ကယားပြည်နယ်ရှိ သျှမ်းများလည်း မြေယာပြသနာများပြား လူထုဆန္ဒ ကွင်းဆင်းကောက်ယူရေးအဖွဲ့ပြော



သျှမ်း - အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် လူထုဆန္ဒသဘော ထားကို ရယူနိုင်ရန် ကယားပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း ၆ မြို့နယ်သို့ ကယားပြည်နယ်တာဝန်ကျအဖွဲ့က ကွင်းဆင်းသွားမည်ဖြစ်ကြောင်း သိရသည် ။


လွိုင်ကော်မြို့နယ်၊ဒီးမောဆိုမြို့နယ်၊မယ်စဲ့မြို့နယ်၊ ဖားဆောင်းမြို့ နယ်၊ ဘော လ ခဲမြို့နယ် နှင့် ရှားတောမြို့နယ်ရှိ သျှမ်းမိသားစုများအား ဇန်နဝါရီ ၂၉ မှ ဖေဖော်ဝါရီ ၂ ရက်နေ့ထိ ကွင်းဆင်း တွေ့ဆုံမည်ဖြစ်ကြောင်း ကယားပြည်နယ်အဖွဲ့တာဝန်ခံ စိုင်းသန့်စင် ကပြောသည် ။


“ကယားပြည်နယ်က ရ မြို့နယ်ရှိတဲ့အနက် ကျနော်တို့ ၆ မြို့နယ် သွားမယ် ကျန်တဲ့ ဖရူဆိုမြို့နယ်က သျှမ်းတိုင်းရင်းသားတွေ သိပ်မရှိဘူး၊ ပြီးတော့ ကျနော်တို့လည်း လက်လှမ်းမမှီသေးဘူး၊ ကျနော်တို့သွားတဲ့ေ နရာ တော်တော် များများကတော့ လူထုတွေ တက်ရောက်နားထောင်တာ ရာဂဏန်း ရှိပါတယ်၊ ဒါပေမယ့် ဖားဆောင်းမှာက လူထု ၂၀ ကျော်ဘဲလာတယ်”ဟု ၄င်းကပြောသည် ။


သျှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) မှ ဦးဆောင်ကျင်းပသော သျှမ်း - အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် လူထုဆန္ဒသဘောထား သိရှိနိုင်ရန်အတွက် အဖွဲ့ ၁၄ ဖွဲ့ခွဲ့ပြီး သျှမ်းပြည်နယ်အတွင်းသာမက ကချင်ပြည်နယ်၊ကယားပြည်နယ်၊စစ်ကိုင်းတိုင်း၊မန္တလေးတိုင်း တို့ကွင်းဆင်းခဲ့ကြောင်း သိရသည်။


“သူတို့ ငြိမ်းချမ်းရေး ရချင်တယ်၊ သျှမ်းတိုင်းရင်းသားနေထိုင်တဲ့ ဒေသတွေ မှာလည်း စစ်ဘေးသင့်ခဲ့တယ်၊ မငြိမ်းချမ်းတော့ အေးချမ်းတဲ့ဒေသဆီ ကို ပြောင်းရွေ့ရတယ်၊ငြိမ်းချမ်းရေး ဖော်ဆောင်တော့လည်း တချို့ဒေ သမှာ မြေယာသိမ်းတဲ့အတွက် ပြောင်းရွေ့ရတာ ရှိတယ်၊ အဲ့ဒီ အကြောင်း တွေကို လူထုတွေ တင်ပြလာတယ်၊ နောက်တိုင်းရင်းသား အခွင့်အရေး တန်းတူရဖို့အတွက်လည်း မျှော်လင့်ကြတယ်” ကယားပြည်နယ် အဖွဲ့တာဝန်ခံ စိုင်းသန့်စင် ကပြောသည်။


ကွင်းဆင်းရန်စီစဉ်ထားသည့်ထိုင်းနိုင်ငံချင်းမိုင်မြို့တွင်မူ မည်သည့်ေ န့ရက်တွင်ကျင်းပမည်ကိုမသိရသေးပေ။


ဖေဖော်ဝါရီလတွင် ကျင်းပပြုလုပ်မည့် ၂၁ ရာစု ဒုတိယအကြိမ် ပင်လုံ ညီလာခံတွင် သျှမ်း - အမျိုးသားအဆင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲအတွက် အကြိုပြင်ဆင်ခြင်းတွင် လူထုနှင့် တွေ့ဆုံချိန်တွင် ခေါင်းစဉ် ၅ ခု ရှိသော လုံခြုံရေးကဏ်ဏ္ဍ၊ နိုင်ငံရေးကဏ်ဏ္ဍ ၊ မြေယာ နှင့် သဘာဝ သယံဇာ၊ စီးပွားရေးကဏ်ဏ္ဍ နှင့် လူမှုရေးကဏ်ဏ္ဍ ဆိုသည့် ခေါင်းစဉ်များ ရှင်းလင်းတင်ပြ သွားမည်ဖြစ်ကြောင်း သိရသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates