို လွတ်လပ်ရေးအကြိုခေတ် ၁၂၊ ၂၊ ၁၉၄၇ တွင်အောင်မြင်စွာ ခေါ်ယူကျင်းပနိုင်ခဲ့သော ကမ္ဘာကျော် ပထမ ပင်လုံညီလာခံနှင့် နှိုင်းယှဉ်လေ့လာချက်ကိုဥပဒေရှုဒေါင့်မှ မြန်မာနိုင်ငံရှေ့နေများကောင်စီကဤဆောင်းပါးဖြင့် တင်ပြသွားရန်ရည်ရွယ်ပါသည် ။


ရှေးဦးစွာ ပထမပင်လုံညီလာခံ၏ခိုင်မာမှု၊ ကိုယ်စားပြုမှုအပြင် ညီလာခံ၏ ရလဒ်ဖြစ်သောပင်လုံ စာချုပ်၏တရားဝင်ပြစ်မှုကို အောက်ပါအတိုင်း လေ့လာနိုင်ပါသည် ။


၁။ ဥပဒေရှုဒေါင့်အရ ကိုယ်စားပြုမှုနှင့် တရားဝင်မှု

(က) လုပ်ပိုင်ခွင့် (Mandate)

ပထမပင်လုံညီလာခံတွင် ပါဝင်လက်မှတ်ရေးထိုးကြသော အင်အားစု (stakeholder) များမှာ ယေဘုယျအားဖြင့် နှစ်ဦးနှစ်ဘက်သာရှိသည်ပာု ဆိုနိုင်သည်။ ပထမတစ်ဘက်မှာဗြိတိသျှကိုလိုနီ အစိုးရက သီးခြားဥပဒေများပြဋ္ဌာန်း၍အုပ်ချုပ်ရေးချမှတ်ထားသောချင်းတောင်တန်းဒေသ၊ ကချင်နယ်ခြားတောင်တန်းဒေသအင်အားစုနှင့် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ရခိုင်၊ ကရင်နှင့် မွန် ခေါင်းဆောင်များပါဝင်သော မြန်မာပြည်မ (Burma Proper) အစိုးရက တဖက်လက် မှတ်ရေးထိုး သဘောတူကြခြင်းပင်ဖြစ်သည်။ ထို့ကြောင့်သဘောတူချက်တွင်ပါဝင်လက်မှတ်ရေုး ထိုးသော ကိုယ်စားလှယ်များတွင် လုပ်ပိုင်ခွင့် (Mandate) အပြည့်အဝရှိကြကြောင်းတွေ့ရရှိရပါသည်။

(ခ) တရားဝင်မှု (Legitimacy)

ပထမပင်လုံညီလာခံအပြီးရရှိသော ပင်လုံစာချုပ်ချုပ်ဆိုခြင်းသည် လူမျိုးရေး၊ အမျိုးသားရေးအရစာချုပ် ချုပ်ခြင်းမပာုတ်ဘဲ နယ်မြေများ၏ပေါင်းစည်းခြင်း (Territorial Integrity) မှာ အစိကဖြစ်သည်။ ပြည်ထောင်စု စတင်ဖွဲ့သည့်မူနှင့်ပြောလျှင် သီးခြားတည်ရှိနေသောနယ်မြေများသည် မိမိတို့၏ လွတ်လပ်သောသဘောဆန္ဒလျောက် လာရောက်ပူးပေါင်း၍ပြည်ထောင်စုတည်ဆောက်ခြင်း (Principle of Coming Together) ပာုဆိုနိုင်သည်။ ဥပမာ အားဖြင့်အမေရီကန်ပြည်ထောင်စုစတင်ဖွဲ့စည်းစဉ်က မူလ (၁၃) ပြည်နယ် လာရောက်ပူးပေါင်းပါဝင်ခြင်းနှင့် ယခုပြည်နယ် (၅၀) ထိ တိုးပွားလာခြင်းတို့မှာ (Coming Together) မူအရဖြစ်သည်။ ထို့ကြောင့်နယ်မြေကိုအခြေခံသော နယ်မြေကိုယ်စားပြုပုဂ္ဂိုလ်များ၏ သဘောတူညီချက်ဖြစ်သောကြောင့်နိုင်ငံရေးအရ တရားဝင်မှု (Political Legitimacy) အပြည့်အဝရှိသည်ပာု ဆိုနိုင်သည်။ ကိုလိုနီနယ်ချဲ့အောက်မှ လွတ်မြောက်စေရန် ကူးပြောင်းရေး ကာလတရပ် (Transition Period) အတွက် လိုအပ်သော အမျိုးသားလုံးဆိုင်ရာသဘောတူညီချက် (National Accord) တခုဖြစ်သည်ပာုလည်းဆိုနိုင်သည်။

၂။ ပင်လုံစာချုပ် သဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်ခြင်း (Implementation of the Panglong Agreement)

(က) ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခြင်း (Drafting a Constitution)

ပထမပင်လုံညီလာခံ၏ ရလဒ်ဖြစ်သော ပင်လုံစာချုပ်သည် ကိုယ်စားပြုမှုနှင့် တရားဝင်မှု အပြည့်အဝရှိသည်။ သို့သော်ငြားလည်းယင်းစာချုပ်ပါသဘောတူညီချက်များကို ဆက်လက် အကောင်အထည် ဖော်ရာတွင် ချို့ယွင်းအားနည်းချက်များ ရှိလာခဲ့သည်။ လွတ်လပ်ရေးအကြိုကာလ အချိန်တိုအတွင်း ရေးဆွဲပြဋ္ဌာန်း အတည်ပြုခဲ့ရသော ၁၉၄၇ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် ပင်လုံစာချုပ်ပါ သဘောတူညီချက်များကို ရောင်ပြန်ပာပ်ခြင်းမရှိရုံမက ဆန့်ကျင်ကွဲလွဲသော ပြဋ္ဌာန်းချက်များ ပါဝင်လာခဲ့သည်ကိုတွေ့ရှိရသည်။ ယင်းကဲ့သို့ပင်လုံစာချုပ်ချုပ်ဆိုပြီးနောက် လွတ်လပ်ရေးအရ ယူနိုင်ရေးအတွက်ရည်မှန်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲနေစဉ်ကာလအတွင်းမှာပင် မြန်မာပြည်ကိုယ်စားတာဝန်ခံ၍ လက်မှတ်ရေးထိုးခဲ့သော ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရ၍ ကျဆုံးသွားရခြင်းမှာလည်း ပင်လုံစာချုပ်ပါသဘောတူညီချက်များကို အကောင်အထည်ဖော်ရန် ပျက်ကွက်ရသည့် အကြောင်းရင်းခံတရပ်လည်းဖြစ်ပေသည်။

(ခ) ပြည်ထောင်စုစနစ်သို့ ဦးတည်မှုမရှိခြင်း (Non Approach to Union System)

ပထမ ပင်လုံညီလာခံ၏ ရလဒ်ဖြစ်သော ပင်လုံစာချုပ်သည် မြန်မာနိုင်ငံအား ပြည်ထောင်စုစနစ် (Union System) ဖြင့်ဖွဲ့စည်းတည်ထောင်ရန် အခြေခံအုတ်မြစ်အဖြစ် ရည်မှန်းခဲ့ကြသော်လည်း ခေတ်အဆက်ဆက်သော အုပ်ချုပ်သူခေါင်းဆောင်များ၊ အစိုးရများသည် ပြည်ထောင်စုအမည်ခံ၍ အနှစ်သောရအားဖြင့် တပြည်ထောင်စနစ် (Unitary System) ကိုလက်တွေ့ကျင်သုံးခဲ့ကြကြောင်းအောက်ဖော်ပြပါ သမိုင်းအထောက်အထားအရ သိသာထင်ရှားပါသည် ။


၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့တွင် တိုင်းပြုပြည်ပြုလွှတ်တော်က အတည်ပြုပြီးနောက် လွတ်လပ်ရေးရသည့်နေ့ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့မှ စတင်၍ အာဏာသက်ရောက်ခဲ့သော ၁၉၄၇ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် အောက်ပါအတိုင်း ပြဋ္ဌန်းထားသည် ။

အခန်း(၁)နိုင်ငံဖွဲ့စည်းပုံ
ပုဒ်မ(၁) မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင် သမတနိုင်ငံဖြစ်သည်။ ထိုနိုင်ငံကို “ပြည်ထောင်မြန်မာနိုင်ငံ” ပာုခေါ်ရမည် ။


ယင်းပုဒ်မ(၁) တွင် ပြည်ထောင်စုမြန်မာနိုင်ငံပာု ဖော်ပြထားခြင်းမှလွဲ၍ နောင်မည်သည့်အခန်းတွင်မှ ပြည်ထောင်စုစနစ်ကို လက်တွေ့အကောင်အထည်ဖော်နိုင်မည့် ပြဋ္ဌာန်းချက်များပါဝင်မှုလုံးဝမရှိတော့သည်ကိုတွေ့ရှိရသည် ။


၁၉၇၄ ခုနှစ် ဇန်နဝါရီလ(၃) ရက်နေ့တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကြီးဖြင့် အတည်ပြုပြဋ္ဌန်း လိုက်သော ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ -

အခန်း(၁)နိုင်ငံတော်
ပုဒ်မ(၁)မြန်မာနိုင်ငံတော်သည် လုပ်သားပြည်သူတို့၏ အချုပ်အခြာအာဏာ ပိုင်လွတ်လပ်သော ဆိုရှယ်လစ်နိုင်ငံဖြစ်သည်။ နိုင်ငံတော်ကို ပြည်ထောင်        စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်ပာုခေါ်တွင်စေရမည်။

ယင်းပုဒ်မ(၁)တွင် ပြည်ထောင်စုပာူသော ဖော်ပြချက်မှလွဲ၍ ပြည်ထောင်စုစနစ်ကိုဖော်ပြသည့်ပြ ဋ္ဌာန်းချက်များ မတွေ့ရှိရရုံမျှမက ပြည်ထောင်စုစနစ်၏ ဆန့်ကျင်ဘက်ဖြစ်သောတပါတီနိုင်ငံရေး စနစ်ကို ပုဒ်မ(၁၁) တွင်ပြဋ္ဌန်း ထားခြင်းဖြင့်လည်းကောင်း၊ လွှတ်တော်တရပ်စနစ်ကို ပုဒ်မ(၃၂) တွင်ပြဋ္ဌာန်းထားခြင်းဖြင့်လည်းကောင်း တပြည်ထောင်စနစ်သို့သာမကတပါတီစနစ်သို့ ဦးတည်ထားသည်ကို တွေ့ရှိရပေသည် ။


၂၀၀၈ ခုနှစ်၊ မေလ (၂၉) ရက်နေ့တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကြီးဖြင့် အတည်ပြုပြဋ္ဌန်းသည် ပာုကြေညာပြီး ပြည်ထောင်စုလွှတ်တော် ခေါ်ယူမည့် ပထမရက်တွင် အာဏာသက်ရောက်စေမည့် ၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အောက်ပါအတိုင်းဖော်ပြထားသည်ကို တွေ့ရှိရသည် ။


အခန်း(၁)နိုင်ငံတော် အခြေခံမူများ
နိုင်ငံတော်
ပုဒ်မ(၂)နိုင်ငံတော်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟု ခေါ်တွင်ရမည်။
ပုဒ်မ(၈) နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောင်သည် ။


ယခုကဲ့သို့ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြည်ထောင်စုပာူ၍ နိုင်ငံအမည်တွင် ထည့်သွင်း ထားရုံမျှမက သီးခြားပုဒ်မတခုဖြင့် ပြည်ထောင်စုစနစ် (Union System) ကို ကျင့်သုံးသည်ပာု ပြဋ္ဌာန်း ချက်ပါရှိခြင်းမှာ ယင်း ၁၉၄၇ နှင့် ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေတို့နှင့် ကွာခြားမှုပင်ဖြစ် သည် ။


သို့သော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အနှစ်သာရအပိုင်း (Substance) ကိုပြန်ကြည့်လျှင် အခြေခံမူများ၌ တပ်မတော်ကနိုင်ငံရေးဦးဆောင်မှုအပိုင်းတွင် တာဝန်ယူခြင်း၊ လွှတ်တော်အသီးသီး၌ ရွေးကောက်ပွဲဝင်ရန်မလိုဘဲ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်နေ ရာ ၂၅ ရာခိုင်နှုန်းရရှိစေခြင်းနှင့် ၂၀၁၀ ရွေးကောက်ပွဲတွင် တပ်မတော်က ကျောထောက်နောက်ခံပြုပေးထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွဲ့ဖြိုးရေးပါတီ (USDP) ကရွေးကောက်ပွဲတွင် အနိုင်ရရှိစေရန်စီမံထားခြင်းစသောအချက်များကြောင့် ပြည်ထောင်စုစနစ်တွင် ဆန့်ကျင်ကွဲလွဲနေသည်ကို သုံးသပ်တွေ့ရှိရမည်ဖြစ်သည် ။


ထိုကြောင့်ပထမ ပင်လုံညီလာခံ၏ ရလဒ်ပင်လုံစာချုပ်ပါ သဘောသူညီချက်များကို အကောင်အထည်ဖော်ရန် ပျက်ကွက်ရုံမျှမက ဆန့်ကျင်ဘက်သို့ဦးတည်၍ ပြည်ထောင်စုစနစ် မပာုတ်သော၊ ပြည်ထောင်စုစနစ်နှင့် ဆန့်ကျင်သော၊ တပြည်ထောင်စုစနစ်၊ တပါတီစနစ်နှင့်အာဏာရှင်စနစ်တို့ကိုသာလျင် ဦးတည်အကောင်အထည်ဖော်နေကြောင်း သုံးသပ်ပြလိုက်ရမည် ။


ယခုကဲ့သို့ ပထမပင်လုံညီလာခံ၊ ပင်လုံစာချုပ်နှင့်တကွ လွတ်လပ်ရေးအကြိုကာလ တွင်ရေးဆွဲပြဋ္ဌာန်းခဲ့သော ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခဲဥပဒေနှင့် ၎င်း၏နောက်ဆက်တွဲများ (၂၀၀၈ ဖွဲ့စည်းပုံနှင့် ၂၀၁၀ ရွေးကောက်ပွဲအထိ) ကိုသုံးသပ်တင်ပြပြီးနောက် ယခုဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး အကောင်အထည်ဖော်ရန်ကြိုးပမ်းနေသော ဒုတိယပင်လုံညီလာခံ (၀ါ) ၂၁ ရာစုပင်လုံညီလာခံနှင့် ပတ်သက်၍ အလားအလာ မည်သို့ရှိသည်ကို ဥပဒေရှု့ဒေါင့်အမြင်ဖြင့် ဆက်လက်တင်ပြသွားမည်ဖြစ်ပါသည် ။


၁။ ကိုယ်စားပြုမှုနှင့် တရားဝင်မှု

(က) ကိုယ်စားပြုမှု (Mandate)

ယခုကျင်းပရန်ကြိုးပမ်းနေသော ဒုတိယပင်လုံညီလာခံသို့ ပါဝင်တက်ရောက်ကြမည့် လူပုဂ္ဂိုလ်များ၊ အစုအဖွဲ့များနှင့်အင်အားစုများ၏ ကိုယ်စားပြုမှုနေအထားသည် ပထမအကြိမ်ပင်လုံညီလာခံကိုယ် စားလှယ်များလောက် ကိုယ်စားပြုမှု ခိုင်မာမည်မပာုတ်ဘဲ ကိုယ်စားပြုမှုအခိုင်အမာနှင့် တက်ရောက်နိုင်ရန် အခက်အခဲရှိကြလိမ့်မည်ပာု ခန့်မှန်းရသည်။ အချို့ကလူကိုယ်တိုင် ပါဝင်တက်ရောက် ခြင်းမပာုတ်ဘဲခေတ်မီဆက်သွယ်ရေး နည်းပညာများဖြင့် ပါဝင်ဆွေးနွေးကြမည်ပာုလည်းကြား သိနေရသဖြင့်ကိုယ်စားပြုမှုအနေ အထား ပိုမို၍အားပျော့သွားနိုင်သည်ပာုသုံးသပ်ရမည်ဖြစ်သည်။ အထူးသဖြင့်နယ်မြေ (territory) ကိုသော်လည်းကောင်း၊ ယင်းနယ်မြေအ တွင်းရှိပြည်သူလူထုကိုသော်လည်းကောင်း ကိုယ်စားပြု၍ တက်ရောက်နိုင်မည့်ကိုယ်စားလှယ် မည်မျှရှိနိုင်သည်ကိုမှန်းဆရန်မလွယ်ကူပါ ။


(ခ) တရားဝင်ဖြစ်မှု (Legitimacy)

ယင်းကဲ့သို့ကိုယ်စားပြုမှု ပီပီပြင်ပြင်မရှိသော ကိုယ်စားလှယ်အများစု ပါဝင်တက်ရောက်သည့်ညီ လာခံတရပ်၏တရားဝင်ဖြစ်မှုကို လည်းသတိကြီးစွာထား၍ သုံးသပ်ရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပထမပင်လုံညီလာခံ၏ ခိုင်မာသော ကိုယ်စားပြု မှုကြောင့်တရားဝင်မှုရှိသော ညီလာခံဖြစ်ခဲ့ပြီးနောက် ရလဒ်အဖြစ် ပင်လုံသဘောတူစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်ဒုတိယပင်လုံညီလာခံ၏ တရားဝင်မှုအဆင့်အတန်းကို မှီတည်၍ ရလဒ်၏ခိုင်မာမှုကိုလည်း ထည့်သွင်းစဉ်းစားရ မည်ဖြစ်သည် ။


ဒုတိယပင်လုံညီလာခံသည် စိတ်တူကိုယ်တူ (Like-minded) ခေါင်းဆောင်များ စုပေါင်းဆွေးနွေးခြင်းမျှသာဆိုလျှင် သဘောထားစုစည်းမှု (Opinion Pool) အဆင့်ခန့်သာ ရရှိနိုင်မည်ဖြစ်သည်။ အကယ်၍နိုင်ငံရေးရည်မှန်းချက်တရပ်သို့မပာုတ် ရည်မှန်းချက် ပန်းတိုင်တရပ်ထားရှိ၍ ယင်းပန်းတိုင်သို့ရောက်ရှိရေး အဆိုပြုဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် အပြီးသပ်သဘောတူချက်တရပ်ကို အခိုင်အမာရှိနိုင်သည်ပာုဆိုလျှင် ညီလာခံ၏ တရားဝင်မှုပိုမို ခိုင်မာလိမ့်မည်ဖြစ်သည် ။


သို့သော် ယခုအချိန်အထိ ဒုတိယပင်လုံညီလာခံ၏ အဆုံးသတ်ရည်မှန်းချက် (Ultimate goal) ဘာလဲဆိုသည်ကို ရှင်းလင်းစွာ မသိရသေးခြင်းပင်ဖြစ်သည်။ သို့သော်ဒုတိယပင်လုံညီလာခံ၏ ရည်မှန်းချက်သည် ယှဉ်ပြိုင်ပါလီမန်ခေါ်ယူရေး၊ယှဉ်ပြိုင်အာဏာထူ ထောင်ရေးတို့မပာုတ်ကြောင်း ကိုမူ ဒေါ်အောင်ဆန်းစုကြည်၏ ရှင်းလင်းပြောကြားချက်များအရ သိရှိနိုင်ပြီးဖြစ်ပါသည် ။


တချိန်တည်းမှာ ဒုတိယပင်လုံညီလာခံတွင်တပ်မတော်အင်အားစု ပါဝင်နိုင်မှုကို ပိတ်ပင်ထားခြင်းမ ရှိကြောင်း NLD ပြောရေးဆိုခွင့်ရှိသူဦးဉာဏ်ဝင်း၏ ပြောကြားချက်အရ သိရှိရပြီးဖြစ်သည်။ ထို့ကြောင့် ဒုတိယပင်လုံညီလာခံ ခေါ်ယူရခြင်း၏ ရည်ရွယ်ချက်သည် ၁၉၉၄ ခုနှစ်ကတည်းက ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချမှတ်ပေးထားသော တပ်မတော်အင်အားစု၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ဒီမိုကရေစီအင်အားစုနှင့် တိုင်းရင်းသား အင်အားစုများပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲ (သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ) အတွက် လမ်းစရှာရန်ရည်မှန်းထားသလားပာူ ၍လည်းစဉ်းစားစရာဖြစ်သည် ။


အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်ပာူ၍ ရည်မှန်းချက်ထားသည်ဆိုလျှင် ယေဘုယျကျလွန်းပြီး ညီလာခံ၏ အပြီးသတ် သဘောတူညီချက် ရရှိနိုင်ရေးအတွက် အခက်အခဲတွေ့နိုင်ပေသည် ။


အခြေခံအားဖြင့် ကိုယ်စားပြုမှု မည်သို့ပင်ရှိစေကာမှုဒီမိုကရေစီအားစုမှ ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားအင်အားစုမှ ကိုယ်စားလှယ်များအခြေအနေပေးလျှင် အင်တိုက်အားတိုက် ပါဝင်တက် ရောက်ကြလိမ့်မည်ပာု မျှော်လင့်ရပေသည်။ ထိုကဲ့သို့တိုင်ရင်းသားအင်အားစုမှ ကိုယ်စားလှယ်များ ပါဝင်လာမှုကြောင့် စစ်မှန်သော ပြည်ထောင်စုတည်ဆောက်ရေးဟူသော နိုင်ငံရေးမှန်းချက်ကို ညီလာခံ၌တင်သွင်းလာနိုင်သည့် အခြေအနေရှိပေသည်။ ယင်းတင်သွင်းချက်ကို ညီလာခံ၏ ရည်မှန်းချက်အဖြစ် သတ်မှတ်ခဲ့ပါက ညီလာခံရလဒ်သည် စစ်မှန်သည့်ပြည်ထောင်စုတည်ဆောက်ရေး သဘောတူချက်ဖြစ်လာနိုင်သည်။ ယင်းသို့ဖြစ်လာလျင် ပထမပင်လုံညီလာခံ၏ သဘောတူချက်များနှင့် နောက်ဆက်တွဲ အံဝင်ဂွင်ကျဖြစ်မှု (In line) ရှိသည်ပာု ဆိုနိုင်ပေလိမ့်မည် ။


ထို့ကြောင့်ဒုတိယပင်လုံညီလာခံ၏ တရားဝင်ဖြစ်မှုနှင့် ညီလာခံရလဒ်ကို အသိအမှတ်ပြုမှုဆိုသည့် ကိစ္စနှစ်ရပ်တွင် ဖြေရန်ခက်ခဲသော မေးခွန်းနှစ်ရပ်မှာ တပ်မတော်အင်အားစုမှကိုယ်စားလှယ်များ တက်ရောက်မှု ရှိ/မရှိ  နှင့် ညီလာခံရလဒ်ကို အသိအမှတ်ပြုမှု ရှိ/မရှိ  တို့ဖြစ်သည် ။


၂။ သုံးသပ်ချက်နှင့် အဆိုပြုချက်

(က) သုံးသပ်ချက်

ဒုတိယပင်လုံညီလာခံခေါ်ယူရခြင်းမှာ ပင်လုံစိတ်ဓာတ်များ မှေးမှိန်ပျောက်ကွယ်နေသောကြောင့် ၎င်းပင်လုံစိတ်ဓာတ်ပြန်လည်ထွန်းကားလာစေရန် ရည်ရွယ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်ကို သတိပြုမိပါသည်။ ထို့ကြောင့် ပြည်ထောင်စုတည်ဆောက်ရေးကို ဦးတည်၍ သဘောတူလက်မှတ်ရေးထိုးခဲ့ကြသော ပင်လုံစာချုပ်၏ ရည်မှန်းချက်များကိုဆက်လက်အကောင် အထည်ဖော်ရန် ရည်ရွယ်၍ ဒုတိယပင်လုံညီလာခံ ခေါ်ဆို့ခြင်းဖြစ်သည်ပာုလည်းကောက်ချက်ချ လျင် မှားမည်မထင်ပါ ။


သို့သော်ကွာခြားမှုတခုမှာ ပင်လုံစာချုပ် ချုပ်ဆိုစဉ်က နယ်မြေများ လာရောက်ပူးပေါင်း မှု (Principle of coming together) မှု ဖြစ်ခဲ့သော်လည်း ယခုအနေအထားမှာ ယင်းမူနှင့် မကိုက်ညီ တော့ပါ။ စစ်မှန်သောပြည်ထောင်စုတည်ဆောက်နိုင်မှု မရှိခဲ့သော်လည်း အမျိုးသားတန်းတူညီမျှမှု မရရှိသော်လည်း မြန်မာပြည်သည် လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်နိုင်ငံတနိုင်ငံဖြစ်လာခဲ့ပြီး ဖြစ်သည်။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတခုလည်းဖြစ်လာခဲ့ပြီးဖြစ်သည်။ လက်တွေ့ဘဝတွင်လည်း ကြေနပ်မှုရှိသည် မရှိသည်ကို အပထား၍ ဗမာအပါအဝင်တိုင်းရင်းသားလူမျိုးပေါင်းစုံတို့သည် နှစ်ပေါင်း ၆၀ ကျော်ကြာ အတူတကွနေထိုင်ခဲ့ကြပြီးလည်းဖြစ်သည်။ ထို့ကြောင့် စစ်မှန်သည့် ပြည်ထောင်စုကို ပြန်လည်၍ အကောင်အထည်ဖော် တည်ဆောက်ကြမည်ဆိုလျင် တန်းတူမှုအောက်တွင် အတူတကွနေထိုင်နိုင်ရေး (Principle of holding together) မူအရ လုပ်ဆောင်ရမည်ဖြစ်သည်။ ဤမူအရ စစ်မှန်သောပြည်ထောင်စုကို တည်ဆောက်ကြမည်ဆိုလျင် အချုပ်အခြာအဏာ (Sovereignty Power) ကို ပြည်ထောင်စုနိုင်ငံအဆင့်က ကျင့်သုံး၍ ပြည်ထောင်စုအဖွဲ့ ပြည်နယ်များအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အပ်နှင်းသော တနည်း ဆိုရသော် ခွဲထွက်ပိုင်ခွင့်မပါသော အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေး (The rights of National Self-determination) ကို ကျင့်သုံးစေရမည်ဖြစ်သည် ။


ယင်းကဲ့သို့ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးကို အာမခံနိုင်သည့် ပြည်ထောင်စုသာလျှင် ငြိမ်းချမ်းရေးမှုနှင့် သာယာဝပြောမှုကို ဖော်ဆောင်အောင်မြင်နိုင်မည်ဖြစ်ပေ သည် ။


(ခ) အကြံပြုချက်

ဒုတိယပင်လုံညီလာခံသည် အယူအဆများ စုစည်းခြင်းအဆင့်ထက် သာလွန်ရန်လိုအပ်ပေသည်။ ကိုယ်စားပြုမှုအားကောင်းသော ကိုယ်စားလှယ်အများစုပါဝင်တက်ရောက်နိုင်ရေးကိုကြိုးပမ်းသင့် သည်။ ပထမပင်လုံညီလာခံနှင့် လိုက်လျောညီထွေစေရန် စစ်မှန်သော ပြည်ထောင်စု တည်ဆောက် ရေးကို ညီလာခံရည်မှန်းချက်အဖြစ် သတ်မှတ်ပြဋ္ဌာန်းသင့်သည် ။


တရားမျှတသော ကောင်းမွန်သော အခြေခံဥပဒေဖြင့်သော ဒီမိုကရေစီကို ဖော်ဆောင်အောင်မြင်နိုင် မည်ဖြစ်သကဲ့သို့ စစ်မှန်သော ဒီမိုကရေစီစနစ်ဖြင့်သော စစ်မှန်သော ပြည်ထောင်စုကို ဖော်ဆောင် အောင်မြင်နိုင်မည်ဖြစ်သည် ။


ဤစာတမ်းသည် လောကပါလဥပဒေရေးရာ စာစောင်အမှတ်စဉ် (၃ဂ)၊ ဒီဇင်ဘာလ ၂၀၁၀ ခုနှစ်မှဖြစ်ပါသည်။ခွန်ဗွာ မှာ ဗိုလ်မှူးကြီး ခွန်ဥက္ကာ၏ ကလောင်အမည်ဖြစ်ပါသည် ။


ဆောင်းပါးရှင်(ခွန်ဗွာ)






 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates