မြန်မာပြည်မြေပုံ လက်ရှိအရွယ်လောက် ဖြစ်လာဖို့ အရေးပါခဲ့တဲ့ ရှမ်းပြည် အမျိုးသားနေ့



အမှန်တော့ အောင်မြင်ခဲ့တဲ့ ပင်လုံ ညီလာခံဟာ ဒုတိယ အကြိမ်မြောက် ညီလာခံသာ ဖြစ်ပါတယ်။ ဖေဖေဖော်ဝါရီလ ရ ရက်နေ့ရှမ်းအမျိုးသားနေ့      ( သို့မဟုတ် ) ရှမ်းပြည်အမျိုးသားနေ့ က မြန်မာပြည်မြေပုံ ဒီလို အရွယ် အစားဖြစ်လာဖို့နဲ့ ပင်လုံစာချုပ်ချုပ်ဆိုဖို့ အတွက် အများကြီးအရေးပါတာကို သိထားသူ စာရေးသူလို ရှမ်းမျိုးနွယ်စုတယောက်အနေနဲ့ လည်းဝမ်းနည်း ၀မ်းသာဖြစ်ရပါတယ်။


ဝမ်းသာတယ်ဆိုတာ ၁၉၄၇ ခုနစ် ဖေဖော်ဝါရီလ ရ ရက်နေ့က ရှမ်းတွေရဲ့ ညီညွတ်မှုကြောင့် ပဲ မြန်မာနိုင်ငံဟာ တောင်တန်းပြည်မ မခွဲခြားပဲ အင်္ဂလိပ်ေ တွဆီ က လွတ်လပ်ရေးရဖို့ အခြေနေကောင်း သွားခဲ့ပါတယ်။


ဝမ်းနည်းစရာကအဲဒီ ဖေဖော်ဝါရီလ ရ ရက်နေ့နဲ့ ဆက်စပ်နေတဲ့ ပင်လုံ စာချုပ် ချုပ်ဆိုတဲ့နေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ဗမာခေါင်းဆောင်တွေ နဲ့ အတူလက်မှတ်ရေးထိုးခဲ့တဲ့ ရှမ်း၊ ကချင် ၊ ချင်း တိုင်းရင်းသားတွေအနေ နဲ့ စာချုပ်ပါ အခွင့်အရေးတွေ တိုင်းရင်းသား တန်းတူအခွင့်ရေးတွေ ခံစားခွင့်မရပဲ ဆုံးရှုံးခဲ့ရလို့ ဖြစ်ပါတယ်။ အင်္ဂလိပ်မတိုင်ခင် နိုင်ငံတည်ရှိမှုကိုကြည့်မယ်ဆိုရင် ပဒေသရာဇ်ခေတ်တလျှောက် မြို့ပြနိုင်ငံတွေ ၊ ဘုရင့်နိုင်ငံတွေပေါ်ထွန်းခဲ့ပေ မဲ့တိုင်းပြည်မှာရှိတဲ့ မျိုးနွယ်စုတွေအားလုံးစုစည်းညီညွတ်စွာနဲ့တည်ဆောက် ခဲ့တာဆိုလို ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ခဲ့ တဲ့ပင်လုံစာချုပ်နဲ့ပေါ်ပေါက် လာတဲ့ နိုင်ငံပဲ ရှိခဲ့တယ်ဆိုတာ သမိုင်းကိုပြန်ကြည့်ရင် အလွယ် တကူ တွေ့ နိုင်ပါတယ်။


