ပင်လုံစာချုပ် ချုပ်ဆိုမှုနှင့် ကူမင်တန်ကျူးကျော်မှု သတင်းယူခဲ့သည့် သတင်းစာဆရာ ပင်လုံ ဦးစံအောင်ကွယ်လွန်



သမိုင်းဝင် ပင်လုံစာချုပ် ချုပ်ဆိုမှုနှင့် တရုတ်ဖြူ ကူမင်တန်ကျူးကျော်မှုများတွင် သတင်းသွားရောက် ရယူခဲ့သည့် ၀ါရင့် သတင်းစာဆရာ ပင်လုံဦးစံအောင်မှာ ယမန်နေ့ညက ကွယ်လွန်သွားခဲ့ပြီဟု သိရသည်။

ဓါတ်ပုံ- သတင်းစာဆရာ ပင်လုံ ဦးစံအောင်
အစ္စလာမ်ဘာသာဝင်ဖြစ်သည့်ဦးစံအောင်၏ ဈာပနအခမ်းအနား ကို ဖေဖော်ဝါရီလ ၁ ရက်နေ့က တောင်ကြီးတွင် ကျင်းပခဲ့သည်။


“ကျနော်တို့သွားတက်တယ်။ ဆရာကြီးက တကယ့်လူတော်ပါ။” - ဟု ဈာပနအခမ်းအနားတက်ရောက်ခဲ့သည့် တောင်ကြီးမြို့ခံ လူ့အခွင့်ရေး လှုပ်ရှားသူ ကိုတင်မောင်တိုးက ပြောသည်။



၁၉၄၇ ခုနစ်က ပြုလုပ်ခဲ့သည့် သမိုင်းဝင်ပင်လုံစာချုပ်လက်မှတ်ရေးထိုးရာတွင် သတင်းသွားရောက် ရယူခဲ့သည့်ဝါရင့်သတင်းစာဆရာကြီး၊ ၀ါရင့်နိုင်ငံရေး သမားကြီး ပင်လုံ ဦးစံအောင် သည် တိုင်းရင်းသားခေါင်းဆောင်များနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့အကြား ပင်လုံစာချုပ် လက်မှတ်ရေးထိုးမှုကို မြန်မာ့ အလင်းသတင်းစာသတင်းထောက်အဖြစ် သတင်းရယူတင်ဆက်ခဲ့ခြင်းဖြစ် သည်။


ဦးစံအောင်အား ၁၉၂၄ ခုနှစ် အောက်တိုဘာ ၁၄ ရက်ကတောင်ကြီးမြို့တွင်ေ မွးဖွားခဲ့ကာအသက် ၁၅ နှစ်အရွယ်က American Baptist Missionary Schoolတွင်အထက်တန်းပညာ သင်ကြားနေချိန်က မြန်မာ့အလင်းသတင်း စာသို့သတင်းများရေးသားပေးပို့ရင်းအကျိုးတော်ဆောင်သတင်းထောက်ဖြစ်လာခဲ့ခြင်းဖြစ်သည်။ ပါလီမန်ခေတ်ကလည်း သျှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၃ မှ ပါလီမန်အမတ်အဖြစ် ရွေးချယ်ခံခဲ့ရဖူးပြီး တရုတ်ဖြူကျူးကျော်မှုအပေါ် ကုလသမဂ္ဂတွင် မြန်မာအစိုးရမှ တင်ပြရာတွင် ဦးစံအောင်ကိုယ်တိုင် ကွင်းဆင်းသတင်းရယူထားသည့် ဓါတ်ပုံများကို ဦးနုအစိုးရမှ အသုံးပြုခဲ့ရသည်။





 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates