သျှမ်းနီ ကျောင်းဆရာ အသတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆန္ဒပြပွဲများကို မြို့ကြီးများတွင် ကျင်းပ



သျှမ်းနီ ကျောင်းဆရာဖြစ်သည့် ဦးအောင်ဇင်ထွန်း အသတ်ခံရမှုအတွက် အမှုမှန် ဖော်ထုတ်ပေးရန် ဆန္ဒပြပွဲများကို ဇန်နဝါရီလ ၂၂ ရက်နေ့က ရန်ကုန် မန္တလေး မုံရွာ ကလေး ပုသိမ် စသည့်မြို့ကြီးများအပါဝင် မြို့ကြီးအတော်များများ ၌ ကျင်းပခဲ့သည် ။


ကချင်ပြည်နယ် ဖားကန့်မြို့နယ် နမ့်မဖစ်အလယ်တန်းကျောင်းမှ ကျောင်းဆရာ ဦးအောင်ဇင်ထွန်း သတ်ဖြတ်ခံရမှုနှင့်ပတ်သတ်ပြီး အမှုမှန်ဖော်ထုတ်ပေးရေးအတွက် ဇန်နဝါရီလ ၂၂ ရက်နေ့ က မန္တလေးမြို့ရှိ ဆရာ ဆရာမအင်အား ၁၀၀ ကျော် ဆန္ဒ ဖော်ထုတ်ခဲ့ပါသည် ။


ယင်းဆန္ဒဖော်ထုတ်မှုအား မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများအဖွဲ့ချုပ် က ဦးဆောင်ခဲ့ပြီး ၃၅ လမ်း ရ၁ လမ်း ထောင့်မှ မန္တလေးတက္ကသိုလ် ဝင်ပေါက်အထိ ချီတက်ဆန္ဒပြခဲ့သည် ။


ထို့အပြင် ဆရာ ဆရာမများအနေဖြင့် အကြမ်းဖက်လက်နက်ကိုင်လမ်းစဉ် အလို မရှိကြောင်း နှင့် ဆရာ ဆရာမများ၏ လူမှုဘဝလုံခြုံရေး ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြသည် ။


ရန်ကုန်တွင် ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများ အဖွဲ့ချုပ်မှ ဦးဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ဆရာဆရာမများအဖွဲ့ချုပ် ဥက္ကဌ စိုင်းခိုင်မျိုးထွန်း ဖေ့ဘုပ်မှ သိရသည် ။


“ဒီကိစ္စက လူသားမဆန်တဲ့ ကိစ္စရပ်ဖြစ်တယ်။ ဆရာ ဆရာမတွေဆိုတာ ငြိမ်းချမ်းရေးရဲ့ သံတမန် တွေပါ ဒီဖြစ်စဉ်ကို ကန့်ကွက်ရှုတ်ချပါတယ်။ ” ဟု မုံရွာဆန္ဒပြပွဲတွင် ပါဝင်သူ တစ်ဦး ကလည်း ပြောသည် ။


ဦးအောင်ဇင်ထွန်းအပါဝင် သျှမ်းနီနှစ်ဦးမှာ လွန်ခဲ့သည့်အပတ်အတွင်းက အသတ်ခံခဲ့ရပြီးနောက် ယခုကဲ့သို့ ဆန္ဒပြပွဲများ ပေါ်ပေါက်လာခြင်းဖြစ်သည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates