ကချင် သူနာပြု ဆရာမ ဓါးဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ခြင်းခံရ
ကချင်တိုင်းရင်းသူ သူနာပြု ဆရာမတစ်ဦးဖြစ်သူ မလိဆန်းပန်မှာ ဓါးဖြင့် အချက်ပေါင်းများ စွာ ထိုးသတ်ခံရပြီး မြစ်ကြီးနားမြို့တွင်သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၉ ရက်နေ့က မြစ်ကြီးနားမြို့ကြက်ပေါင်ခြံရှိ နေအိမ်တွင် ဓါးဖြင့် ထိုးသတ်ခံခဲ့ရခြင်းဖြစ်ပြီး သူ၏ ဆွေမျိုးများ သူမနေထိုင်သည့် အိမ်သို့ ရောက်ရှိလာချိန်တွင်အလောင်းကိုတွေ့ရှိခဲ့ခြင်းဖြစ်သည် ။
“အိမ်ထဲမှာအလောင်းတွေ့တယ် အိမ်ဘေးကလူတွေကတွေ့တာ မနေ့က ငါးနာရီလောက်မှာမနေ့က တစ်နာရီလောက်မှာ အမျိုးသားတစ်ယောက်နဲ့ အိမ်ထဲမှာရှိနေတယ် သူကအိမ်ဆိုင်မှာ ဆိုင်စောင့်ပေးတာပေါ့ ' ဟုကချင်အမျိုးသမီးအရေးလှုပ်ရှားသူတစ်ဦးက ပြောသည် ။
လတ်တစ်လောကာလအတွင်း မလိဆန်းပန် သေဆုံးမှုနှင့် ပတ်သက်၍ အဓမ္မပြုကျင့်ခံရပြီး သေဆုံးခဲ့ဖွယ်ရှိ သည် ဆိုသည့် ပြောဆိုမှုများမှာ မြစ်ကြီးနားမြို့တွင်ကျယ်ကျယ်ပြန့်ပြန် ထွက်ပေါ်နေသော်လည်း ရင်ခွဲရုံ ဆေးစစ် ချက်များအရမူ အဓမ္မပြုကျင့်ခံထားရမှုကို တွေ့ရှိရခြင်းမရှိဟု မြစ်ကြီးနားရဲစခန်းမှ တာဝန်ကျ အရာရှိတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည် ။
အဆိုပါသူနာပြုဆရာမသည် ဓားဒဏ်ရာ၁၉ချက်ဖြင့် အသတ်ခံခဲ့ရခြင်းဖြစ်ပြီး တရားခံကိုစုံစမ်းစစ်ဆေး နေဆဲဖြစ်ကြောင်းသိရသည် ။
အမှုအား ပုဒ်မ ၃၀၂ လူသတ်မှုဖြင့် အမှုဖွင့်ထားသည်ဟု သိရပြီး ယခုအမှုမှာမုဒိန်းကျင့် သတ်ဖြတ်ခံရပြီးသေ ဆုံးခဲ့သည့် မူစယ်မြို့နယ် ကောင်းခါးရွာမှ ကချင် ဆရာမနှစ်ဦး သေဆုံးခဲ့ပြီးနောက်ပိုင်း လူထုအကြား စိတ်ဝင်စား မှုမြင့်တက် လာသည့်ကချင်အမျိုးသမီးတစ်ဦး အသတ်ခံရမှုလည်းဖြစ်လာသည် ။
ကချင်သူနာပြု ဆရာမသည် ဗန်းမော်မြို့တွင် နေထိုင်သူ တဦးဖြစ်ပြီး၊ လက်ရှိတွင် မြစ်ကြီးနားရှိ ဆွေမျိုးများနှင့် အတူ လာရောက်နေထိုင်သူ တဦးဖြစ်ပြီး ယခင်က သူနာပြုဆရာမအဖြစ် လုပ်ကိုင် ခဲ့သော်လည်း လက်ရှိတွင် အန်ဂျီအို အဖွဲ့အစည်းအချို့နှင့်အ ရပ်ဘက်အဖွဲ့အစည်း များတွင်လုပ်ကိုင် လျက်ရှိသည် ။
“သူက ကျမအစ်ကိုနဲ့ ပရောဂျက်တစ်ခုထဲလုပ်တာ၊ ကျမလည်း အရမ်းဝမ်းနည်းရတယ်။ အရင်က ဒုက္ခသည်ကူညီရေးအတွက် ခရီးစဉ်တွေမှာလည်းအတူတူသူနဲ့သွားဖူးတယ်” - ဟု သမိုင်းဝင် ပင်လုံ၌ ကျင်းပမည့်ပြည်ထောင်စုနေ့ဆွေးနွေးမှုတွင် ပါဝင်ဆွေးနွေးရန် သျှမ်းပြည်ရောက်နေသည့် ကချင်တိုင်း ရင်း သူ လာရှမ်ဆိုင်းပန်က သျှမ်းသံတော်ဆင့်သို့ ပြောသည် ။
Tags: Crime, News