လူထုအခြေပြုအဖွဲ့အစည်းများနှင့် အုပ်ချုပ်ရေးယန္တရားကောင်းဖော်ဆောင်မှု



ဒီမိုကရေစီနိုင်ငံရေးစနစ်ရှိ ယူဆချက်တစ်ခုမှာ ဒီမိုကရေစီစနစ်အားကောင်းရန် အတွက် လူထု အခြေပြုအဖွဲ့ အစည်းများ အားကောင်းရန် လိုအပ်သည် ဟူ၍ဖြစ်သည်။ ဤယူဆချက်သည် လူထုကနိုင်ငံကိုအုပ်ချုပ်သည် ဆိုသော ယူဆချက်ကို အခြေခံထားခြင်းဖြစ်သည်။ အစိုးရနှင့် နိုင်ငံရေးပါတီတို့က စူးစိုက်လုပ်ဆောင်နိုင်ခြင်း မရှိသော လူထုလိုအပ်ချက်များကို ဆိုင်ရာ ကဏ်ဏ္ဍအလိုက် အရပ်ဘက်မှ ဆောင်ရွက်လာကြခြင်းဖြစ်သည်။ သို့သော် လူထုလိုအပ်ချက်များကို လူတစ်ဦးတစ်ယောက်တည်းမှဆောင်ရွက်ရာတွင် ထိရောက်သောစွမ်းအား နည်းပါးသဖြင့် လိုလားချက်တူရာလူများက အစုအဖွဲ့ ဖွဲ့ကာ မိမိတို့လိုလားချက်များ ပြည့်ဝလာအောင် စုပေါင်းအား ဖြင့်ဆောင်ရွက် လာကြခြင်းဖြစ်သည်။ ဤအစုအဖွဲ့များကို လူထုအခြေပြုအဖွဲ့အစည်း (Civil Society Organization- CSO) များအဖြစ်ခေါ်ဝေါ်ကြပါသည် ။


ရပ်ရွာအခြေပြုအဖွဲ့အစည်းများမှစ၍ အလုပ်သမား၊ လယ်သမား သမဂ္ဂများနှင့် ဆရာသမဂ္ဂ၊ ကျောင်းသား သမဂ္ဂများသည် လူထုအခြေပြုအဖွဲ့အစည်းဝင် များ ဖြစ်ပါသည်။ လူထုအခြေပြုအဖွဲ့ အစည်းအများစုသည် အစိုးရမဟုတ်ေ သာအဖွဲ့အစည်း (Non-Governmental Organization) များဖြစ်ကြသည်။ သို့သော် လူထုအခြေပြုအဖွဲ့အစည်းတိုင်းကို အစိုးရမဟုတ်သော အဖွဲ့အစည်းများ တွင်ထည့်သွင်း သတ်မှတ်၍တော့ မရပါ။ အကြောင်းမှာ အချို့သော လူထုအခြေပြုအဖွဲ့အစည်း များသည် နိုင်ငံဝန်ထမ်းအစိုးရဝန် ထမ်းများဖြင့် ပါဝင်ဖွဲ့ စည်းထားရခြင်းကြောင့် ဖြစ်သည်။ သာဓက အနေဖြင့် လက်ရှိမြန်မာနိုင်ငံရှိ တက္ကသိုလ်ဆရာသမဂ္ဂများ ဖြစ်သည်။ ဤသမဂ္ဂများသည် နိုင်ငံဝန်ထမ်း များဖြစ်ကြသော တက္ကသိုလ်ဆရာများဖြင့် ဖွဲ့စည်းထား ခြင်းဖြစ် သည်။ သို့သော်လည်း ဆရာသမဂ္ဂသည် အစိုးရက ဆောင်ရွက်မပေးနိုင်သော သို့မဟုတ် ဆောင်ရွက်ရန် ပျက်ကွက်ခဲ့သော ဆရာဆရာမများ၏ လူမှုအကျိုး စီးပွားဆိုင်ရာအခွင့်အရေးများ၊ လူအခွင့်အရေးဆိုင်ရာ အခွင့်အရေးများ နှင့် ၀န်ထမ်းဆိုင်ရာအခွင့်အရေးများကို ကိုယ်စားပြုဖော်ဆောင်ကာကွယ်ပေးရေ သာ အဖွဲ့အစည်း ဖြစ်ပါသည်။ အစိုးရကို ကိုယ်စားမပြုပဲ ဆရာဆရာမများ၏ အကျိုးစီးပွားကိုအဓိကထားဆောင်ရွက် သောကြောင့် လူထုအခြေပြုအဖွဲ့ အစည်းတစ်မျိုးသာဖြစ်ပါသည် ။


အလုပ်သမား၊ လယ်သမား သမဂ္ဂများသည် အလုပ်သမားလယ်သမားတို့၏ အကျိုးစီးပွားကို ကိုယ်စားပြုဖော်ဆောင်ပေးသော အစိုးရမဟုတ်သော လူထု အခြေပြု အဖွဲ့အစည်းများဖြစ်ပါသည်။ ကျောင်းသားသမဂ္ဂများ သည်လည်း ၄င်းတို့ကိုယ်စားပြုသော ကျောင်းသားကျောင်းသူများအရေးနှင့် ထိရာက် လွတ်လပ် သော ပညာသင်ကြားနိုင်ခွင့်အတွက် ဆောင်ရွက်ရသော အစိုးရ မဟုတ်သည့် လူထုအခြေပြုအဖွဲ့ အစည်းများဖြစ်ပါသည်။ ဤကဲ့သို့ေ သာ လူထုအခြေပြုအဖွဲ့အစည်းများကို အကျိုးစီးပွားကိုယ်စားပြုဖော်ေ ဆာင် ပေးသောအဖွဲ့ (Interest Groups) များဟုလည်းခေါ်ပါသည် ။


အုပ်ချုပ်ရေးယန္တရားကောင်းဖော်ဆောင်မှု


စစ်မှန်သော လူထု အခြေပြု အဖွဲ့အစည်းများရှိပြီး ကိုယ်စားပြုလုပ်ဆောင်ခြင်း သည် အစိုးရ၏ အုပ်ချုပ်ရေးယန္တရားများ ကောင်းမွန်လာစေရေးအတွက် အရေးကြီးပါသည်။ ဆရာဆရာမ၊ ကျောင်းသူ ကျောင်းသားနှင့် အလုပ်သမားလယ်သမားတို့၏ အခွင့်အရေးနှင့်အကျိုးများကို အကောင်အထည် ဖော်ဆောင်ရွက်ပေးရာတွင် အစိုးရ၏အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေး ဆိုင်ရာ ကိစ္စရပ်များနှင့် ဆက်နွယ် လုပ်ဆောင်ရလေ့ရှိပါသည်။ ထိုကိစ္စရပ်များကို ပိုမိုကောင်းမွန်လာစေရန် ကိုယ်စားပြုသမဂ္ဂများ၊ အဖွဲ့များက ဆိုင်ရာအာဏာပိုင်အဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊ တောင်းဆိုမှုများပြုပေးခြင်းနှင့် လိုအပ်ပါက ဆန္ဒပြ သပိတ်မှောက်ခြင်း နည်း လမ်းများဖြင့် ဆောင်ရွက်လာရပါသည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် အုပ်ချုပ်ရေးယန္တရားများကို ကောင်းမွန် လာ စေမည်ဖြစ်သည် ။


သတိပြုရမည့်ချက်မှာလူထုအခြေပြုအဖွဲ့အစည်းတိုင်းသည် အုပ်ချုပ်ရေး ယန္တရားကောင်းကို ဖော် ဆောင်နိုင်သောအဖွဲ့များမဟုတ်ပါ ဆိုသော အချက်ဖြစ်ပါသည် ။


အုပ်ချုပ်ရေးယန္တရားကောင်းကို ဖော်ဆောင်နိုင်သောအဖွဲ့များဖြစ်ရန်အတွက် လိုအပ်ချက်များ ရှိပါသည်။ ၄င်းတို့အနက်အရေးကြီးဆုံး သောအချက်မှာ လူထုအခြေပြုအဖွဲ့အစည်းများသည် လွတ်လပ်စွာ ဖွဲ့စည်းတည်ထောင် ထားသော အဖွဲ့များဖြစ်ရမည် ဟူသော လိုအပ်ချက်ဖြစ်သည် ။


အာဏာရှင်စနစ်လွမ်းမိုးနေသော၊ လွမ်းမိုးခဲ့သော နိုင်ငံများတွင် အစိုးရက ဖွဲ့ပေးသော သို့မဟုတ် အစိုးရက ကျောထောက်နောက်ခံ ပြုပေးထားသော သမဂ္ဂများနှင့် လူမှုရေးအသင်းအဖွဲ့များရှိပါသည်။ အာဏာရှင် အစိုးရအဖွဲ့ တို့သည် မိမိတို့ ပြုမှုလုပ်ဆောင်သော အလုပ်များ၊ အပြုအမှုများနှင့် မှုဝါဒနှင့် ဥပဒေများကို မိမိတို့က တစ်သွေးတစ်သံတစ်မိန့် သဘော ပြုမှုလုပ်ေ ဆာင် ခဲ့ခြင်း မဟုတ်ကြောင်းကို ပြည်တွင်းပြည်ပတွင် ပုံဖော်ရန်အတွက် လူထု အခြေပြအဖွဲ့အစည်းများကို ဖွဲ့စည်းထားလေ့ရှိကြသည်။ ပြည်တွင်းပြည်ပမှ ၄င်းတို့အားဝေဖန်မှုပြုလုပ်ပါက ထိုသို့ဖွဲ့စည်းထားသော အဖွဲ့အစည်းများကို ရုပ်ပြသဘော ဖော်ပြကာ မိမိတို့၏အာဏာရှင်ဆန်မှုကို ကာကွယ်ပြောဆိုေ လ့ရှိကြသည်။ ထိုကဲ့သို့သော အစိုးရကဖွဲ့ပေးထားသော၊ အဖွဲ့ဝင်များအကျိုး ကို အပြည့်အဝ မဆောင်ရွက်ပဲ အစိုးရအကျိုးကိုသာ ပိုမိုဆောင်ရွက်သော အဖွဲ့များသည်အတုအယောင် လူထုအခြေပြုအဖွဲ့အစည်းများဖြစ်ပြီး ၄င်းတို့ကို အဝါရောင်အဖွဲ့စည်း၊ အဝါရောင်သမဂ္ဂများ (Yellow Unions) အဖြစ်တင်စားခေါ်ဝေါ်ကြပါသည် ။


မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ရှိ အလုပ်သမားလယ်သမား အဖွဲ့များသည် Yellow Unions များသာဖြစ်ခဲ့ကြသည် ။


ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၄-၂၀၁၅ ခုနှစ် ကာလတွင် ပညာရေး အာဏာပိုင်တို့သည် ဆရာဆရာများက လွတ်လပ်စွာဖွဲ့စည်းထားသော ဆရာသမဂ္ဂနှင့် ကျောင်းသားသမဂ္ဂများကို တန်ပြန်ရန်နှင့် အာဏာပိုင်တို့၏ အာဏာရှင်ဆန်ဆန် လုပ်ဆောင်မှုများကို ထောက်ခံသော ဆရာ အဖွဲ့၊ ကျောင်း သား အဖွဲ့ရှိသည် ဆိုသည်ကို ပြသနိုင်ရန်အတွက် ဆရာအဖွဲ့၊ ကျောင်းသားအဖွဲ့များကို ဖွဲ့စည်းရန် ကြိုးပမ်းလာခဲ့သည်ကို ကြုံခဲ့ရပါသည်။ အစိုးရ အစီအမံဖြင့် ပေါ်ပေါက်လာမည့် သမဂ္ဂများသည် အဝါရောင် သမဂ္ဂများအဖြစ် သမုတ်ခံရမည်မှာ ဧကန်ပင်ဖြစ် သည် ။


ထို့ကြောင့် အဝါရောင်သမဂ္ဂများ၊ အဝါရောင်လူထုအခြေပြု အဖွဲ့ အစည်းများ ဖြစ်မလာရန်နှင့် အုပ်ချုပ်ရေးယန္တရားကောင်းဖြစ်စေရေး အထောက်အကူပြုအဖွဲ့များဖြစ်လာရန်အတွက် လူထုအခြေ ပြုအဖွဲ့ အစည်းများတွင်ရှိရမည့် အရေးကြီးအချက်များကို ဆက်လက်ဆွေးနွေးပါမည်။ ၄င်းတို့မှာ (၁) ကျင့်ဝတ်၊ လုပ်ဆောင်မှုနှင့် အများကယုံကြည်မှု (Ethnic, Performance and Trust)၊ (2) ကိုယ်စားပြုမှုနှင့်ထုတ်ဖော်ပြောဆိုမှု (Representation and Voice)၊ (၃) လူထုအခြေပြု အဖွဲ့ အစည်းများအတွင်း ဒီမိုကရေစီရှိမှု (In-House Democracy) နှင့် (၄) လူထုအခြေပြုအဖွဲ့အစည်း များအတွင်းတာဝန်ယူမှုတာဝန်ခံမှုရှိခြင်း (Structural Accountability) ဟူသောအချက်တို့ ဖြစ်ပါသည် ။


ကျင့်ဝတ်၊ လုပ်ဆောင်မှုနှင့် အများကယုံကြည်မှု (Ethic, Performance and Trust)


အုပ်ချုပ်ရေးယန္တရာကောင်းဆိုသည်မှာ ကျင့်ဝတ်ပိုင်းဆိုင်ရာ တည်ရှိမှုကို အခြေခံပါသည်။ လူထုအခြေပြုအဖွဲ့အစည်းများတွင် ကျင့်ဝတ်ပိုင်းဆိုင် ရာများရှိပါသည်။ ထိုကျင့်ဝတ်များသည် မိမိ ကိုယ်စားပြုသော လူမှုအသိုင်း အဝိုင်းက လိုအပ်နေသော အရာဖြစ်သည်။ အဖွဲ့အစည်းတို့သည် အများ အကျိုး ကို ဆောင်ရွက်ရန်ဟူသော ကျင့်ဝတ်တာဝန်ရှိပါသည်။ ထိုကျင့်ဝတ်နှင့် တာဝန်ကို အများအကျိုးငှာဆောင်ရွက်မှသာ ကောင်းမွန်သော အုပ်ချုပ်ရေး ယန္တရားကို ဖော်ဆောင်နိုင်သော အဖွဲ့အစည်းများဖြစ်လာပါမည် ။


ဥပမာလာဘ်စားမှုပပျောက်ရေးနှင့် တရားဥပဒေစိုးမိုးရေးသည် အများက လိုလားနေသောအရာများဖြစ်ပါသည်။ ထို့ကြောင့် ထိုအရာများ ဖြစ်မလာအောင် မိမိတို့ကိုယ်တိုင်က လိုက်နာဆောင်ရွက်ရမည့် ကျင့်ဝတ်များကို လိုက်နာဆောင်ရွက်ရန် အရေးကြီးပါ သည် ။


မိမိတို့ကိုယ်တိုင်က လိုက်နာဆွှောင်ရွက်မှု (Performance) မရှိပါက မိမိတို့ ကိုယ်စားပြုထားသော အဖွဲ့ဝင်များနှင့် မိမိတို့နှင့် ထိတွေ့ဆက်ဆံနေသော အစိုးရနှင့် အရပ်ဘက် အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များ၏ ယုံကြည်မှု (Trust) ကို ရရှိမည်မဟုတ်ပေ ။


ကိုယ်စားပြုမှုနှင့် ထုတ်ဖော်ပြောဆိုမှု (Representation and Voice)


လူထုအခြေပြုအဖွဲ့အစည်းများကို အများကယုံကြည်ကိုးစားစေနိုင်သောအချက် တစ်ခုမှာ ၄င်းတို့ သည် မိမိတို့အမှန်တကယ် ကိုယ်စားပြုဖော်ဆောင် စရာရှိသည်များကို ကိုယ်စားပြုဖော်ဆောင်မှုရှိ ခြင်းဖြစ်သည်။ အချို့သော လူထုအခြေပြုအဖွဲ့အစည်းတို့သည် ထိုသို့ကိုယ်စားပြု ဆောင်ရွက် နိုင်သော စွမ်းရည်မရှိခြင်း သို့မဟုတ် မဆောင်ရွက်ခြင်းကြောင့် အဖွဲ့ဝင်များ၏ ယုံကြည်ကိုးစားမှုများ ပျောက်ဆုံးပြီး အဖွဲ့ကိုလည်း ပျက်စီးစေနိုင်ပါသည် ။


မိမိတို့ပတ်ဝန်းကျင်၌ ထိုသို့အဖွဲ့အကျိုးကို မဆောင်ရွက်ပဲ ကိုယ်ကျိုး သာ ဆောင်ရွက်နေကြသော လူထုအခြေပြုအဖွဲ့အစည်းများစွာရှိသ ည်ကို တွေ့ရှိဖူးကြ မည်ဖြစ်ပါသည်။ ကိုယ်စားပြုမှုကိစ္စရပ်များကို သိရှိနိုင်ရန်အတွင် လူထုအခြေပြု အဖွဲ့အစည်းတို့သည် မိမိတို့ကိုယ်စားပြုသောအသိုင်းအဝိုင်း၏ အသံ (Voice) ကိုလည်းသိ ရှိအောင်လုပ်ပြီး အများသိအောင် အသံထုတ်ဖော်ပေးရန် လိုအပ်မည်ဖြစ်သည် ။


လူထုအခြေပြုအဖွဲ့စည်းများအတွင်း ဒီမိုကရေစီရှိမှု (In-House Democracy)


လူထုအခြေပြုအဖွဲ့အစည်းများသည် အများအားဖြင့်မိမိတို့သည် ဒီမိုကရေစီဖြစ်ထွန်းရေးကို ဦးတည် လုပ်ဆောင် သည်ဟုဆိုသည်။ သို့သော် ထိုသို့ကြွေးကြော်နေသော အဖွဲ့အစည်းများအတွင်းတွင် ဒီမိုကရေစီ အလေ့အထများကို လက်တွေ့တွင် ကျင့်သုံးမှု မရှိခြင်းဖြစ်သည်။ ရာသက်ပန် ဥက္ကဌများ အတွင်းရေးမှုးများကို အဖွဲ့အစည်းအများစုတွင် တွေ့ရလေ့ရှိသည်။ ထို့ကြောင့် လူထုအခြေပြု အဖွဲ့အစည်းများသည် အဖွဲ့အတွင်း ဒီမိုကရေစီဖြစ်ထွန်းမှုကို အားပေးလုပ်ဆောင်ရန်လို အပ်ပါသည်။ ထိုသို့လုပ်ဆောင်ခြင်းသည် လူထုအသိုင်းအဝိုင်းအတွင်း ဒီမိုကရေစီ ပြန့်ပွားအောင် ဆောင်ရွက်ခြင်း ဖြစ်သလို အုပ်ချုပ်ရေး ယန္တရားကောင်းဖြစ်စေရေးအတွက် လိုအပ်သည့် တရားမျှတမှု၊ ပွင့်လင်း မြင်သာမှုဖြစ်စဉ်နှင့် တာဝန်ယူမှုတာဝန်ခံမှု အလေ့အထများကိုလည်း ပြန့်ပွားစေနိုင်မည် ဖြစ်ပါသည် ။


လူထုအခြေပြုအဖွဲ့အစည်းများအတွင်းတာဝန်ယူမှုတာဝန်ခံမှုရှိခြင်း (Structural Accountability)


လူထုအခြေပြုအဖွဲ့အစည်းများတွင် လိုအပ်နေသောကွက်လပ်တစ်ခုမှာ အဖွဲ့အတွင်း တာဝန်ယူမှု၊ တာဝန်ခံမှု အားနည်းနေတတ်ခြင်းဖြစ်သည်။ တာဝန်ယူမှုဆိုသည်မှာ မိမိအဖွဲ့က အများထံမှ ယူထားသောတာဝန်၊ အဖွဲ့အတွင်း ဥက္ကဌ၊ အတွင်းရေးမှုးစသည်ဖြင့် အဖွဲ့ဝင်များက ယူရန်ရှိသည့် တာဝန်များကို ဆိုလိုသည်။ မိမိတာဝန်အလျောက်လုပ်ဆောင်ရာမှ အပြစ်ဖြစ်ခဲ့ပါကလည်း တခြားသူ ကို မလွဲချပဲ မိမိကတာဝန်ယူခြင်းသည် တာဝန်ခံမှုဖြစ်သည်။ လုပ်ငန်းအောင်မြင်မှုရလဒ်များကို မိမိကိုယ်တိုင်ကလည်း ခံယူရမည်ဖြစ်သည်။ ဆိုလိုသည်မှာ လုပ်ဆောင်မှုများအတွက် ဆုပေး၊ ဒဏ်ပေးစနစ်ထားရှိလုပ်ဆောင်ခြင်းဖြစ်သည် ။


အထက်ဖော်ပြပါ အချက်များသည် အုပ်ချုပ်ရေးယန္တရားကောင်းများ ကို ဖြစ်စေနိုင်ေ သာ အချက်များဖြစ်ပြီး လူထုအခြေပြုအဖွဲ့အစည်းများက လုပ်ဆောင်ရမည့်အချက်များဖြစ်ကြောင်း တင်ပြလိုက်ရပါသည် ။


(ဆောင်းပါးရှင်) စိုင်းခိုင်မျိုးထွန်း




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates