မူးယစ်ဆေးဝါးပြဿနာ ပူးတွဲဖြေရှင်းရန် ကျောက်မဲမြို့နယ် ဒေသအတွင်း သံဃာတော်ဦးဆောင်
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ အနောက်တောင်ဘက် ကျေးရွာများဘက် ၌ ဒေသခံအကြီး အကဲ များ၊ ရပ်ရွာလူထုများ နှင့် လက်နက်ကိုင်အဖွဲ့ အစည်း များ အား မူးယစ်ဆေးဝါးပြဿနာ ပူးပေါင်း ဖြေရှင်းရန် ဒေသတွင်း သံယာတော်များမှ ဦးဆောင်ကာ သဘောတူညီမှုအချို့ရယူခဲ့ကြောင်း သိရှိရသည် ။
ဓါတ်ပုံ- Sao On |
“မူးယစ်ဆေးဝါးပြဿနာက တမျိုးသားလုံးလူညွှန့်သုဉ်းစေတယ်။ မူးယစ်ဆေး သုံးမိရင် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ အမျိုးသားရေး စတဲ့အရေးတကာ့ အရေးတွေ ဆုတ်ယုတ်လာတယ်။ မိသားစုပြို ကွဲစေ တယ်။ ဒါ့ကြောင့် စုပေါင်းတိုက်ဖျက်ဖို့ လုပ်ကြတာ။” - ဟု ဆရာတော်ဘုရား အရှင်ဆေကိန္တ က မိန့်တော်မူသည် ။
အဆိုပါတွေ့ဆုံအဖြေရှာပွဲတွင် သဘောတူညီမှု သုံးချက်ရရှိသည်ဟုဆိုသည်။ ၁။ မူးယစ်ဆေးဝါး ပြဿ နာ စုပေါင်းဖြေရှင်းမည့်အကြောင်း တက်ရောက်သူ အားလုံးသဘောတူလက်မှတ်ရေးထိုးထားမည် ၂။ လက်မှတ်မထိုးဘဲ မူး ယစ်ဆေးဝါးနှင့်ပတ်သက်ဆက်နွယ်သူတိုင်း အမျိုးသားသစ္စာဖေါက် အဖြစ် သတ် မှတ်မည်၊ ၃။ မူးယစ်းဝါးပြဿနာများအား စုပေါင်းဖြေရှင်း တိုက်ဖျက် မည် စသဖြင့် သဘောတူ ဆုံးဖြတ် ကြသည်ဟု သိရသည် ။
“သဘောတူညီချက်ကိုချိုးမယ်၊ မူးယစ်ဆေးဝါးသုံးစွဲမယ်၊ ရောင်းဝယ်ဖေါက် ကားမယ် ဆိုရင် ဆိုင်အာဏာပိုင်တွေ ဆီဖမ်းဆီးအပ်နှံမယ်။ သျှမ်းပြည် တပ် မတော်ဘက်ကလဲ လက်တွဲ ပူးပေါင်း ဆောင်ရွက်မယ်လို့ ပြောတယ်။ အလုပ် ကြမ်းနဲ့ ထောင်ဒဏ်ပေးမယ်။ အကျင့်စာရိတ္တကောင်းမွန်လာရင် စစ်ပညာ သင်ကြားပေး ပြီး စစ်မှုထမ်းစေမယ် တဲ့ ” - ဟု အဆိုပါ အစည်းအဝေး တက်ရောက်သည့် (ဦး)စိုင်းဆန်မောင်း က ပြောသည် ။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၉-၃၁ ရက်နေ့ကလည်း သံယာတော်များ ရပ်ရွာအကြီး အကဲ များ စုပေါင်းကာ ငြိမ်းချမ်းရေးဆိုင်ရာ မူးယစ်ဆေးဝါး ဆိုင်ရာ ပညာပေးေ ဟာပြော ပွဲ ပြုလုပ်စဉ် လူထု ၂၀၀၀ ခန့် တက်ရောက်သည် ။
လွတ်တော်အမတ်တဦး၏ပြောပြချက်အရ လက်ရှိ သျှမ်းပြည်အတွင်း မြို့နေ၊ ကျေးရွာနေ လူများအများ အပြားသည် မူးယစ်ဆေးဝါးသုံးစွဲေ နကြေ ကြာင်း၊ လဲချားမြို့ကျေးရွာတခုတွင် အသက် ၁၂ ရွယ် မိန်းခ လေးပင် မူးယစ်ဆေးဝါး သုံးစွဲနေကြောင်း၊ ယခင်က ယာမ တပြား ကျပ်သုံးထောင်၊ ယခု တထောင် ကျပ် ယာမ သုံးပြား - ၄ ပြား အထိ ဖေါဖေါ သီသီ ရောင်းဝယ်ေ နကြကြောင်း၊ အာဏာပိုင်များကလဲ မသိကျိုးကျွန်ပြုနေကြကြောင်း၊ ဒီ့အတွက်လူထုလူတန်းစားလုံး သံဃာ ရဟန်းမကျန် ပူးတွဲပါဝင် တိုက်ဖျက်သင့်ကြောင်း ပြောသည် ။
Tags: Drug, News