ပင်လုံစာချုပ်ချုပ်ဆိုမှုနဲ့ ဆက်စပ်နေတဲ့ ရှမ်းအမျိုးသားနေ့ကဘာကြောင့် အရေးပါ သလဲဆိုရင် အဲဒီ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာတည်ဆောက်နိုင်ခဲ့တဲ့ ရှမ်းညီညွတ်ရေးကြောင့် ပဲ တောင်တန်းပြည်မ မခွဲခြားနိုင်တော့ပဲ အင်္ဂလိပ် က မြန်မာနိုင်ငံကိုလွတ်လပ်ရေးပေးလိုက်ရတာဖြစ်ပါတယ်။ ဒုတိယ ပင်လုံ ညီလာခံဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗြိတိသျှနန်းရင်းဝန် အက်တလီတို့အကြား ချုပ်ဆိုခဲ့တဲ့ အောင်ဆန်း - အက်တလီ စာချုပ်ကြောင့် ပေါ်ပေါက်လာတာဖြစ် ပါတယ်။ အောင်ဆန်း အက်တလီ စာချုပ် အပိုဒ် ၈ မှာ ခြွင်းချန်ထားသော နယ်စပ်ဒေသနေလူမျိုးများနဲ့  ပြည်မက ပြည်သူတွေ ဟာလွတ် လပ် စွာ ကူးလူး ဆက်ဆံနိုင်ဖို့ ၊ ပင်လုံ ( သို့မဟုတ် ) အခြား ကွန်ဖရင့် တစ်ခုမှာ ကြားဖြတ် အစိုးရကာလ နယ်ခြားဒေသများအနေနဲ့ ပြည်မအစိုးရနဲ့ ဘယ်လို ပူးပေါင်းဆောင် ရွက်နိုင်တယ် ဆိုတာနဲ့ ပတ်သက်လို့ တောင်တန်းသားတွေရဲ့ ဆန္ဒ သဘောထားကို မေးမြန်းဖို့ ၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေသစ်ရေး ဆွဲတဲ့အခါ တောင်တန်းသားတွေ ပါဝင်နိုင်ရန် ဆန္ဒ ရှိ၊ မရှိ စုံစမ်းရေးကော်မတီ ဖွဲ့ဖို့ ဆိုတဲ့ အချက်တွေပါပါတယ်။


အင်္ဂလိပ်ခေတ်မှာ ပြည်နယ်အဆင့် သတ်မှတ်ထားတာဆိုလို့ ရှမ်းပြည်တပြည် နယ် ထဲ ရှိပါတယ်။ကချင် ၊ ချင်း စတဲ့ ဒေသတွေက ဗမာပြည်မထဲမရှိပေမဲ့ သီးခြားပြည်နယ် အဆင့် မရှိပါဘူး။အင်္ဂလိပ်တွေသိမ်းပြီး နောက်ပဒေသရာဇ် စော်ဘွားတွေရဲ့ အုပ်ချုပ်ရေး ခေတ် ကိုပြန်ကြည့်မယ်ဆိုရင် အင်္ဂလိပ်ကော်မရှင်နာက အထက်မှာရှိသလို သူ့ရဲ့အောက်မှာ နယ်ပိုင် ဝန်ထောက်တွေလည်း ရှိပါတယ်။ အဲဒီအောက်မှာ မှာ စော်ဘွားတွေအုပ်ချုပ်တဲ့ ရှမ်းနယ် ၃၃ နယ်ရှိတာပါ။ ဒုတိယ ကမ္ဘာစစ်မတိုင်မှီအထိFederate Shan State ဥပဒေနဲ့ အင်္ဂလိပ်က ပြည်မက ဗမာတွေနဲ့ ရှမ်းပြည်နယ်ကိုခွဲခြားအုပ်ချုပ်ခဲ့ပါတယ်။ ဒါကလည်း ပြည်မနဲ့ မျိုးနွယ်စု ပထဝီအရကွာခြားတယ်။ သူ့အုပ်ချုပ်ရေးနဲ့သူ ရှိတယ်။ အင်္ဂလိပ်ကိုခုခံတော်လှန်တဲ့ တော်လှန်ရေး ကြီးကြီး မားမား မရှိခဲ့ဘူးဆိုတဲ့အယူအဆကြောင့်ဖြစ်နိုင်သလို သွေးခွဲထားလိုတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။


စော်ဘွားတွေအနေနဲ့ မိမိရဲ့ အုပ်ချုပ်ရတဲ့ နယ်ပယ်ပိုင်နက်ပေါ်မူတည်ပြီး အခွန်တော်ကို ၁၅ ရာခိုင် နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိကောက်ခံခွင့် လည်းရပါ တယ်။ လုပ်ပိုင်ခွင့်တွေလည်း ရပါတယ်။စော်ဘွားတွေမှာ သူတို့ ထိန်းချုပ် ထားတဲ့ ရဲလို လက်နက်ကိုင်အဖွဲ့တွေလည်း ရှိပါတယ်။ ဒါပေမဲ့  ရှမ်းပြည် သူတွေရဲ့ ဘဝက အဲဒီခေတ်ကာလကလည်း တိုးတက်မှုမရှိပါဘူး။ခေတ်မှီ တိုးတက်တဲ့ အမြင်ရှိပြီး ဒေသခံ တွေကို ကောင်းစားလိုစိတ် ရှိတဲ့စော်ဘွား အနည်းငယ်ကလွဲလို့ ကျန်စော်ဘွားတွေ ပဒေသရာဇ်တွေရဲ့ အာဏာယစ်မူး တဲ့စိတ်နဲ့ မှားယွင်း စီမံခန့်ခွဲမှုတွေကြောင့်ပဲ အဲဒီအချိန်ကာလ ကလည်း ရှမ်းပြည် က အောက်ကျနောက်ကျ ဖြစ်နေခဲ့ရပါတယ်။


ဒါ့အပြင်စော်ဘွားတွေအနေနဲ့ ဒေသခံတွေကိုဖိနှိပ်ချုပ်ချယ် တာတွေလည်း ရှိခဲ့ပါတယ်။ ဘာသာရေး ၊ သာရေးနာရေးအသင်းတွေမှအပ အခြားလူထု လူ တန်းစား အသင်းအဖွဲ့များ ထူထောင်ခွင့်လည်း မရခဲ့ပါ။


အင်္ဂလိပ်အစိုးရကလည်း ပြည်မက အမျိုးသားရေးနဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေက ရှမ်းပြည်နယ် ဘက်ကို ကူးစက်လာခဲ့မှာ စိုးရိမ်တာကြောင့်ဒုတိယကမ္ဘစစ် မတိုင်ခင်အထိ ပြည်မက နိုင်ငံရေး သမားတွေ သခင် လူငယ်တွေအနေနဲ့ ရှမ်းပြည်ဘက်ကို လာလို့ မရခဲ့ပါဘူး။ ရောက်လာ ခဲ့ရင်လည်း နယ်ခြားကို ၂၄ နာရီအတွင်း နယ်နှင်ဒဏ်အပေးခံရမှာဖြစ်သလို နိုင်ငံရေးနိုးကြား တက်ကြွတဲ့ ရှမ်းတိုင်းရင်း သား တွေ အဖို့တော့ နယ်နှင်ဒဏ်မှ သေဒဏ်အထိ အပြစ်ပေးနိုင် တဲ့ရှမ်းပြည် ဥပဒေ ပုဒ်မ (၁၀) က ထိန်းချုပ်ထားပါတယ်။


နယ်ချဲ့အင်္ဂလိပ်ကမိမိနယ်ချဲ့စနစ်တည်မြဲဖို့အတွက်တမင်တကာဖိနှိပ်ချုပ်ချယ်ခဲ့သလို ၊ရှမ်းပဒေသရာဇ်စော်ဘွားတွေကလည်း ပဒေသရာဇ်ကံကျွေးချစနစ် တည်မြဲဖို့အတွက်ဖိနှိပ်ချုပ်ချယ်ခဲ့တဲ့ သဘောပါ။ စော်ဘွားတွေ အနေနဲ့ အခွန်ငွေမှ ၁၅ရာခိုင်နှုန်းကို လစာအဖြစ်ရတဲ့အပြင် အခြား လောင်းကစားခွန် ဘိန်းခွန်လိုအခွန်တွေလည်းရပါသေးတယ်။ နယ်ချဲ့အင်္ဂလိပ်တွေကတော့ ကစားဝိုင်း၊ဘိန်း ၊ အရက်တို့နဲ့ ရှမ်းတွေကို အညွှန့်တုံးစေခြင်းအားဖြင့် နယ်ချဲ့ ဆန့်ကျင်ရေးစိတ်ကို လမ်းလွှဲစေခဲ့ပါတယ်။ ခြုံငုံပြောရမယ်ဆိုရင် အင်္ဂလိပ် အစိုးရလက် ထောက်က ရှမ်းပြည်အနေနဲ့ လုပ်ပိုင်ခွင့်တွေရပေမဲ့စော်ဘွားတွေ က ဒီမိုကရေစီနည်းကျ ရွေးချယ် ထားတဲ့ လူထုခေါင်းဆောင်တွေမဖြစ်ပဲ သားစဉ်မြေးဆက် ပဒေသရာဇ်တွေသာ ဖြစ်ခဲ့တဲ့အတွက် ရှမ်းပြည်အတွင်း ကပြည်သူတွေ အနေနဲ့ ဗမာပြည်မက ပြည်သူတွေနည်းတူ ဖိနှိပ်ခံနင်းပြား ဘဝ မှာပဲရှိနေခဲ့ တာပါ။ ပြည်မကို ဒိုင်အာခီ အုပ်ချုပ်ရေး တိုးမြှင့် ပေးတော့လည်း ရှမ်းပြည်ကို မတိုး တက် သေးတဲ့ နယ်တစ်ခုအဖြစ် အင်္ဂလိပ်တွေ က စော်ဘွားတွေနဲ့ လက်ဝါးချင်းရိုက်ပြီး ချန်ထားခဲ့ပါတယ်။ စော်ဘွားတွေရဲ့ ဒဏ်ကိုမခံနိုင်လို့ ပအိုဝ်း အပါဝင်မျိုးနွယ်စု အချို့က အင်္ဂလိပ်ခေတ်မှာတော်လှန်တာတွေရှိ ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ရှမ်းပြည်မှာ ဒုတိယ ကမ္ဘာစစ်မဖြစ်ပွားမှီ အချိန်ကာလ အထိလူထုလှုပ်ရှားမှုတွေမရှိခဲ့ပေမဲ့ ရန်ကုန်ကို ကျောင်းသွား တက်တဲ့ကျောင်း သားတွေက တဆင့် ရှမ်းပညာတတ်လူငယ်တွေအကြား မှာနိုင် ငံရေးနိုးကြား မှုတွေ ရှိလာခဲ့ပါတယ်။ အဲဒီအထဲမှာ ဦးထွန်းမြင့် ၊ဦးတင်အေး၊ ဦးဘဇံ ၊ ဦးရွှေအုန်းတို့လို ရှမ်းကျောင်းသား တွေပင်လုံစာချုပ်မှာ လူထုကိုယ်စားလှယ် အဖြစ် လက်မှတ်ထိုးခဲ့သူတွေပါ သလိုအာဇာနည်ခေါင်းဆောင် ဖြစ်လာမဲ့ မိုင်းပွန်စော်ဘွား စဝ်စံထွန်းလိုပုဂ္ဂိုလ်တွေပါပါ ၀င်ခဲ့ပါတယ်။ သူတို့တွေရဲ့ နိုင်ငံ ရေး နိုးကြားမှုတွေကတဆင့် ၊ ဦးဆောင်မှုတွေက လွတ်လပ်ရေး သမိုင်းမှာ အရေးပါခဲ့ပါ တယ်။ရှမ်းမျိုးချစ် လူငယ်တွေ နိုင်ငံရေးနိုးကြားတက်ကြွသူတွေရဲ့ ဦးဆောင်မှုနဲ့ပဲ ရှမ်းနိုင်ငံရေး လှုပ်ရှားမှုသမိုင်း မှာ အရေးပါတဲ့ရှမ်းပြည် လွတ် လပ်ရေးအဖွဲ့ချုပ် ရလပ ကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။အဲဒီပုဂ္ဂိုလ်တွဟာ သခင်အောင်ဆန်း အပါဝင် ပြည်မက နိုင်ငံရေးသမား တွေနဲ့လည်း မကြာခဏေ ဆွးနွေးမှုတွေပြုလုပ် ခဲ့ပါတယ်။ ကမ္ဘာစစ်အပြီး အင်္ဂလိပ်ပြန်ရောက် လာချိန် မှာ စော်ဘွားတွေရဲ့ အာဏာတွေကို ကန့်သတ်မှုတွေ လုပ်လာခဲ့ပါတယ်။ ၁၉၂၂ ကတည်းက တဖြည်းဖြည်းကန့်သတ်ခဲ့လာရာကနေ ပိုပြီး ကန့်သတ်လာတဲ့ သဘောပါ။ ဒါကို စော်ဘွားတွေထဲမှာ သဘောမကျတဲ့ လူတွေလည်း ရှိလာပါတယ်။


၁၉၄၆ ခုနစ် မတ်လမှာ အင်္ဂလိပ်လက်ချက်နဲ့ရှမ်းစော်ဘွားတွေရဲ့ ပထမအကြိမ် ညီလာခံကို ကျင်းပ ခဲ့ပါ တယ်။ ဗမာပြည်မကိုအုပ်ချုပ်တိုးမြင့်ပေးရမဲ့ အခြေနေရောက်နေချိန်မှာ မတော်တဆ ဗမာ ပြည်မကိုဒိုမီနီယံ အုပ်ချုပ်ရေး တိုးမြင့်ပေးရသည်ရှိသော် တောင်တန်းဒေသများဟာ တာဝန်ခံ အုပ်ချုပ်ရေး လက်ခံနိုင်လောက် အောင် နိုင်ငံရေးတိုးတက်မှုမရှိသေး၍ဆိုပြီး ချန်လှပ်ဖို့ ရည်ရွယ် ချက်နဲ့ အင်္ဂလိပ်နဲ့ နီးစပ်တဲ့ စော်ဘွားတွေ က ကျင်းပ ခဲ့တာပါ။ ရှမ်းစော်ဘွားအပြင် ၊ ကချင် ဒူဝါတွေ ချင်းထောင်အုပ်တွေလည်း ညီလာခံ တက်ခဲ့ပါတယ်။ အဲဒီညီလာခံမှာ ဗမာပြည်မက အကြီးအကဲတွေဖြစ်တဲ့ ဗိုလ်ချုပ် အောင် ဆန်း ၊ ဦးဘဖေ ၊ ဦးစောတို့ကို ဧည့်သည် အဖြစ်တက်ဖို့ ဖိတ်ခဲ့ပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းမတက်ဖြစ်ခဲ့ပါဘူး။ဖဆပလမှာ အဲဒီတုန်းက ဘာတာဝန်မှ မရှိသေးတဲ့ သခင်နု နဲ့ မန်းဘခိုင် ၊ဦးဘဂျမ်း၊ ဦးဖေခင်တို့သာ တက်ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ အင်္ဂလိပ်အစိုးရက ကြိုတင်လက်ဝါးချင်း ရိုက်ခဲ့တာကြောင့် သခင်နု ၊ မန်းဘခိုင်တို့ရဲ့ ဖဆပလ ကအလုပ် မဖြစ်ခဲ့ပဲ ဦးစော ရဲ့ ဒိုမီနီယံ သာအသံတွေ ထွက်လာခဲ့သလိုစော်ဘွားအသင်းဥက္ကဌ ခွန်ပန်းစိန်ကလည်း ဗမာပြည်မကို ဒိုမီနီယံပေးရင်မရှေးမနှောင်းမှာပဲ ဒိုမီနီယံလိုချင်တယ်လို့ အသံထွက်ခဲ့ပါတယ်။


အင်္ဂလိပ်သံပတ် ပေးထားတဲ့အတိုင်း ဗမာပြည်မနဲ့ မပူးပေါင်းလို ဆိုတဲ့ အသံတွေပဲထွက်ခဲ့ပါတယ်။ ဖဆပလရဲ့ အဲဒီအရေးမလှမှုဟာ အင်္ဂလန် ကိုသွားပြီး ဗိုလ်ချုပ်အောင်ဆန်းလွတ်လပ်ရေး သွားတောင်းတဲ့ အချိန်အထိ ဖဆပလ ကို အခက်တွေ့စေခဲ့တာပါ။


ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေးတောင်းတော့ အင်္ဂလိပ်က ဗမာ ပြည်မကိုလွတ်လပ်ရေးပေး မယ်။ နယ်စပ်တွေမှာ နေထိုင်တဲ့ တိုင်းရင်းသားတွေက ဗမာတွေနဲ့အတူ လွတ်လပ်ရေးအတူတူ ယူချင် မယူချင်ဆိုတာ သူတို့အပေါ်ပဲ မူတည်တယ်။ဆိုပြီးပြောလာပါတယ်။ အင်္ဂလိပ်နဲ့ နီးတဲ့ စော်ဘွားအချို့က လန်ဒန်ရောက်နေတဲ့ဗိုလ်ချုပ်အောင်ဆန်းဟာ သူတို့ တိုင်းရင်းသားတွေကို ကိုယ်စားမပြုဘူးဆိုပြီးတော့လည်း ကြေးနန်းစာ ပေးပို့ထားခဲ့ပါတယ်။


အဲဒီမှာဗိုလ်ချုပ်အောင်ဆန်းအနေနဲ့ တိုင်းရင်းသားတွေနဲ့ ဆွေးနွေး ဖို့ဖြစ်လာခဲ့ တာပါ။  ဒုတိယ ပင်လုံညီလာခံ မတိုင်ခင် အခြေနေကို ကြည့်မယ် ဆိုရင် စော် ဘွားတွေအနေနဲ့ အင်္ဂလိပ်ရဲ့ အာဏာကန့်သတ်မှု များလာပြီး ကမ္ဘောဇ ပဒေသရာဒ်ကောင်စီမှာ ၀င်စွက်တာ မကြိုက်ကြပါဘူး။ ဒါပေမဲ့ ဗမာနဲ့ ပေါင်း ဖို့လည်း အစီစဉ်မရှိပါ။ ၉.၁၁. ၁၉၄၆ နေ့စွဲနဲ့  စော်ဘွားတွေ အဆိုပြုပေး ဖို့ ထားတဲ့ စာမှာဆိုရင် အမှတ် (၄) မှာ ရှမ်း ၊ ကချင် ၊ ချင်း ပြည်ထောင်စု ဖွဲ့စည်းရေး ကိစ္စဟာ ဗမာပြည်မနဲ့ ပေါင်းဖို့ မဟုတ်ပဲ သီးခြားပြည်ထောင်စု ဖွဲ့စည်းဖို့ ဖြစ်ပါတယ်။ အမှတ် (၉) ကတော့ စော်ဘွားတစ်ဝက် လူထု တဝက် ပါတဲ့ ရှမ်းပြည် ပါလီမန်ဖွဲ့စည်းဖို့ ကိစ္စဖြစ်ပါတယ်။ ဒီအချက်နဲ့ ပတ်သ က်ပြီး တောင်ကြီး ဦးထွန်းမြင့်က ' စော်ဘွားတွေထဲမှာ တိုးတက်တဲ့ အယူအဆရှိတဲ့ စော်ဘွားရှိသလို ၊ သမရိုးကျအတိုင်း ခေတ်နောက်ပြန်ဆွဲနေ တဲ့ စော်ဘွားလည်း ရှိနေတယ်ဆိုတာ သေချာပါတယ်။ ' လို့ သူ့ရဲ့ ရှမ်းနိုင်ငံရေး သမားတစ်ယောက် အုပ်တစ်ချပ် သဲတပွင့်စာအုပ်မှာ ဖော်ပြ ထားပါတယ်။


ဗမာပြည်မအနေနဲ့ လွတ်လပ်ရေး ရယူဖို့ စိုင်းပြင်းလာချိန်မှာပဲ မတူညီတဲ့ ဥပဒေတွေနဲ့ အုပ်ချုပ် ထားတဲ့ ချင်း ၊ ကချင် ၊ရှမ်း ၊ ဗမာနဲ့ အင်္ဂလိပ်တွေဆွေးနွေး တဲ့ ဒုတိယ ပင်လုံညီလာခံ ဆိုတာ ကျင်းပဖို့ ဖြစ်လာပါတယ်။


ဗိုလ်ချုပ်အောင်ဆန်း အနေနဲ့ ပင်လုံ မလာခင် ရှမ်းမြောက် နမ့်ဖက်ကာမှာ ဆမားဒူဝါး ဆင်ဝါး နောင် အပါ အဝင် ကချင်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့ရပြီး ကချင်ပြည်နယ် သတ်မှတ်ပေးဖို့ ကတိပြုခဲ့ရပါတယ်။ တကယ်တော့ ဒုတိယ ပင်လုံညီလာခံဟာ အင်္ဂလိပ်ကပဲ စီစဉ်ပေးတာပါပဲ။ ဗိုလ်ချုပ်အောင်ဆန်း ကိုတောင် လေ့လာသူအဖြစ်ပဲ ဖိတ်ထားခဲ့တာပါ။ ဒါကြောင့်လည်း ဗိုလ်ချုပ် အောင်ဆန်းအနေနဲ့  ၁၉၄၇ ဖေဖော်ဝါရီ ၆ ရက်နဲ့ ရရက်နေ့တွေက ပင်လုံမှာ ကျင်းပနေတဲ့ ရှမ်းနဲ့ ကချင် ညီလာခံ နဲ့ ရှမ်း ၊ကချင် ၊ ချင်း ညီလာခံ ကို မတက်ပဲ တောင်ကြီးကနေ ရှေ့ပြေး ညီလာခံ တွေရဲ့ အခြေနေကို စောင့်နေ ခဲ့ရတာဖြစ်ပါ တယ်။အခြေနေ ကတော့ ညီလာခံ အစပိုင်းမှာ အင်္ဂလိပ်က အသာစီးရနေပါတယ်။ တိုးတက်အမြင် ရှိတဲ့ စဝ်ရွှေသိုက် ၊ -စဝ်စံထွန်းတို့ လိုစော်ဘွား အချို့ကလွှဲလို့ ကျန်စော်ဘွားတော်တော် များများကအင်္ဂလိပ်အလိုကျဆိုတဲ့ အနေထားမှာ ရှိနေခဲ့တာပါ။


ဒါပေမဲ့ စော်ဘွားတော်တော်များများဟာ ရှမ်းပါလီမန်မှာ လွှတ်တော်ကိုယ်စား လှယ်တွေကို ပြည်သူ့ဆန္ဒနဲ့ ရွေးဖို့ဆိုတဲ့အယူအဆမျိုးကို ဖေဖော်ဝါရီ ၅ ရက်နေ့က နယ်စပ်ဒေသ အုပ်ချုပ်ရေး ညွှန်ကြားရေးဝန်ကို ပေးပို့ခဲ့ပြီးဖြစ်ပါ တယ်။ ဒါပေမဲ့ အဲဒီတုန်းက ဘုရင်ခံဟာ အင်္ဂလန်ကို ပြန်နေ တဲ့အတွက်  ဘုရင်ခံ ပြန်လာမှ ဆုံးဖြတ်နိုင်မယ်လို့ နယ်ခြားဝန်က စော်ဘွားတွေဆီကို အကြောင်း ပြန်ခဲ့ပါတယ်။ အဲမှာ တိုးတက်တဲ့ အယူအဆရှိတဲ့ စော်ဘွားတွေ ပျာယာခတ်နေချိန်မှာ ရပလ ခေါင်းဆောင်တွေက ' စော်ဘွားတွေရဲ့ နောက်မှာ လူထုမရှိတဲ့အတွက် စော်ဘွားတွေကို အင်္ဂလိပ်က ပြန်အကြပ်ကိုင်တာဖြစ် တယ်။ လူထုခေတ်ဖြစ်ပြီဖြစ်တဲ့အတွက် အင်္ဂလိပ်လွှမ်းမိုး မှုများတဲ့ ကမ္ဘောဇ ပဒေသရာဇ် အသင်းကို ဖျက်ချင်းရင် လူထုနည်းနဲ့ ဖျက်မှရမယ်လို့ အကြံပေးတဲ့အတွက် လူထုနည်းနဲ့ တောင်းဆိုဖို့ သဘောတူကြတာဖြစ်ပါတယ်။ ပင်လုံမှာ ညီလာခံနဲ့အတူ ပွဲတော်လည်း ကျင်းပနေတဲ့အတွက် လူထုကို စည်းရုံးဖို့လည်း သိပ်မခက်ခဲ့ပါဘူး။


တစ်ချိန်တည်းမှာဗမာပြည်မနဲ့ အတူ လွတ်လပ်ရေးမယူ၊ တောင်တန်းဒေသကို ချန်ထားမယ်ဆိုတဲ့ အနေအထားဖြစ်လာခဲ့တဲ့ အချိန်လက်ရှိစနစ်လိုပဲဆက်သွားမယ်ဆိုတဲ့အခါမှာ ရှမ်းပြည်နယ် အတွင်းမှာ ရှိတဲ့တိုင်းရင်းသားတွေအနေနဲ့ ဒီအတိုင်းထိုင်မနေတော့ပဲ လူထုလှုပ်ရှားမှုတွေကို တပြိုင်နက် ပြုလုပ် ခဲ့ကြပါတယ်။  အဲဒီအခြေနေမှာ နဂို အင်္ဂလိပ်နဲ့ လက်ဝါးချင်းရိုက်ခဲ့တဲ့စော်ဘွား အချို့လည်း ထပ်မံ ပြီး အင်္ဂလိပ်နဲ့ လက်ချင်းဆက်ဖို့ ခက်လာခဲ့တဲ့အခြေနေအထိ ရောက်လာ ခဲ့တာပါ။ ပြည်နယ်အနှံ့မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီလူထုလှုပ်ရှားမှာ ရှမ်းတွေအပြင် ရှမ်းပြည်နယ်အတွင်း မှာ နေထိုင်ကြတဲ့ပအိုဝ်း ၊ ဓနု ၊ ပလောင် ၊ ကချင် စတဲ့ တိုင်းရင်းသားပေါင်းစုံပါပါဝင်ခဲ့တာပါ။


အဲဒါကြောင့်ပဲ  ဗြိတိသျှကော်မရှင်နာဦးဆောင်တဲ့ရှမ်းပြည်ထောင်စုကောင်စီ ဖျက်သိမ်းဖို့ ဖြစ်လာခဲ့ပြီး  ပလောင် ၊ရှမ်းပအိုဝ်း ၊ ဓနုစတဲ့ စော်ဘွားပေါင်းစုံပါဝင် တဲ့ ရှမ်းစဝ်လုံဖများနဲ့ လူထုကိုယ်စားလှယ်ပါဝင်တဲ့ ရှမ်းပြည်ကောင် စီ ပေါ်ေ ပါက် ဖို့ လမ်းစ ပေါ်လာခဲ့ တာဖြစ် ပါ တယ်။


လူထုကိုယ်စားလှယ် ရ ဦးနဲ့ စော်ဘွား ရ ဦးပါဝင်တဲ့ အဲဒီကောင်စီက အဖွဲ့ဝင်တွေအားလုံးဟာ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးသူတွေဖြစ်လာပါ တယ်။ အဲဒီနေ့မှာပဲ ရှမ်း ၊ ကချင် ၊ ချင်း စသည့် ဗမာပြည်မနဲ့ အုပ်ချုပ်မှု မတူညီသော ဒေသအားလုံး ပူးပေါင်းပြီး Supreme Council of The United Hill People ကို ဖွဲ့စည်းနိုင်ပြီး လွတ်လပ်ရေးအရယူဖို့ လွတ်လပ်တဲ့ မြန် မာနိုင်ငံမှာ ရှမ်း၊ ကချင် ၊ ချင်းနယ်မြေတွေပါလာဖို့ ဖြစ်လာခဲ့ပါတယ်။
 အဲဒီကောင်စီပေါ်ပေါက်လာတာနဲ့လူထုလှုပ်ရှားမှုတွေကြောင့်ပဲ အင်္ဂလိပ်နဲ့ အင်္ဂလိပ်လိုလားသူ စော်ဘွားအချို့ဟာ အိုးစားကွဲခဲ့ရ တာဖြစ်ပြီး တောင်ကြီး ကနေ ရန်ကုန်ပြန်မလိုတောင်ဖြစ်နေပြီး  ရင်တမမနဲ့ စောင့်နေခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကလည်း ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ပင်လုံကို အရောက်လာနိုင်ခဲ့ တာဖြစ်ပါ တယ်။  အဲဒီနောက် ဆက်ဆွေးနွေးကြရင်း ရက်ပိုင်းအတွင်းပင်လုံ စာချုပ်ချုပ်ဆိုကြဆိုတဲ့ အခြေနေကို ရောက်သွားခဲ့ပါတယ်။


တနည်းအားဖြင့် ပင်လုံညီလာခံအနေနဲ့ ရလာဒ်ကောင်းရလာခဲ့တာတွေ က ဖေဖော်ဝါရီလ ရရက်နေ့မှာ စတင်ခဲ့တဲ့ ရှမ်းပြည် အတွင်း က လူထု လှုပ်ရှားမှုကြောင့်လည်းဖြစ်ပါတယ်။ တကယ် လို့ ၁၉၄၇ ခုနစ် ဖေဖော်ဝါရီလ ၇ ရက်နေ့ကရှမ်းပြည်အတွင်း ဖြစ်ပွားခဲ့တဲ့ လူထု လှုပ်ရှားမှုတွေသာ မဖြစ်ခဲ့ရင်မြန် မာပြည်မြေပုံအနေနဲ့ အခုလောက်ရှိပါတော့မလား ဆိုတာ တွေး ဆစရာပါ။


ဒါ့အပြင်ပြည်နယ်အဆင့်ရပြီး ဖက်ဒရယ်မူအခြေခံတွေကို ကျင့်သုံးဖူးတဲ့ ရှမ်းတွေအားကိုးနဲ့ လာခဲ့ တဲ့ ကချင် ၊ ချင်း စတဲ့ ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့မျိုးနွယ်စုတွေနဲ့ နယ်မြေတွေကလည်း ဘယ်လို ဆက်ဖြစ်မယ် ဆိုတာ စဉ်းစားသင့်တဲ့အရာလို့ ဆိုချင်ပါတယ်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates