သျှမ်း/မြောက် လူ့အခွင့်အရေးချိုးဖောက်ခံရမှုလာရောက်စစ်ဆေးပေးဖို့ မစ်ယန်ဟီလီအား သျှမ်းလူ့အခွင့်အရေးလှုပ်ရှားမှုမဏ္ဍိုင်တောင်းဆို



မန်မာနိုင်ငံသို့ရောက်ရှိနေသော မစ္စယန်ဟီလီအား သျှမ်းပြည်နယ်ရှိ စစ်မက်ဖြစ်ပွါးရာဒေသတွင် လူ့အခွင့်ရေးချိုးဖောက်ခံနေရဆဲဖြစ်သော ဒေသခံလူထုဘ၀ နှင့် အခြေအနေသိရှိနိုင်အောင်ကွင်း ဆင်း စစ်ဆေးကြည့်ရှုစေလိုကြောင်း  သျှမ်းလူ့အခွင့်အရေး လှုပ်ရှားမှုမဏ္ဍိုင်မှ ပြောဆိုလိုက်သည် ။

 ကျောက်မဲမြို့ ပန်မမီးကျေးရွာသားများ စစ်ပွဲဒဏ်ခံရပုံတချို့ (Photo: SHRF)

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် အစိုးရ တပ်မတော်မှ ဂျက်လေယာဉ်ဖြင့် ရပ်ရွာ အ တွင်း ပစ်ခတ်မှုကြောင့် ဒေသခံ ၃ ဦး လက်နက်ကြီးဒဏ်ထိခိုက်သေဆုံးရမှု၊ ၇ ဦးဒဏ်ရာရရှိမှု အ ပေါ်  မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ကုလ လူ့အခွင့်သျှမ်းအရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီလီ အနေဖြင့် လာရောက်စစ်ဆေးကြည့်ရှုပေးဖို့ရန် လူ့အခွင့် အရေးလှုပ်ရှားမှု မဏ္ဍိုင်မှ ကြေငြာ ချက်တစောင် ထုတ်ပြန်တောင်းဆို လိုက်ခြင်းဖြစ်သည် ။


“ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ်ယန်ဟီလီ မြန်မာနိုင်ငံကိုရောက်ရှိနေချိန်မှာ  ကျနော်တို့သျှမ်းပြည်နယ်ထဲကစစ်မက်ဖြစ်ပွါးရာဒေသက (လောလောဆယ်တော့ ကျောက်မဲမြို့ နယ်၊ နမ့်ဆန်မြို့နယ်ဘက်က) လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုတွေကို ကွင်းဆင်းကြည့်မြင် စေ့ချင်တယ်။ ဒီတခေါက်သူမရဲ့ခရီးစဉ်က သျှမ်းပြည်မပါတာကိုစိတ်မကောင်းဖြစ်ရတယ်။ မြန် မာနိုင်ငံကို ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်တွေက ရောက်ရှိခဲ့ပေမယ့် သျှမ်းပြည် နယ်က စစ်မက်ကြောင့်အကျည်းတန်ရုပ်ဆိုးနေမှုဟာ ယနေ့တိုင်ပြောင်းလဲမှုမရှိသေးဘူး ဆက်လက်ရုပ်ဆိုးနေပါသေးတယ်။ ကမ္ဘာ့လူသားအချင်းချင်းဖြစ်နေတဲ့အတွက်ကြောင့် ကျနော် တို့သျှမ်းပြည်သူလူထုကိုလည်း ကမ္ဘာသူကမ္ဘာသားများနည်းတူ အခွင့်အရေး ရရှိစေချင်တယ် ” - ဟု SHRF မှ စိုင်းဟော်ရှဲန် ကပြောသည် ။


သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပန်မမီးကျေးရွာတွင် အစိုးရတပ်မတော်သည် ဒီဇင်ဘာလ ၂၆ ရက်နေ့ မနက် ၈ နာရီက TNLA တပ်ဖွဲ့ရှိရာ ပန်မမီးရွာနှင့်တမိုင်ခန့်အကွာရှိ လွယ်ယိန် တောင် သို့ ဂျက်လေယာဉ်မှ ဗုံးများပစ်ချရာ ပန်မမီးရွာရှိ ဘုန်းကြီးကျောင်းနှင့် လူနေအိမ်ပေါ် ကျသဖြင့် ကျောင်းထိခိုက်ပျက်စီး လူထု ၃ ဦးသေ ၇ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြကြောင်း လူ့အခွင့် အရေးမဏ္ဍိုင်၏ ကြေငြာချက်တွင်ဖော်ပြထားသည် ။


“ အကြီးကျယ်ဆုံးလူ့အခွင့်အရေးချိုးဖောက်မှုခံရတဲ့ဖြစ်ရပ်ထဲကတခုဖြစ်တယ်။ လက်နက်ကြီး တွေဟာ ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တွေအပေါ်တည့်တည့်ကျရောက်တယ်။ လူထု ၃ ယောက် နေရာမှာတင်ပွဲချင်းပြီးသေတယ်။ ကိုယ်ဝန် ၈ လ နဲ့ကျန်ရစ်တဲ့ဇနီးဖြစ်သူကလည်း ခြေထောက်တ ဖက်ဖြတ်ရတယ်။ အသက် ၆ နှစ်အရွယ် ကလေးတယောက်ဒဏ်ရာအကြီး အကျယ်ရတယ်။ နိုင်ငံရေးပြဿနာတွေဖြေရှင်းဖို့လုပ်နေတဲ့အချိန်မှာ ဒီဖြစ်ရပ်မျိုးထပ်မဖြစ်အောင် အစိုးရဘက်က နေတပြည်လုံးအပစ်ရပ်ရေးကြေငြာပေးဖို့တိုက်တွန်းချင်တယ်။ ” - ဟု စိုင်းဟော်ရှဲန် က သျှမ်းသံတော်ဆင့်အားပြောသည် ။


ပန်မမီးကျေးရွာတွင်အိမ်ခြေ ၁၀၀ ခန့်ရှိပြီး ဒေသခံလူထုလူဦးရေ ၃၀၀ ခန့်ရှိကြောင်းသိရသည်။ ညောင်ပင်လှရွာအခြေစိုက် ခမရ ၅၀၆ တပ် နှင့် ဒေသတွင်းလှုပ်ရှားနေသည့် တအာင်းလက်နက် ကိုင်တပ်တို့ ၂၀၁၆ ခု ဒီဇင်ဘာလ နှောင်းပိုင်းက ပစ်ခတ်တိုက်ခိုက်မှုတဖန် ပြန်လည်ပြင်းထန် လာပြီး ယခုကဲ့သို့ ဂျက်လေယာဉ်အသုံးပြုရသည့်အခြေအနေအထိဖြစ်ခဲ့ရသည် ။


လက်နက်ကြီးကျည်ထိမှန်သေဆုံးသောဒေသခံရွာသား ၃ ဦး၏ ရုပ်အလောင်းအား ထိုနေ့ည ၇ က ပင်  ခမရ ၅၀၆ တပ်က ရွာသား ၆ ဦးအား သယ်ဆောင်စေကာ ပန်လန်းရွာသုသာန်သို့မြုပ်နှံခိုင်း လိုက်ကြောင်း၊ ကျည်စ ထိမှန်သော ဘုန်းတော်ကြီး ၃ ပါးနှင့် ရွာသူ ၂ ဦး (တဦးမှာ ကိုယ်ဝန် ၈ လ ရှိ) နှင့် ရွာသား ၁ ဦး ကလေး တဦးတို့အား နမ့်ခုံးပရဟိတအသင်းက လာရောက်သယ်ဆောင် ကာ လားရှိုးဆေးရုံသို့ဆောင်ဆေးကုသရကြောင်း ၊ ကိုယ်ဝန်သည်မှာ ညာခြေထောက်ဖြတ်တောက် ရ သည်အထိဖြစ်ရကြောင်း ကြေငြာချက်တွင်ဖော်ပြထားပါသည် ။


ဇန်နဝါရီလ ၁၂ ရက်နေ့ကလည်း နမ့်ဆန်မြို့တွင် အစိုးရတပ် နှင့် TNLA တပ်တို့ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွါးရာ လက်နက်ကြီးကျည်ကြောင့် ဟိုချောင်းကျေးရွာနေ ကျောင်းနေအရွယ် အသက် ၇ နှစ်အရွယ် ကလေးသူငယ် တဦးသေဆုံးပြီး ရွာသား ၁၀ ကျော်ဒဏ်ရာရမှု ဖြစ်ပွားခဲ့ပါသေးသည် ။





 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates