သျှမ်း- အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပရေး ကြိုတင်ပြင်ဆင်ခြင်းအလုပ်ရုံဆွေးနွေးပွဲ တောင်ကြီးမြို့တွင် ယနေ့စတင်ကျင်းပ
သျှမ်းပြည်တွင်းပြင်ပလူထုနှင့်တွေ့ဆုံကာ အမျိုးသားအဆင့် နိုင်ငံရေးေ ဆွးနွေးပွဲတွင် လူထုဆန်ဒသဘောထားများ ထည့်သွင်းဆွေးနွေးနိုင် ရေး အတွက် သျှမ်း- အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပရေး ကြိုတင်ပြင် ဆင်ခြင်းအလုပ်ရုံဆွေးနွေးပွဲ ကို တောင်ကြီးမြို့ သျှမ်းစာပေ ယဉ်ကျေးမှုေ က်ာမတီရုံးတွင် ယနေ့ ၉ နာရီက စတင်ကျင်းပခဲ့သည် ။
ဆွေးနွေးပွဲကို ဇန်နဝါရီလ ၂၃ ရက်မှ ၂၇ ရက်အထိ ၅ ရက်တာကျင်းပ မည်ဖြစ်ကြောင်း သိရသည် ။
ယနေ့စတင်သော တွေ့ဆုံမှုတွင် ဖိတ်ကြားထားသော ပုဂိုလ် များ ခေါင်းေ ဆာင်များ နိုင်ငံရေးအသင်းအဖွဲ့၊ လက်နက်ကိုင်အဖွဲ့၊ လူမှုအခြေပြုအဖွဲ့ မှပုဂိုလ်များနှင့် မြို့နယ်အသီးသီးမှကိုယ်စားလှယ်များစုစုပေါင်း ၄၅၀ ခန့်တက်ရောက်ကြောင်းသိရသည် ။
ဆွေးနွေးမှုမှရရှိသော ခေါင်းစဉ်များအလိုက် ၂၄ မှ ၂၇ အထိ တောင်ကြီးမြို့ ရှိဟိုတယ်ကြီးများ ၅ ခုတွင် ခွဲပြီး ဆွေးနွေးမှုပြု သွားမည်ဖြစ်ကြောင်း သိရပါသည် ။
Tags: News, politic




