ပုံတူပွားယဉ်ကျေးမှု
အခုတလော ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေကို ဟိုမြို့မှာတည်တယ်၊ ဒီမြို့မှာ တည်တယ်ဆိုတာတွေ ကြားလာ ရသလို ကန့်ကွက်တာတွေ လည်း နောက် ဆက်တွဲလိုက်ပါလာတယ်။
ကျွန်တော်စဉ်းစားမိတာက တို့တတွေဟာ တစ်ခုခုဆို ပုံတူကူးတာကို သို့မဟုတ် တစ်ပုံစံထဲသွတ်သွင်းတာကို အင်မတန် ၀ါသနာပါလှချည်လားပေါ့။ အတွေးအမြင်ဆိုလည်း တစ်ခုထဲ ဖြစ်စေချင်ကြတယ်။ အသံကွဲထွက် လာရင် စည်းလုံးမှုကိုပျက်ပြားစေတယ်ဆိုတာမျိုး မြင်တတ်ကြတယ်။ တကယ်တော့ ပုံစံတူတာနဲ့ သီးခြား အမှတ်လက္ခဏာအလိုက်တည်ရှိတာ ဘယ်ဟာ ပိုလှစေ သလဲ စဉ်းစားကြည့်စမ်းပါ။ ကျွန်တော်တို့က လူ့အဖွဲ့ အစည်း ဖြစ်စေချင် တာ လား၊ စက်ရုပ်တွေ စုစည်းထားသလို ဖြစ်စေချင်တာလား။ ပုံစံတူလုပ်တာကို စည်းလုံး မှုလို့ထင်တာဟာ လွဲမှားနေတာပါပဲ ။
မကြာသေးခင်က အဖြစ်အပျက်ကိုကြည့်၊ မွန်ပြည်နယ်က တံတားကို ဗိုလ်ချုပ်ေ အာင်ဆန်း တံတားလို့ နာမည် ပေးချင်တယ်။ ကျွန်တော့်အတွက်တော့ မွန်ဘာ သာစကားနဲ့ကို ပေးစေချင်တာ။ ဒါမှသာလျှင် ကျန်ဒေသက လူတွေအ တွက် လည်း ပိုပြီး စိတ်ဝင်စားဖွယ်ရာဖြစ်စေမယ်။
ဗိုလ်ချုပ်အောင်ဆန်းတံတားဆိုတာထက် မွန်အမည်နဲ့ဆိုရင် မွန်တွေရဲ့ ယဉ်ကျေးမှုကို စိတ်ဝင်တစားမဖြစ် စေ ဘူးလား။ လူမျိုးတစ်မျိုးနဲ့တစ်မျိုး၊ ကွဲပြားတဲ့ယဉ်ကျေးမှုတွေကို သိရှိနားလည်လာစေခြင်းဟာ စုစည်းနေထိုင် ဖို့အတွက် အခြေခံမဟုတ်ပေဘူးလား။ နောက်တဘက်မှာ လည်း ဒေသခံေ တွဂုဏ်ယူဝံ့ကြွားစွာနဲ့ အမည် ပေးထားလို့ ကိုယ့်ဒေသကိုချစ်မြတ်နိုးစေတာ ပိုမကောင်းပေဘူးလား။
ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ ကျွန်တော့်အတွက် စိတ်ပျက်စေတဲ့ အကြောင်းအရာတစ်ခုရှိတယ်။ ဒါဟာ ဈေးကွက်ကနေတွန်းအားပေးတဲ့ ရိုက်ခတ်မှုကြီးတဲ့ ရေစီးကြောင်းပါ။ အမျိုးသားလက္ခဏာတွေလျော့ပါး လာစေပါတယ်။ အ၀တ်အစား၊ အစားအသောက်၊ ဗိသုကာလက်ရာစသဖြင့် အစုံစုံပါပဲ။
ကျွန်တော်တို့ဝတ်နေကြတာတွေဟာ ရန်ကုန်မှာလည်း ဒီအတိုင်းပဲ၊ ဘန်ကောက်မှာလည်း ဒီပုံစံပဲ၊ လန်ဒန်၊ ၀ါရှင်တန်၊ နယူးဒေလီ၊ ဘေဂျင်း၊ ရီယို ဒီ ဂျီနယို၊ ကိပ်တောင်း၊ ကန်ဘဲရာ၊ ၀ယ်လင်တန် စသဖြင့် နေရာစုံမှာ လည်း တစ်ပုံစံထဲတွေချည်း တိုးပွားလွှမ်းလာပါတော့တယ်။ ရန်ကုန်မှာနေတဲ့ ကျွန်တော့်အတွက် ရှမ်းပြည် ကို သွားလည်တဲ့အခါ ဗမာအစားအစာထက် ရှမ်းရိုးရာအစားအစာကိုစားသောက်ဖို့ ပိုစိတ်ဝင်စားပါတယ်။
မွန်ပြည်နယ်သွားလည်ပတ်တဲ့အခါ မွန်စာပေါ့။ ဒါပေမယ့် ကူးသန်းမှုများ လာ တာနဲ့အမျှ ထိုင်းဆိုင်၊ တရုတ်ဆိုင် စသဖြင့် ဘယ်သွားသွားတွေ့ တဲ့အစား အသောက်တွေကိုက ရိုးရာအစားတွေထက် ရှေ့တန်းပိုရောက် လာပါ တယ်။ ဟိုတုံးက တစ်ဒေသနဲ့တစ်ဒေသမတူတဲ့ ဗိသုကာလက်ရာတွေ တွေ့ခဲ့ကြရပါ တယ်။
အခုနောက်ပိုင်းတော့ ဘယ်နေရာရယ်လို့သာမပြောရင် မကွဲပြားတော့ တဲ့တူညီ မှုတွေ ပိုကြုံလာနေကြရပါတယ်။ အဲသလိုတွေဖြစ်လေ သီးခြားလက္ခဏာတွေ ကျွန်တော့်အတွက် ပိုမြင်တွေ့ချင် စိတ်တွေ ပေါ်လာလေပါပဲ။ ရှားပါးမှုက တန်ဖိုးတက်စေတယ် မဟုတ်ပါလား။
နိုင်ငံခြားက အသိမိတ်ဆွေတွေလာလည်တဲ့အခါ စစ်တမ်းလိုမျိုး ကျွန်တော်ေ ကာက်လေ့ရှိတာက ခြုံပြောရရင် ဘယ်နေရာတွေကို အလည်အပတ် လုပ်ချင် ကြ လဲ။ ဘယ်လိုခံစားမှုဖြစ်လဲဆိုတာပါ။ သူတို့သဘောကျတဲ့ အထဲ မှာ ပုဂံက ထိပ်ဆုံးနေရာကပါပါတယ်။ ရွှေတိဂုံနဲ့ ကျိုက်ထီးရိုးတို့ဟာလည်း စိတ်ဝင်စား မှုမြင့်တတ်ကြ ပါတယ်။ ပြီးရင်တော့ မြို့ပြနဲ့အလှမ်းဝေးတဲ့ စိမ်းစိုသာယာတဲ့ ရှု့ခင်းရှိတဲ့ တောင်တန်းဒေသတွေ၊ ပင်လယ်ကမ်းခြေတွေ ပါဝင်ပါတယ်။
ဒါပေမယ့် ပွင့်ပွင့်လင်းလင်းဖြေလာတဲ့အခါ ဒေသခံခရီးသွားတွေ အသွားများတဲ့ အနယ်နယ် အရပ်ရပ်က ဘုရားစုံဖူးတာလိုဟာမျိုး သူတို့အတွက်တော့ ဘုရား ဆိုတာ အတူတူပဲမို့လို့ ငြီးငွေ့လာပါတယ်တဲ့။ ဒေသခံတွေအနေနဲ့ ဘုရားစုံ ဖူးတယ်ဆိုတာ ကုသိုလ်ပြုတယ်ဆိုတာနဲ့ ဆက်စပ်နေတာဖြစ်ပေမယ့် တစ်ပါး သား တွေက ဒေသန္တရဗဟုသုတ၊ ယဉ်ကျေးမှုကွဲပြားတာ၊ သီးခြားလက္ခဏာ၊ လူနေမှုကွဲပြားတာကို သိချင်မြင် လိုကြ တာမဟုတ်လား။ အဲဒီတော့ Golden Land ဆိုပြီး ပုံတူပွားမလားဆိုတာ စဉ်းစားဖို့ပါ။ ကျွန်တော်တို့အချင်းချင်း အကြားလည်း စာနာမှုနဲ့ စဉ်းစားတတ်ကြဖို့ပါ။
ဗိုလ်ချုပ်ကြေးရုပ်တွေ လိုက်တည်မယ့်အစား သက်ဆိုင်ရာ တိုင်းရင်းသားေ ဒသတွေမှာ တိုင်းရင်းသားတွေ ရွေး ချယ်တဲ့ တိုင်းရင်းသားခေါင်းေ ဆာင်ရုပ် တုတွေတည်ကြရင်မကောင်းဘူးလား။ ရန်ကုန်မှာနေတဲ့ ဗမာဖြစ်တဲ့ ကျွန်တော့် အတွက် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ပတ်သက်ပြီး ပိုသိရှိနားလည်မှု မဖြစ်နိုင်ဘူးလား။ ရှမ်းပြည် နယ်သွားလည်လို့ “ရှမ်းစကားလေးတော့ သင်ချင် တယ်” ဖြစ်တာမကောင်းဘူးလား။
ချင်းပြည်နယ်မှာ ချင်းလူမျိုး တွေရဲ့ရိုးရာဓလေ့ကို လေ့လာစေချင်တဲ့စိတ်ဖြစ်တာ မကောင်းဘူးလား။
ကျွန်တော်တို့က ပုံတူပွားတယ်၊ ဆင်တူယိုးမှားပြုတာ နိုင်ငံရေးတင်မကဘဲ တစ်ခြားသော ကဏ္ဍတွေမှာ လည်း ပြုတတ်ကြပါတယ်။ ရွှေတိဂုံဘုရား ဆင်တူတွေ လိုက်တည်တယ်။
သက်ဆိုင်ရာဒေသခံတွေ ကိုးကွယ်ယုံကြည်တဲ့ ဘာသာတရားရဲ့ အထိမ်းအမှတ်တွေ၊ သီးခြားဗိသုကာလက်ရာနဲ့ တွေ့ရတာ စိတ်ဝင်စားစရာမဟုတ်ဘူးလား။
နိုင်ငံစည်းလုံးမှုဆိုတာ စိတ်တွေနဲ့နှောင်ဖွဲ့ထားတာဆိုတော့ စိတ်မပါဘဲ အတင်းလုပ်ယူလို့ကော သာယာတဲ့စည်းလုံးမှုဟုတ်ပါ့ မလား။
ရေရှည်ခိုင်မြဲပါ့မလား.......
ကလောင်- စိန်ဝင်း
Tags: Opinion