တီကျစ်မြေမှခေါင်းလောင်းသံ ရှင်းလင်းပွဲ ရန်ကုန်တွင်ကျင်းပ



မန်မာပြည်တွင် အကြီးဆုံးကျောက်မီးသွေး စက်ရုံတခုဖြစ်သည့်  သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်  တီကျစ်ကျောက်မီးသွေးစက်ရုံအား စက်ရုံလည်ပတ်မှု အမြန်ဆုံးရပ်တန့်ပေးရန် ပအိုဝ်းလူငယ်များ  ဦးဆောင်ပြီး  ရန်ကုန်မြို့ Orchid Hotel ၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ကြောင်း သိရသည် ။


အဆိုပါ တီကျစ်ရှိ ကျောက်မီးသွေးသတ္တုတွင်းမှ ကျောက်မီးသွေး များဖြင့်  လျှပ်စစ်ဓာတ်အားပေးထုတ် လုပ်စက်ရုံသည်  မြန်မာပြည်တွင် အကြီးဆုံးစက်ရုံဖြစ်ပြီး လျှပ်စစ်မီဂါဝပ် ၁၂၀ ထုတ်လုပ်နိုင်မည်ဖြစ် ကြောင်း ပအိုဝ်းလူငယ် အစည်းအရုံး တွဲဘက်အတွင်းရေးမှူး ခွန်ရဲသွေး  ကပြောသည် ။


“ အဲ့ဒီစက်ရုံက ၂၀၀၁ မှာ စပြီးတည်တယ်။ ၂၀၀၅ မှာ  စပြီးလည်ပတ်တယ်။ ၂၀၁၄ မှာ လည်ပတ်မှု ရပ် နား ထားရတယ်။ စက်အရည်အသွေးမမှီလို့။ အခု ၂၀၁၆ မှာ  စက်တွေဘာတွေ ပြန်ပြင်ပြီးတော့မှ အခု ပြန်ပြီး စမ်းသပ်လည်ပတ်နေတယ်။ အဲ့ဒီအတောအတွင်းမှာ ဒေသခံတွေက - ကျောက်မီးသွေးသတ္တု တွင်း ကနေ ဆိုးကျိုးတွေဖြစ်တယ်။ ကျန်းမာရေးဆိုးကျိုးတွေဖြစ်တယ် ။ ဒေသခံတွေ သွားရေးလာရေး အခက် အခဲတွေဖြစ်တယ် ။ ပြီးတော့ စက်ရုံကနေ ညစ်ညမ်းတဲ့ရေတွေ ကြောင့် မြေဆီ မြေသြဇာတွေ လျှော့ နည်းတာတွေဖြစ်တယ် ။ ဒီပြသနာတွေ ရင်ဆိုင်နေတယ်- ဆိုပြီးတော့ ကျောက်မီးသွေးစီမံကိန်း ရပ်နားဖို့  တောင်းဆိုတယ်” ဟု ၄င်းကပြောသည် ။


ကျောက်မီးသွေးတူးဖော်ရေးမှ မြေမှုန့်များကြောင့် တီကျစ်မြို့ခံများသည်  ခန္ဓာကိုယ် ယားယံခြင်း၊ ကိုယ်ဝန်ဆောင် မိခင်မျာ ကလေးပျက်ကျခြင်း နှင့် မွေးဖွားလာသည့် ကလေးများလည်း ပေါင်မပြည့်ခြင်းများ ကြုံ တွေ့နေရကြောင်း ဒေသခံများကပြောဆိုပါသည် ။


ထို့ကြောင့် စက်ရုံလည်ပတ်မှု ရပ်တန့်ပေးရေး နှင့် ဆုံးရှုံးသွားသည့် မြေယာများ ပြန်လည်ရရှိရေးအတွက်တောင်းဆိုခဲ့ကြောင်း ဒေသခံများက ပြောသည် ။


တီကျစ်မြို့ဒေသခံ စိုင်းတူး က “ကျနော်တို့ ဒေသအတွက်လည်း အကျိုးမရှိဘူး၊ ကုမ္ပဏီအတွက်လည်း အကျိုးမရှိဘူး၊ နိုင်ငံတော်အတွက်လည်း အကျိုးမရှိဘူး၊ဒီစီမံကိန်းကို ဘာလို့လုပ်နေလဲပေါ့။  အစိုးရကို မေးချင်တယ်၊ ဒီစီမံကိန်းကို ရပ်စေချင်တယ်”ဟု ပြောသည် ။


တီကျစ်မြေမှခေါင်းလောင်းသံ အစီရင်ခံစာ အမည်ရ  သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီ ၂၀ ရက် ရန်ကုန်မြို့Orchid Hotel တွင် ကျင်းပပြီး တီကျစ်ကျောက်မီးသွေး ၏  နောက်ဆက်တွဲ ဆိုးကျိုးပြသနာများကို ပြည်သူသိစေရန် ရည်ရွယ်ပြီး ပြုလုပ်ကြောင်း သိရသည်။ ၂၀၀၈ ဖွဲ့စည်းပုံတွင် ပင်လောင်းမြို့နယ်သည် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဖြစ်ထည့်သွင်းထားသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates